Part 6

232 20 0
                                    

" အစ်မ ဒီနေ့ ဘယ်သွားခဲ့တာလည်း"

"ဘုရားကျောင်းတစ်ခုကိုပါ လီလီရဲ့"

"ပုံထဲကလူကရော ဘယ်သူလည်း"

"အော် သူ က လိုင်းပေါ်မှာပဲခင်တဲ့မိတ်ဆွေလေ
အမှတ်မထင်ဘုရားကျောင်းမှာတွေ့တာ"

" ကြည့်ရတာအရမ်းရင်းနှီးတဲ့ပုံပဲနော်"

"လီလီထင်လို့ပါ သာမန်မိတ်ဆွေတွေပါပဲ"

"ကောင်းပါ ပြီ"

ကျွန်မ အစ်မစကားဆို တစ်ခွန်းတည်းနဲ့ယုံပေး
ခဲ့ပါတယ်။ ပုံထဲကလူနဲ့အစ်မ လက်ချိတ်ပြီး
အတူတူပုံတွဲရိုက်ထားတာကိုလည်း ကျွန်မ
မြင်ပါတယ်။ အစ်မကိုမေးရင် ရိုးရိုးသားသားပဲလို့
ဖြေမှာ လည်းကြိုသိပါတယ်။ အစ်မအမှန်အတိုင်း
ပြောလာမယ့်အခွင့်အရေးကိုကျွန်မ ပေးခဲ့ပါသေးတယ်။

အစ်မဘာပဲ ပြောပြောကျွန်မ မျက်စိမှိတ် ပြီးယုံခဲ့
ပါတယ်။ အစ်မ ထွင်သမျှ ရေးသမျှဇာတ်လမ်း
တွေကိုပေါ့။

တစ်နေ့တုန်းက အစ်မ ၀မ်းနည်းနေတဲ့ပုံပေါ်
ပါတယ်။ ကျွန်မ ကို ရင်ဖွင့်ရှာတယ်။

" လီ လီ က တစ်ဦးတည်းသောသမီး ဆိုတော့
အဖေ အမေတို့က တုန်နေအောင်ချစ်ကြမှာပဲ
နော်"

"ချစ်တာပေါ့ လီလီဖြစ်ချင်တာအားလုံး ဖေဖေ
မေမေတို့ကခွင့်ပြုထားပြီး အလို
လိုက်ထားတာ "

"ကံကောင်းလိုက်တာ လီလီရယ် တို့ မင်းကိုသိပ်
အားကျတာပဲ. . ဟူး. ."

ဖုန်းထဲကနေ အစ်မ ဂျန်းနီ သက်ပြင်းချတာကို
ကြားလိုက်ရတော့ ကျွန်မ သိပ်ကို၀မ်းနည်းမိသွား
တယ်။ အစ်မ ကို အစ်မ မိသားစု က ဂရုမစိုက်
ကြတာလား။ နိုင်ငံရပ်ခြားမှာ အစ်မ တစ်ယောက်
တည်းရှင်သန်ရုန်းကန်နေရတာ ။ အစ်မ အထီးကျန်
နေမှာပဲ၊ အစ်မလည်းနွေးထွေးတဲ့မိသားစုဘ၀
ကိုလိုချင်ရှာမှာပဲလေ။ ကျွန်မ တွေးပြီးအစ်မအတွက်
စိတ်မကောင်းဖြစ်မိတယ်။

" အစ်မ အတွက် လီလီရှိတယ်နော်. .
အစ်မ လိုအပ်တဲ့အချိန်တိုင်း လီလီ့ကိုသတိရလိုက်
လီလီတို့မိုင်ထောင်ချီ​ေ၀းနေတယ်ဆိုပေမယ့် စိတ်
ချင်းသာ နီးစပ်နေရင်  ဘယ်လို တောင်တွေခြား
ခြား၊ ဘယ်လောက်ကျယ်တဲ့ သမုဒ္ဒရာပဲ ဖြတ်
ရ ဖြတ်ရ အစ်မဆီကို လီလီတစ်နေ့ရောက်
အောင်လာမှာ"

The moonWhere stories live. Discover now