ရှေးဟောင်းနယ်မြေ ရှေးဟောင်းနတ်ဘုရားနန်းတော်.......ရှေးဟောင်းနတ်ဘးရားနန်၌ သုံးပြည်ထောင်မင်းများဖြစ်သာ မဟီလန္နကတိုင်းမှ ဟတ္တနန္ဒ ၊ ရောဟိနတိုင်းမှ မာရဒေဝ ၊ စက္ကရာနတိုင်းမှ မာယုစေရိယ စသောမင်းတိုသည် ရှေးဟောင်း နန်းတော် မုခ်တံခါးဝ ရှေ့၌ရပ်ကာ စကားပြာဆို နေကြသည်.....ရှေးဟောင်းနတ်ဘုရားနန်းတော်သို ဆရာကြီးအဌရာနနှင့်အတူ ရာဇကတိုင်းပြည့်ရှင်မင်း မင်္ဂလသုရာန ၊ အကိုတော် ဝနဒီပ ၊ ညီတော် ဇနဝန်သ တို ရောက်လာကြသည်...ဆရာကြီးအဌရာန မြေပြင် ပေါ်သို ရောက်သည်နှင့် တစ်ပြိုင်နက် တိုင်းပြည်အသီးသီးမှ မင်းများဟာ ဆရာကြီးကို ဂါရဝပြု နှုတ်ဆက်စကားဆိုကြသည်....မင်းများ " ဆရာကြီးအဌရာနကို ဂါရဝပြုပါတယ် "ဆရာကြီး " အေးကွယ် အစည်းအဝေးပွဲဆို ကဲကဲ တံခါးဖွင့်ကြ " ဟုဆရာကြီးမှ ပြောသည်မင်းများ " ဟုတ်ကဲ့ " ဟုဆိုပြီးသည်နှင့် လက်ထဲမှ တံတော်ဝင်မင်းအမှတ်အသား တံဆိပ်တုံးများကိုထုတ်ကာ အသက်သွင်းလိုက်သည်....မင်းအသီးသီးမှ တံဆိပ်တုံးမှာဟာ လင်းလက်လာပြီး လေထဲသို ပျံတက်သွားကာ တံဆိပ်တုံးအသီးသီးမှ ရွှေချောင်းများထွက်လာသည်....တံဆိပ်တုံးလေးခုမှ ရွှေ ချောင်း လေးချောင်းသည် တစ်ခုနဲ့တစ်ခု ပေါင်း စည်းသွားကာ သော့တစ် ချောင်းဖြစ်လာလေသည် ထိုလေထဲမှ ပျံဝဲနေသောသော့ချောင်းအား ဆရာကြီးမှယူကာ ရှေးဟောင်းနတ်ဘုရားနန်းတော် ဂိတ်တံခါးကိုဖွင့်လိုက်သည်....တံခါးဖွင့်လိုက်သည်နှင့် မီးဒုတ်များ။မီးပုံးများဟာ အလိုအလျှောက်လင်းလက်မီးညှိပြီးသားဖြစ်သွားကာ ဆရာကြီးဦးဆောင်၍ ကျန်မင်းဆက်များပါ နန်ဘုရားနန်းတော်သို လိုက်ဝင်လာခဲ့သည်....တံဆိပ်တုံးသမိုင်း( AN - ဒီနေရာမှာ တံဆိပ်တုံးအကြောင်း ပြောချင်ပါတယ် ဒီတံဆိပ်တုံး တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါး ထောင်ကျော်က ရှေ့ဟောင်းနတ်ဘုရားမျိုးဆက်တွေက ပြုလုပ်ခဲ့ကြတာပါ တံဆိပ်မှာ ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရစွမ်းအားတွေနဲ့ စကြဝဋာကြီးရဲ့ သန့်စင်စွမ်းအားတွေပါရှိပါတယ်....