Unicode..
"အား!"
ခြံထဲမှ နွေ၏ အော်သံကြောင့် မိုင်ရိုစ်သည် လုပ်လက်စအလုပ်တို့ကို ပစ်ချပြီး ခြံထဲ ပြေးဆင်းလာသည်။
ရောက်သည့်အခါ နွေသည် နှင်းဆီပန်းပင်တွေ၏ နားတွင် ထိုင်လျက်လဲနေပြီး လက်နှစ်ဖက်ဖြင့် ခြေထောက်ကို ဖိထားသည်။မိုင်ရိုစ်လည်း စိုးရိမ်တကြီးဖြင့် နွေလက်ပေါ်ကို ယောင်ယမ်း ထပ်ကိုင်ရင်း..
" အန်တီ ဘာဖြစ်တာလဲ ..?"
"အ!"
မိုင်ရိုစ်က စိုးရိမ်တကြီးကိုင်လိုက်သောကြောင့် ခြေထောက်ကို ဖိမိသွားဟန်တူသည်။မျက်နှာလေးသည် ဖြူစုတ်နေပြီး ရှုံ့မဲ့သွားသည်။နှင်းဆီဖူးလို နှုတ်ခမ်းနှစ်လွှာသည် ခပ်ဟဟလေး ပွင့်လာပြီး ညည်းညူသံသေးသေးလေး ထွက်လာသည်။
" အင့်.. ခြေထောက်ခေါက်သွားလို့.."
" ဟုတ်ပြီ ဆေးထည့်ပေးမယ်"
ထိုသို့ပြောပြီး နွေ့ကို ကောက်ပွေ့လိုက်သည်။နွေမှာ လန့်သွားပြီး.
" ဟင် ဘာလုပ်တာလဲ အောက်ချပေး လမ်းလျှောက်နိုင်တယ်.."
မိုင်ရိုစ်မျက်နှာသည် နွေ့မျက်နှာနား တဖြည်းဖြည်းကပ်လာကာ..
" ဟုတ်လို့လား ထိလိုက်တာနဲ့ နာနေတာကို.."
နွေမှာ မိုင်ရိုစ်၏ နီးကပ်လာသော မျက်နှာကြောင့် ဘာမှ ပင်ပြန်မပြောနိုင်ပဲ ပြူးကြောင်ကြောင်လေး ကြည့်နေသည်။
" ဟက်.."
မိုင်ရိုစ် တစ်ချက်ရယ်လိုက်ပြီး ကိုယ်လုံးသေးသေးလေးကို မကာ အိမ်ထဲ ဝင်လာလိုက်သည်။ထို့နောက် ဧည့်ခန်းက ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်ပြီး သူက အခန်းထဲဝင်သွားသည်။ပြန်ထွက်လာတော့ ရေဇလုံတစ်ခုနှင့်အတူ တဘက်အသေးလေးကို ယူလာသည်။
နွေမှာ ဖိနပ်က စီးလျက်သားဖြစ်နေပြီး ချွတ်လည်း မချွတ်မိ။မိုင်ရိုစ်သည် နွေ၏ ဖိနပ်တို့ကို ဂရုတစိုက်ချွတ်ပေးကာ ခြေထောက်ကို ရေဇလုံထဲကို ထည့်ပြီး တဘက်နှင့် တယုတယသုတ်ပေးနေသည်။နွေမှာ ရုန်းချင်သော်လည်း သန်မာသည့် လက်တို့ဖြင့် ဆုပ်ကိုင်ထားသောကြောင့် ရုန်း၍ မသာခဲ့ပေ။ပြောရင်လည်း ရမည်မဟုတ်တာ သိနေသဖြင့် နွေ ငြိမ်ပြီးသာ နေလိုက်သည်။
![](https://img.wattpad.com/cover/359441200-288-k78422.jpg)
YOU ARE READING