အပိုင်း(၇) စတေးမှု့ (2)

115 1 0
                                    

မင်းသားလေး၏စိတ်ဝိဉာဏ်နယ်ပယ်ထဲသို ပဒုမဝင်စိုးရိမ်စွာဖြင့်ရာက်လာခဲ့သည်....
ပဒုမဝင်ရာက်လာသည်ကိုမြင် သော သုရာနမှာ မျက်လုံးအိမ်များပြူးကျယ်သွားခဲ့သည်...သုရာနတစ်ယောက် ခေါင်းယမ်းကာ မလုပ်နဲ့ဟု ပဒုမကို ပြောသည်...သိုသော်လည်းမရ...
ပဒုမတစ် ယောက် မိမိစိတ်ဝိဉာဏ် အစွမ်းဖြင့် ဆရာကြီးနှင့် သုရာနကို အဝေးသိုတွန်းထုတ်လိုက်သည်....

သုရာန " မဟုတ်ဘူးနော် ပဒုမ အကိုတို နောက်တစ်နည်းစဉ်းစားမယ် လေနော် ပြန်လာပါကွာ ကိုယ့်ရှင်ရာ...."

ပ‌‌ဒုမ "အကို တခြားနည်းလမ်းတွေမရှိ တော့ဘူး လေ....ဒီတစ်နည်းပဲရှိတော့တာအကို....မဟုတ်ရင် သားငယ် လေး ရော အကိုကိုပါဆုံးရှုးရလိမ့်မယ်..အကိုကိုဒေဝီပေးထားတဲ့ဂတိမတည်နိုင်တာခွင့်လွတ်ပါ....ဒေဝီအကိုကို‌ရောသားလေးကိုရောအဆုံးရှုးမခံနိုင်ဘူးအကို...."

သုရာန " မဟုတ်ဘူးနော် ကိုယ့်အရှင်....အကိုကိုကြည့်ပါအုံးဒေဝီရယ် အကိုစကားကိုနားထောင်ပါအုံး ကိုယ့်အရှင်..."သုရာနတစ်ယောက် မျက်ရည်များစီးကျလာပြီး အရူးမီးဝိုင်းသလို လည်‌ပင်းရှိအကြေားများပင်ထောင်နေအောင် ချစ်ရသူရဲ့နာမည်ကိုသာ အော်ခေါ်နေပြီး ချစ်ရသူနောက်ကိုအတင်းလိုက်ဖိုသာပြင် နေသည်....

သုရာန တစ်ယောက် ဆရာကြီးဆွဲထားသည့်ကြားမှ အတင်းရုန်းထွက်လာခဲ့သည်....သို့သော် ချစ်ရသူနားမ ရောက်ခင် အတားအစီးနံရံတစ်ခုထွက်‌ပေါ်လာသည် သုရာနတစ်ယောက် လည်ချောင်းရှိအကြေားများထောင်အောင် အော်သည် အတားအစီးကိုဖျက်သည် သိုသော်လည်းမရပေ သုရာန အတားအဆီးကို မှော်အစွမ်းတို့ဖြင့် ဖျက်စီးသည်....သို့သော်လည်း အားကောင်သည့်အစီအရင်ကြောင့် သုရာန၏မှော်အစွမ်းမှာ အရာမထင်....အတားအဆီးမှာ ရေလှိုင်းသဏ္ဌာန်သာတွန့်သွားပေမယ့် မပျက်စီးပေ....

ပဒုမတစ်‌ ယောက် မိမိချစ်ရသူဖြစ်သည့် သုရာနကို တစ်ချက်လည်ပြန်ကြည်လိုက်သည်...မျက်ဝန်းအိမ်တွင်မျက်ရည်များအပြည့် နှင့်ပြုံးကာ
" အဆင် ပြေသွားမှာပါအကို....ကျွန်တော်မျိုး အကိုကိုအရမ်းချစ်တယ်...."ဟု ပြောကာ ပြန်လှည့်ပြီးချိတ်ပိတ်ခြင်းအစီအရင်ကို ပြန်လည်စတင်သည်....

ချစ်၍သာလျှင်....ချည်ခဲ့မိပါသည်..... I Tied It....Only For Love To You.....  Where stories live. Discover now