Part 2

178 15 2
                                    

အစ်မ က အနီရောင်မကြိုက်ဘူးတဲ့။
အနက်ရောင်ကို ကြိုက်တာတဲ့၊
အဲ့ဒီအချိန်က စလို့ ကျွန်မ ကြိုက်တဲ့အ၀ါ
ရောင်တွေအစား အနက်ရောင်ကိုပဲ ပြောင်းလည်း
၀တ်ဆင်ဖြစ်တယ်။

တစ်နေ့တာဘာတွေလုပ်ခဲ့တယ် ၊ဘာတွေစားခဲ့
တယ်ဆိုတာကအစ အစ်မကို ကျွန်မ ပြောပြ
ဖြစ်တယ်။

အစ်မကလည်း ကျွန်မ နည်းတူ သူ့ရဲ့တစ်နေ့
တာ အကြောင်းကို ပြောပြလေ့ရှိတယ်။

"အစ်မ ကျောင်းမှာအဆင်ပြေရဲ့လား"

"ပြေပါတယ် လီလီရဲ့ . .လီလီရောဒီနေ့ဘာ
တွေလုပ်လည်း"

"အထွေအထူးတော့မလုပ်ပါဘူးအစ်မရယ်
ခါတိုင်းလိုပဲ အိပ်လိုက်စားလိုက်ပေါ့"

အစ်မအကြောင်းပဲတစ်နေကုန် ထ်ိုင်တွေး
ဖြစ်တယ်လို့ ကျွန်မ မပြောဖြစ်ခဲ့ဘူး။

"အစ်မ ဂျန်းနီ. . "

"ပြောလေ လီလီ"

"ဒီနေ့၀တ်ထားတဲ့ အညိုရောင် Dressလေးနဲ့
အစ်မ အရမ်းလိုက်တယ်"

"ကျေးဇူးပဲ လီလီ"

"အစ်မ ညစာကိုမကျော်ပြစ် နဲ့ပုံမှန်စားနော်
ဗ်ုက်အောင့်လိမ့်မယ်"

အလုပ်များလို့ ၊စာတွေများလို့ဆိုကာ ညစာမစားပဲ
နေတတ်သည့် အစ်မရဲ့အကျင့်တစ်ခုကိုအစ်မ
ပြောပြဖူးလိူ့ ကျွန်မ သိတယ်။

"လီလီက တို့ကို စိတ်ပူတာလား"

"ပူတာပေါ့အစ်မရဲ့
အစ်မက လီလီ့ရဲ့အခင်ဆုံးသူငယ်ချင်းပဲလေ"

" သူငယ်ချငိးပဲလား လီလီရဲ့အဲ့ ဒီထက်မပိုတော့
ဘုးလား"

"ဘုရားရေ အစ်မက ဘာကိုဆိုလိုချင်တာလည်း"

ထိုစာကိုမြင်တော့ကျွန်မရဲ့အာခေါင်က ရုတ်တရက်
ခြောက်လာသလိုပဲ ၊ ဒါကြောင့် အစ်မဂျန်းနီနဲ့
Chatting ထိုင်လျက်ကပင် ရေ ထသောက်
လိုက်တယ်။

အစ်မ ဂျန်းနီနဲ့လီလီ တို့ နေ့တိုင်းလ်ုလ်ူလိုင်းပေါ်မှာ
စကားပြောဖြစ်လာတာအခုတော့ တစ်လ ပြည့်
ပြီ။ အစ်မ ကလည်း ကျွန်မကို သူ့ရဲ့သူငယ်ချင်း
တစ်ယောက်လိုသဘောထားပြီး သူ့အကြောင်းတွေကို
ပြောပြလေ့ရှိတယ်။
အစ်မ က ချမ်းသာတယ် တစ်ဦးတည်းသောသမီးတဲ့
နိုင်ငံ ခြားမှာငယ်ငယ်ကတည်းက ကျောင်းသွားတက်
ခဲ့တာ လို့ပြောတယ်၊ အစ်မကအခုတော့တစ်ယောက်
တည်းပဲနေတယ်တဲ့။

The moonWhere stories live. Discover now