Part 4

180 21 7
                                    

"အဲ့တာဘယ်သူလည်း အစ်မဂျန်းနီ"

"ဒီတိုင်းသူငယ်ချင်းပါလီလီရဲ့"

" ကျွန်မကို မလိမ်ပါနဲ့အခုလို Mentထားတာက
သူငယ်ချင်းတဲ့လား
သူငယ်ချင်းတွေကအဲ့ဒီလို အသည်းပုံတွေဘာတွေနဲ့
ပြောကြ ဆက်ဆံ ကြသတဲ့လား"

"ကျစ်"

အစ်မ ဟာစုပ်တစ်ချက်သပ်လိုက်တယ်။
ပြီးတဲ့နောက် ကျွန်မ ကိုစိတ်မရှည်သည့်လေသံ ဖြင့်

" မရစ်စမ်းနဲ့ ချာတိတ်"

ချာတိတ်ဆိုတာ သူ ကျွန်မ ကိုစိတ်မရှည်တော့သည့်
အခါတိုင်းသုံးနေကျအသုံးအနှုန်းပေါ့. .

" ရစ်နေတာမဟုတ်ဘူး ရှင်းအောင်မေးနေတာ
အစ်မနဲ့သူက ဘာတွေလည်း
အဲ့ဒီကောင် က ဘယ်ကလည်း"

"သူငယ်ချင်းပါလို့ပြောပြီး​​ ​ပြီလေ"

"ကျွန်မ မယုံဘူး"

"မယုံလဲနေတော့ စိတ်တွေရူပ်လာပြီ . .
ဒါပဲ . ."

အစ် မ လိုင်းပေါ်ကနေဆင်းသွားပြန်တယ်။
ကျွန် မ အမေးတွေကိုတိကျတဲ့အဖြေ မပေးသွားပဲနဲ့
လေ။ ကျွန်မ မှားသွားသလား။ အပြစ်လုပ်တာ
အစ်မ ဂျန်းနီလေ၊ ဒါပေမယ့် ဘာဖြစ်လို့ကျွန်မ
အမှားပုံစံ ဖြစ်သွားရတာလည်း။

ကျွန်မနေနိုင်ခဲ့ဘူး၊ အဲ့ဒီလူကဘယ်သူလည်း
ဆ်ုတာကျွန်မသိချင်မ်ိတယ်၊ဒါကြောင့်မလို့အစ်မ
ဂျန်းနီရဲ့ postတွေမှာ ရှိတဲ့reactတွေ ကိုလိုက်ကြည့်
မိတယ်၊ အဲ့ဒီမှာ အဲ့ဒီကောင်ရဲ့ love reactတွေ
ကို တောက်လျောက်တွေ့ရတော့တာပဲ။

ကျွန်မ ရင်ထဲပူလောင်လာခဲ့တယ်၊ ၀မ်းနည်းစ်ိတ်
ဟာတစ်မျိူး၊ စိုးရိမ် စ်တ်ဟာတစ်မျိူး ၊ ဒေါသစိတ်
တို့ဟာတစ်မျိူး အမျိုးမျိုးဖြစ်နေခဲ့တာပေါ့။

ကျွန်မ နောက်တော့ဆုံးဖြတ်ချက်တစ်ခုချလိုက်
တယ်၊ အဲ့ဒီကောင်ရဲ့ messengerမှာ သွား
မေး မယ် လို့။

" တောင်"✉️

"Hi"

"Hiပါခင်ဗျ"

"စကားလေးနည်းနည်းပြောချင်လို့ရမလား"

"ဟုတ်ကဲ့ပြောပါ"

" jennierubyjane ဆိုတဲ့အကောင့်ပိုင်ရှင်ကို
သိတယ်မို့လား"

"သေချာတာပေါ့ ဘာဖြစ်လို့လည်းညီမ"

The moonWhere stories live. Discover now