တံဆိပ်တုံးတိုင်းမှာ ပထမပဉ္စဝေဒ ခေတ်ရဲ့ ရှေးဟောင်းပြန်တမ်းအမိန့်စာများပါရှိပါတယ် နောက်ပိုင်း ပထမပဉ္စဝေဒ ခေတ် မဟာမာလာနတ်မင်း နဲ့ မဟာဗျာယနတ်မင်းတို့ရဲ့ စစ်ပွဲ လူသား ၊ နတ်မင်းတွေ နဲ့ နတ်ဆိုးမိစ္ဆာတို့ရဲ့ တိုက်ပွဲမှာ လူသားနဲ့ နတ်မင်း တွေဟာ အနိုင်ရရှိခဲ့ပါတယ် သို့သော်လည်း မဟာဗျာယနတ်မင်းသည် ပထမတန်းစားနတ်မင်း ဖြစ်တာ ကြောင့် သူကိုလုံးဝမသက်နိုင်ခဲ့ပါဘူး အဲ့ဒါကြောင့် ကောင်းကင်နဲ့မြေကြီးရဲ့ အနှစ်သာရအပြင် နတ်မင်းတွေရဲ့အထပ်အမြင့်ဆုံးဘုံတစ်ခုဖြစ်တဲ့ မဟာဒွိသာရနတ်ဘုရားရဲ့ စကြဝဋာသန့်စင်ခြင်းအစွမ်းနဲ့ ပေါင်းစပ်ကာ ပန်းပဲနတ်မင်း ဟာရိယ အကူအညီနဲ့ တံဆိပ်တုံးပြုလုပ်ခဲ့ပါတယ်....ဒီနေရာမှာ နတ်မင်းနဲ့ နတ်ဘုရားနဲ့က အဆင့်မတူပါဘူးနော် နတ်မင်းကအဆင့်နိမ့်တယ် နတ်ဘုရားကပိုအဆင့်မြင့်ပါတယ်နော်....တံဆိပ်တုံးကိုအသုံးပြုပြီး မဟာဗျာယနတ်မင်းနဲ့ အပေါင်းအပါတွေကို ဖိနှိပ်ထားတာပါ နောက်ပိုင်း တံဆိပ်တုံးက တစ်ခုတည်းဆို မသမာသူတွေကြောင့် ချိတ်ပိတ်ပျက်ပြီးဖိနှိပ်ထားတာ ပျက်လွယ်တာကြောင့် ပန်းပဲနတ်မင်းကို မာလာနတ်မင်းကအကူအညီတောင်းပြီး လေးပိုင်းခွဲဖိုကြံပါတယ် လေးပိုင်းခွဲရင် စွမ်းအားတွဟာ ပျံ့နှံ ပျောက်ကွယ်လွယ်တာကြောင့် ကြာပန်းတစ် ထောင်ကိုအစိုးရတဲ့ မဟာပဒုမုတ္တရနတ်မင်း ရဲ့အကူအညီနဲ့ တံဆိပ်တုံရဲ့ စွမ်းအာ တွေကို မပျံ့ အောင်လုပ်ပြီး တံဆိပ်တုံကို လေးခုခွဲလိုက်ပါတယ်....နောက်ပိုင်း မဟာ ဒွိသာရနတ်မင်းနေတဲ့ဘုံက နတ်ဘုရာ နတ်မင်းတွေသည် လူ့ဘုံကိုဆင်းခွင့်မရှိ အရေးကြုံလာသည့် အခါတွင်သာဆင်းခွင့်ရှိရမယ် လူ့ဘုံကကိစ္စများအား ဝင်ရောက် နှောက်ယှက်ခွင့်မရှိစေရ ဆိုပြီး အမိန်များချမှတ်လိုက်တာ ကြောင့် မဟာမာလာနတ်မင်းနဲ့အခြားနတ်မင်းတိုသည် တံဆိပ်တုံးကိုလူသား တိုအား ပေးအပ်ပြီး အထက်အရပ်ကိုပြန်သွားကြလေသည်......နှစ်ကာလကြာရှည်လာသည်နှင့်အမျှ တံဆိပ်တုံး ဟာ မင်း တွေရဲ့ အဓိက အရေးပါတဲ့ အမှတ်အသား တော်ဝင် တံဆိပ်တုံးဖြစ်လာခဲ့ပါတယ်....တံဆိပ်တုံးတစ်ခုစီဟာ အမှတ်အသားတစ်ခုစီရှိပြီး တိုင်းပြည် လေးပြည်ရဲ့ အရေးပါတဲ့ နေရာမှာ ရောက်ရှိလာခဲ့ပါတယ်....တံဆိပ်တုံးဟာ တိုင်းပြည်ခေါင်း ဆောင်ဖြစ် ကြောင်းကိုကိုယ်စားပြုတဲ့အရာလည်းဖြစ်ပါသေးတယ်....)
YOU ARE READING
ချစ်၍သာလျှင်....ချည်ခဲ့မိပါသည်..... I Tied It....Only For Love To You.....
FantasíaI Tied It....Only For Love To You.... ချစ်၍သာလျှင် ချည်မိခဲ့ပါသည် ....( Uni + Zawgyi ) ( Own Creation ) Fantastic ,Horror , History , BL ဒီဇာတ်လမ်းလေးက စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်...ဇာတ်အိမ်လေးကို ရှေးခေတ်ပုံစံပုံဖော်ထားပြီး တခြားဇာတ်...