Part 9

178 17 2
                                    

လီလီဖတ်ဖူးတဲ့ စာအုပ်ထဲ က အကြိုက်ဆုံး
စာသားလေးအတိုင်းပေါ့။

" သူ မချစ်နိုင်မှန်းသိတဲ့အခါ အသည်းတစ်ခြမ်းဟာကွဲရတယ်တဲ့ ကိုယ်မစွန့်လွှတ်နိင်မှန်းသိတဲ့အခါနောက် အသည်းတစ်ခြမ်းပါကွဲရတယ်တဲ့"

အစ်မ ဂျန်းနီ ရယ် နှစ်တွေ ကြာခဲ့ ပြီဆိုပေမယ့်
ဒဏ်ရာတွေဟာမနေ့တစ်နေ့က လိုပဲ လီလီ့ရင်ထဲမှာ
တစ်ဆစ်ဆစ်နဲ့ကိုက်ခဲလှပါတယ်။

ကျွန်မ ​အတွက်မဟုတ်တဲ့ အစ်မရဲ့အပြုံးကို အကြိမ်
ကြိမ် မြင်ဖူးပေမယ့်လည်း ဒီပုံထဲက အစ်မရဲ့ အပြုံး
ကိုတော့ ပထမဦးဆုံးတွေ့ မြင်ခြင်းပါ။ ထိုအမျိုး
သားရဲ့လက်မောင်းကို ချိတ်တွယ်ထား ရင်း တောက်
ပစွာ ပြုံးနေတဲ့ အစ်မ ဟာ တစ်ချိန်က ကျွန်မ ကို
သိပ်ချစ်တယ် လို့ ပြောခဲ့ဖူးပါသတဲ့။

ဘယ်လိုအင်အားမျိုးနဲ့မှ အစ်မ ဂျန်းနီရဲ့ Wallထဲ
ကို ဆက်ပြီး မကြည့်နိုင်တော့လို့ ကျွန်မ ဖုန်း ကိုပိတ်
ချလိုက်တော့တယ်။ ကြည့်လက်စ စာကိုလည်း
ဆက်ကြည့်ဖို့ စိတ်မပါတော့ဘူး။

ကျွန်မ မျက်ရည် တွေစီးကျလာတယ်။
အဆင်ပြေမယ်လို့ထင်ထားခဲ့တာလေ။ ဒီလို ဖြစ်မယ်
မှန်းသိလို့ ကြိုတင် ပြင်ဆင်ထားခဲ့ ဖူးတာပဲ။
လက်တွေ့ကျတော့ ခံနိုင်ရည်မရှိ။ ပြိုလဲရတာပါပဲလား။

အခန်းထောင့်မှာ ကွေးကွေးလေးထိုင် နေရင်း
အစ်မ အကြောင်းကိုတွေးနေမိတယ်။
သူ ပြောဖူးပါတယ်။ သာယာတဲ့မိသားစုလေး တစ်ခု
လိုချင်ကြောင်း။ အင်းပေါ့လေ။ အစ်မ ဂျန်းနီက
အမျိုးသမီးတစ်ယောက်ပဲ။ အမျိုးကောင်းသား
တစ်ယောက်ကိုပဲ အားကိုးမှာပေါ့။
အစ်မ လည်း မိခင်တစ်ယောက်ဖြစ်ဖ်ု့ ထိုက်တန်တယ်
လေ။ ပျော့ညံ့ တဲ့ကျွန်မ လိုမိန်းမ သားတစ်
ယောက်ကို မရွေးချယ်တာ အစ်မ မမှားပါဘူး။

" လီလီ မင်း တစ်ယောက်တည်း အပြင်တွေ
မသွားစမ်းနဲ့ "

" ဘာဖြစ်လို့လည်း အစ်မ ရယ် လီလီ့မှာအဖော်မှ
မရှိပဲ"

" မင်း ကိုစိတ်ပူလို့ပြောနေတာ .  . တ်ို့စကားကို
နားမထောင်ချင်လည်းသဘောပဲ "

The moonWhere stories live. Discover now