Social mediaဆိုတဲ့ နေရာလေး ကနေစခဲ့တယ်။
Hi ဆိုတဲ့နှုတ်ဆက်စကားလေး အစ ပြုလ်ို့
အစ်မ ကို ကျွန်မ သိခဲ့ပါတယ်။ကျွန်မက facebook သိပ်မသုံးဘူး။
ဘာလို့လည်း ဆိုတော့ fbဆိုတာ ကျွန်မအတွက်
ပျင်းစရာသိပ်ကောင်းတယ်လေ။
လိုင်းပေါ်မှာရှိလည်း chat boxမှာ ကျွန်မနဲ့
စကားစမြည်ပြောမည့် သူ တစ်ယောက်မှမှမရှိပဲ။ဒါပေမယ့်အဲ့ဒီနေ့ကတော့ ကျွန်မ အကောင့်ကို
စာတစ်စောင်ရောက်လာခဲ့တယ်။
လိုင်းပေါ်မှာ မီးစိမ်းနေတဲ့ ကျွန်မ အကောင့်
လေးထံသို့. ."Hi ✉️"
ကျွန် မ စာကိုတွေ့တာနဲ့ တုံ့ဆိုင်းမူမရှိချက်ချင်း
စာပြန်လိုက်တယ်။" Hi ☺️"
သူ့ဘက်ကနေ Typဆိုတဲ့ အရာလေး မြင်
နေရတယ်။သူ ဘာဆက်ပြောဖို့ကြိုးစားနေပါလိမ့်။
ကျွန်မ လိူင်း မပိတ်သေးပဲ သူစကားဆက်ပြော
မှာကိုစောင့်နေလိုက်တယ်။" မင်း ကို ခင်လို့ရမလား"
"ဟုတ် ရပါတယ် . . .✉️☺️"
အို ရပါတယ်တဲ့လား တစ်ဖက်လူက မည်သူမည်၀ါ
မှန်းမသိပဲနဲ့တောင်လေ။ဘာဖြစ်လည်း ဒီလိုပဲ လိုင်းပေါ်မှာလူတွေ မိတ်ဆွေ
ဖွဲ့ ကြတယ်မလား။ အထူးသဖြင့်ဖေ့ဘွတ်စ်လို
နေရာမျိူးမှာပေါ့။ကျွန်မ တွေးရင်း သူ့ဆီက ထပ်ပို့လာမယ့်
စာ လေးကိုမျှော်နေမိတယ်။ဒါပေမယ့် ဆယ့်ငါးမိနစ် ကြာသွားသည်အထိသူ့
ဘက်က စာထပ် မပို့လာခဲ့ဘူး၊ အဲ့တာ နဲ့ကျွန်မ
လည်း သူ့အကောင့်ထဲကို ၀င်ကြည့်ဖ်ို့အတွက်
view profileကိုနှိပ်လိုက်တော့တယ်။သူ့ အကောင့်မှာတင်ထားတဲ့ပုံကိုသေချာကြည့်
မိတော့ သူက သိပ်ချစ်ဖို့ကောင်းတာပဲ။
၀ိုင်း၀ိုင်းစက်စက် မျက်လုံးလေးတွေနှင့် အပြုံးလှလှ
လေး။ တစ်ကယ့်ကိုမှချစ်စရာလေးပဲ။ကျွန်မ ဆက်ပြီး သူ့ wallတစ်ခုလုံးကို စတင်မွှေ
နှောက်မိတော့တယ်။သူက ခွေး ချစ်တတ်တာပဲ၊
အမယ် သူ့အချစ်တော်ခွေးလေး နာမည်က ကုမား
ဆိုပါလား။ လူရောခွေးရော ချစ်စရာလေးတွေပဲ။
![](https://img.wattpad.com/cover/359542454-288-k187245.jpg)
YOU ARE READING
The moon
Fanfictionအစ်မ သိလား၊ ကျွန်မ က အစ်မကိုလေ ဆယ်နှစ်မကဘူး၊ နှစ်ပေါင်းတစ်ထောင်ကြာသွားရင်တောင် မှတ်မိနေမှာ. .