Part 7

193 18 4
                                    

"လီလီ . ."

အစ် မဂျန်းနီဆီက စာရောက်လာတာပဲ။တစ်ကယ့်ကို
ကျွန်မ ခန့်မှန်းထားသလို ကျွန်မ တင်ခဲ့တဲ့post​
ကြောင့် အစ်မ ဂျန်းနီ ကျွန်မဆီ ဆက်သွယ်လာခဲ့တယ်။

"အစ်မ အစ်မ ဂျန်းနီ ပျောက်လှချည်လားအစ်မ
ရယ် လီလီ့ကိုပစ်ထားရက်တယ်နော်"

" လီလီ မင်း အက်ဆီးဒင့်ဖြစ်လို့ဆို"

"ဟူတ်တယ်"

"မင်း ညာနေတာ"

"ဘယ်လို အစ်မ ဘယ်လိုပြောရက်တာလည်း"

ညာနေတာတဲ့။ ဟုတ်ပါတယ် လီီလီညာခဲ့တာ။
ညာတယ်ဆိုတာလည်း အစ်မကိုသတိရလွန်းလိူ့
စိတ်ပူလွန်းလိူ့ပါ။ အစ်မများပြန်ပေါ်လာမလားဆိုတဲ့
မျှော်လင့်ချက်နဲ ရူးရူးမိုက်မိုက် လီလီ ညာမိတာ။

မထင်ထားဘူး ။အစ်မအခုလိုပြောရက်လိမ့်မယ့်လို့။
စိတ်ပူမယ့်အစား ညာတာတဲ့လားအစ်မရယ်။
အဲ့ဒီစကားတစ်ခွန်းနဲ့တင် လီလီ့အပေါ်ဘယ်လို
သဘောထားလည်းဆိုတာ သိခဲ့ပါတယ် အစ်မဂျန်းနီ
ရယ်။

" အစ်မ ကိုစောင့်နေတာ"

" မင်း တော်တော်ရူးတာပဲ ဒီလောက်အကြာကြီး
မဆက်သွယ်တာ ကို တောင်သဘောမပေါက်ဘူး"

လီလီသဘောပေါက်ပါတယ်။ ဘာလိူ့သဘောပေါက်
မလွယ်ရမလည်း ကွယ်။ အစ်မကိုချစ်တဲ့စိတ်တစ်
ခုတည်းနဲ့ စိတ်ပူတာကလွဲပြီး ကျန်တာကိုမတွေးချင်
ခဲ့ဘူး။ တမင်ကို မတွေးခဲ့တာ။
ရက်တွေ အကြာကြီးအစ်မ နေနိုင်တာ . .ကျွန်မကို
မချစ်လို့ဆိုတဲ့အမှန်တရားကို ကျွန်မ မသိချင်ယောင်
ဆောင်နေခဲ့တာပါ။

" ဟူတ်တယ် ကျွန်မ အစ်မကိုလိမ်မိတယ်အဲ့တာ
လည်း အစ်မ ဂျန်းနီ လီလီ့ကိုဆက်သွယ်လာဖို့လိမ်ခဲ့တာ. .ဘယ်တွေရောက်နေလည်း ဘာတွေဖြစ်
နေလည်းဆိုတာစိူးရိမ်လွန်းလို့ ကျွန်မ ရူးမတတ်ပဲ"

" တို့တွေ လမ်းခွဲရအောင် လီလီ မင်း ကို တို့
မချစ်တော့ဘူး တို့အသစ်ရနေပြီ တို့ကိုမေ့လိုက်ပါ
တော့"

" အစ်မရယ် အစ်မ ထပ်လုပ်ပြန်ပြီ. . ကျွန်မ
အပေါ်ဒီလောက်ထိလုပ်မှဖြစ်မှာလား"

The moonWhere stories live. Discover now