( Zawgyi code ) အပိုင်း(၁) လောကဓာက်၏ကောင်းချီးမင်္ဂလာပေးခြင်း.....

129 1 0
                                    

အဿဝဏီအစရေ အဝတီအဆုံးနှစ်ဆယ့်ခုနှစ်လုံးသောနက္ခတို့သည် အချိန်အခါမဟုတ်ဘဲကောင်းကင်၌လင်းလက်ကာတောက်ပနေကြသည်....တပေါင်းတန်ခူးကာလပေမို့ ကောင်းကင်တစ်ဝိုက်တွင်တိမ်များကင်းစင်ကာ သံဒိဌယန္တယားကိုကောင်းမွန်စွာမြင်‌နေရသည်....ထိုည၏အလှအပနှင့် ကောင်းကင်ရှိထူးဆန်းသာအရှိန်အဝါတို့ကြောင့် မဟာရာဇကတိုင်းရှိ တိုင်းသူပြည်သာများမှ ပြည့်ရှင်မင်းအထိ အိပ်မပျော်ဘဲ ကောင်းကင်ယံမှ
လာလတန့် သောအချင်းအရာတို့ကိုစာင့်ကြည့် နေသည်.....။

ထိုရုတ်ခြည်းပြောင်းလဲမှု့ထူးဆန်းသောဖြစ်စဉ်ဖြစ်သော သံဒိဌယန္တယား နက္ခအခါကို ကြည့်ရှု့နေသူဖြစ်သည့် မဟာရာဇကတိုင်း သုရာနခတ္တိယမျိုးနွယ် ၏ပြည့်ရှင်မင်းကြီးဖြစ်သော မင်္ဂလသုရာန မင်းကြီးသည် သူ့ထံတွင်အမြဲခစားလျက်ရှိသော လက်ဝဲလူယုံအမတ်တစ်ဦးဖြစ်သည့် အမတ်ကြီး စန္ဓနအား "အမတ်ကြီး ဤနေ့ညကောင်းကင်ဟာလွန်စွာလှပပြီးသာယာလှပေတယ် ဒါ့အပြင် ဂြိုလ်နက္ခများရဲ့ အရှိန်အဝါများဟာလည်း တောက်ပစွာရှိနေပေတယ်.....ကောင်းကင်ရှိ ဥတ္တရအလင်းတန်းများမှာလည်း နတ်ဘုရားတို့ကာင်းချီးပေးသယောင်ထွန်းလင်းတောက်ပကာနေပေတယ်အမတ်ကြီး....အမတ်ကြီးစန္ဓန သင်ထိုအခြင်းအရာတို့ကိုကြည့်ကာ လာလတန့်သော အခြင်းအရာတို့အားဟောပြောပေအံ့....."ဟုကောင်း‌‌ကင်သို့ကြည့်ကာအမတ်ကြီးအားမေးသည်.....။
အမတ်ကြီး "မှန်လှပါဘုရား......အတိတ်နမိတ် ဂြိုလ်ရှိန်စိတ်၍ စနှီးကိုတောင် တဘောင်မြောက်သော် လာလတန့်ချင်း အားကြီးအင်ဂြိုလ် ဖြစ်ပေတုန်၏ ပုတ္တ သောကြာ မြတ်အင်္ဂါနှင့် ဇာတာဆန်းညှိ ကြည့်ရှု့လတ်သော် ခြောက်ဆယ်ရာပြည့် တစ်ခါမွေ့၍ ရွှင်မြူးခိုက်ကြုံ နက္ခစုံဝယ် သူမတူစွမ်း ထိန်ကာလျှန်းမည့် ရှင်သားပုတ္တ တစ်ပါးဖွားလိမ့် မဟာနတ်မင်းသွင်ကာဆင်းသည့် သူ၏အောင်ဖို့ကိန်းပေကိုး.....ဟုလက်တန်းတဘောင်လင်္ကာကိုဖွဲ့ကာ သီဆိုဖော်ကြူးလိုက်၍ ပြည့်ရှင်မင်းကြီးအားလျှောက်တင် လေသည်....။

(AN.- ဒီမှာ သံဒိဌယန္တယား ဆိုတာလေးကိုအရင်ရှင်းပြပါမယ်.....သံဒိဌဆိုတာ သ - သူရိယ လို့ခေါ်တဲ့ နေမင်းကြီး နိတ ဆိုတာကတော့အလွယ် ပြောရင် လမ်းကြောင်းလို့အမည်ရပါတယ် အဲ့တော့ ဒိဌဆိုတာ နေသွားရာလမ်း ကြောင်းတစ်လျှာက်မှာ တည်နေတဲ့ နေနဲ့ဂြိုလ်သွားလမ်းကြာင်းလို့ ခေါ်ပါတယ် ယန္တယားဆိုတာက အဝန်းအဝိုင်း တစ်ခုဟာရပ်တည်ခြင်းမရှိဘဲ လှည့်လည်နေတက်တဲ့သဘော ဒါကြောင့် သံဒိဌယန္တယားဆိုတာ နေသွားလမ်း ကြောင်းမှာဖြစ်တည်နေတဲ့ဂြိုလ်နက္ခတို့လှည့်လည်နေခြင်းဖြစ်စဉ်လို့အလွယ်မှတ်ယူနိုင်ပါတယ် သံဒိဌပြက္ခဒိန်ကိုလက်ရှိလာလမျက်မှောက်ခေတ်မှာလည်းတွေ့မြင်နိုင်ပါသေးတယ်....)
မင်းကြီးမှ အမတ်ကြီး၏ တဘောင်အလင်္ကာအားကြားသော် ဝမ်းသာနှစ်ခြိုက်သောကြောင့် "ကောင်းလေစွ.....ကောင်းလေစွ.....ကောင်းလေစွ "ဟုပြောပြီး နောက် "ကဲအမတ်ကြီး ညည့်တစ်ချက်တီးချိန်ရောက်လေတော့မယ် ငါကိုယ်တော်စက်တော်ခေါ်တော့မယ် အမတ်ကြီး ဟူ၍ လေသာ ဆောင်မှထွက်ကာမိမိနန်း ဆောင်သို့ပြန်လာလေသည်.....
ထိုနေ့ည၌ပင် မင်းကြီးနှင်မိဖုရားခေါင်ကြီးတို့သည် တစ်ခုတည်းသောအိမ်မက်ကို မြင်မက်လေသည်......

ချစ်၍သာလျှင်....ချည်ခဲ့မိပါသည်..... I Tied It....Only For Love To You.....  Where stories live. Discover now