Final

236 22 2
                                    

ရာသီတွေဟာ အလီလီပြောင်းရွေ့ခဲ့တယ်။ နွေ ပြီးတော့ မိုး ၊ မိုးပြီးတော့ ဆောင်း ။ ဥတု သုံးပါးဟာထပ်တလဲလဲ လည်ပတ်လို့နေတယ်။

ဘာလိုလိုနဲ့ ကျွန်မ ဟာ တက္ကသိုလ် နောက်ဆုံးနှစ်
ကျောင်းသူ ဖြစ်နေပြီ။

" သဲလေး ဘာစားချင်လည်း"

"လီ ကလည်း ကွာ တို့ ဗိုက်အောင့်နေတယ်
စားချငိစိတ်မှမရှိတာလို့"

"အော် မစားပဲတော့မနေပါနဲ့ ကိုယ် ကန်တင်းမှာ
ဆန် ပြုတ်မှာပေးမယ် လေ ခဏစောင့်နော်"

"အဲ့တာဆို ပြီးရော ထီးယူသွားဦး လီ . .
နေပူတယ်"

တက္ကသိုလ်ရောက်တော့ ကျွန်မ စစ်မှန်တဲ့အချစ်ဆို
တာကိုရှာတွေ့ခဲ့တယ်။ အချစ်ကို အယုံအကြည်မရှိတဲ့
ကျွန်မ ကို ယုံ ကြည်လာအောင် သူမ ကပဲသင်ပြပေး
ခဲ့တယ်။ သူမ က ကျွန်မထက် လ ပိုင်းပဲငယ်တယ်။

ကျွနိမ ကိုလည်း သိပ်ချစ်တယိ။ ကျွန်မ သဘော
ဆန္ဒအကုန် ဘာမဆိုလိုက်လျောပေးတယ်။
အတန်းလည်းအတူတူဆ်ုတော့ ချစိသူလိုရော သူငယ်
ချင်းလိုရော သူမ က ကျွန်မ အတွက်အဲ့ဒီလို ဖြစ်တည် မူမျိုးပေါ့။ အချစ်ခံရတာ ဘယ်လိုမျိုးလည်း
ဆိုတာ သူမနဲ့မှ ကျွန်မ သိခွင့်ရခဲ့တယ်။

သူမ ကိုရွေးချယ်ခဲ့တာ ကို ကျွန်မ ဘယ်တုန်းကမှ
နောင်တမရခဲ့ဖူးဘူး။ ကျွန်မ လည်း သူမ ကို သိပ်
ချစ်တယ်လေ။
ဒါပေမယ့်။
တစ်ခါတစ်လေ အချစ်ဦး ဆ်ိုတဲ့ စကားလုံးကို ကြားမိ
ရင် ၊  အစ်မ ဂျန်းနီနဲ့ ဆင်တဲ့ လူတစ်ယောက်ယောက်
ကိုတွေ့မိရင်၊ အစ်မ ဂျန်းနီပြောခဲ့ ဖူးတဲ့ စကားနဲ့
ထပ်တူကျတာမျိုး ကြားမိရင် ကျွန်မ အစ်မကိုသတိ
ရနေမိတုန်းပါပဲ။

ကျွန်မ တို့တစ်တွေရဲ့ဘ၀မှာလေ ဘယ်တော့မှ
မေ့လို့မရတဲ့ လူတစ်ယောက်  ရှိကိုရှိတယ်။

သေအောင်ချစ်ခဲ့ပေမယ့် လွဲချော်ခဲ့ရတာမျိုး။
ကျွန် မအဖြစ်က တော့လွဲတာမှမဟုတ်ပဲ တစ်ဖက်က
တမင်ရှောင်ဖယ်နေခဲ့တာလေ။

အစ်မ ဂျန်းနီနဲ့လမ်းခွဲ ပြတ်ဆဲခဲ့တာ ၅နှစ် ၆နှစ်လောက် တော့ရှိရောပေါ့ ။ အဲ့ဒီအချိန်ထိ   သတိ
ရတဲ့အခါမျိုးဆို အစ်မ Acc ကို  တ်တ်တခိုး ရှာ
ဖွေနေမိသေးတာ။ တစ်စုံတစ်ယောက်က တစ်စုံ
တစ်ယောက်ကိုထားသွား တာမျိုး အ​ေ့ကြာင်းအရာ
ကိုတွေ့လိုက် ကြားလိုက်ရတာမျိုးဆို။ အစ်မ
အကြောင်းဟာ ခေါင်းထဲ​ေ ရာက်လာတုန်းပဲ။

You've reached the end of published parts.

⏰ Last updated: Jun 23 ⏰

Add this story to your Library to get notified about new parts!

The moonWhere stories live. Discover now