Part5

173 19 0
                                    

အချိန် တစ်လကြာသွားပြီ။ ကျွန်မနဲ့အစ်မဂျန်းနီ
တို့လမ်းခွဲခဲ့တာ တစ်လကြာသွားခဲ့ပြီ။

ကျွန်မ ကိုအစ်မ blockသွားခဲ့ ပြီးတဲ့ နောက်
တစ်ပတ်လောက်အကြာမှာ အစ်မ ဂျန်းနီက ကျွန်မ
ကို blockပြန်ဖြေပေးခဲ့တယ်။
လူအများဖြစ်နေကျအတိုင်းပဲပေါ့ ကျွန်မ အစ်မရဲ့
wallထဲကို မသိမသာ နေ့တိုင်းလိုလို ခိုးကြည့်
နေခဲ့တာ။

အစ်မ ကပုံတွေတင်တယ်၊တစ်နေ့တာသူအလုပ်လုပ်
တာ သွားလာလှုက်ရှား နေတာတွေကို postတင်
တယ်။ ကျွန်မ ခိူးပြီးပဲ ကြည့်နေခဲ့ပါတယ်။

ကျွန်မ အစ်မကိုလေ တစ်နေ့မှမေ့တဲ့အချိန်မရှိခဲ့ဘူး။
လေလှိုင်းထဲကတွေ့တယ်​ဆိုပေမယ့် သံ​ေယာဇဥ်
နက်နက်နဲနဲတွယ်ခဲ့မိပါတယ်။

အစ်မက ကျွန်မအပေါ်ရက်စက်ခဲ့ပေမယ့် ကျွန်မ
သူ့ကိုလေတစ်ခါတစ်လေ သနားမိတယ်။
အစ်မဂျန်းနီတစ်ခါပြောဖူးတယ် သူက broken
familyကလာတာတဲ့။

သူ့အမေတွေအဖေတွေက တစ်နေရာစီနေကြသတဲ့။
အဲ့ဒီလိုကြတော့လည်း သူက သနားဖို့​ကောင်းပြန်ရော။
ဘယ်လောက်ထိ သံယောဇဥ်ငတ်ခဲ့ ပြီးအထီးကျန်ခဲ့
မလည်းဆိုတာ ကျွန်မ ဖြင့်မတွေးရဲခဲ့ဘူး။
သူ့ဘ၀လေးကို ကျွန်မက အဖော်ပြုပေးခဲ့ချင်ယုံတင်ပါ။

သူ ပျော်ရွှင်တာကိုကျွန်မ မြင်ချင်ခဲ့ယုံလေးတင်ပါ။

ခဏလေးတွေ့ ခဏလေးအတွင်းချစ်တဲ့အချစ်
မလို့ သူ တန်ဖိုးမထားခဲ့ပေမယ့် ကျွန်မကတော့
အစ်မကို အရာအားလုံးထပ်ပိုပြီးတန်ဖိူးထားခဲ့
ပါတယ်။

အစ်မက နိုင်ငံရပ်ခြားမှာနေတယ်၊ ကျွန်မနဲ့အ​ေ၀း
ကြီးမှာပေါ့၊ မိဘဆွေမျိူးတွေမရှိဘူး၊တစ်ယောက်
တည်းရုန်းကန်လှုပ်ရှားနေရတယ်၊ အဲ့ဒီအသိနဲ့တင်
ကျွန်မ သူ့ကိုမုန်းဖို့ မဖြစ်နိုင်ခဲ့ဘူး၊
ရည်းစားများတာ ဟာ သူအထီးကျန်လွန်းလို့
ဖြစ်မှာပါလို့ဖြည့်တွေးခဲ့ပါတယ်။

အဲ့ဒီလိူနဲ့ ကျွန်မ သူ ပြန်အလာကိုစောင့်နေခဲ့မိပါ
တယ်။

ဒီ လိုနဲ့တစ်ရက်မှာပေါ.၊
အချိန်ကြာကြာတိတ်ဆိတ်နေခဲ့တဲ့ ကျွန်မရဲ့
Cbလေးက နေ အသံထွက်လာတယ်။

The moonWhere stories live. Discover now