မင်းသားလေး၏စိတ်ဝိဉာဏ်နယ်ပယ်ထဲသို ပဒုမဝင်စိုးရိမ်စွာဖြင့်ရာက်လာခဲ့သည်....ပဒုမဝင်ရာက်လာသည်ကိုမြင် သော သုရာနမှာ မျက်လုံးအိမ်များပြူးကျယ်သွားခဲ့သည်...သုရာနတစ်ယောက် ခေါင်းယမ်းကာ မလုပ်နဲ့ဟု ပဒုမကို ပြောသည်...သိုသော်လည်းမရ...ပဒုမတစ် ယောက် မိမိစိတ်ဝိဉာဏ် အစွမ်းဖြင့် ဆရာကြီးနှင့် သုရာနကို အဝေးသိုတွန်းထုတ်လိုက်သည်....သုရာန " မဟုတ်ဘူးနော် ပဒုမ အကိုတို နောက်တစ်နည်းစဉ်းစားမယ် လေနော် ပြန်လာပါကွာ ကိုယ့်ရှင်ရာ...."ပဒုမ "အကို တခြားနည်းလမ်းတွေမရှိ တော့ဘူး လေ....ဒီတစ်နည်းပဲရှိတော့တာအကို....မဟုတ်ရင် သားငယ် လေး ရော အကိုကိုပါဆုံးရှုးရလိမ့်မယ်..အကိုကိုဒေဝီပေးထားတဲ့ဂတိမတည်နိုင်တာခွင့်လွတ်ပါ....ဒေဝီအကိုကိုရောသားလေးကိုရောအဆုံးရှုးမခံနိုင်ဘူးအကို...."သုရာန " မဟုတ်ဘူးနော် ကိုယ့်အရှင်....အကိုကိုကြည့်ပါအုံးဒေဝီရယ် အကိုစကားကိုနားထောင်ပါအုံး ကိုယ့်အရှင်..."သုရာနတစ်ယောက် မျက်ရည်များစီးကျလာပြီး အရူးမီးဝိုင်းသလို လည်ပင်းရှိအကြေားများပင်ထောင်နေအောင် ချစ်ရသူရဲ့နာမည်ကိုသာ အော်ခေါ်နေပြီး ချစ်ရသူနောက်ကိုအတင်းလိုက်ဖိုသာပြင် နေသည်....
သုရာန တစ်ယောက် ဆရာကြီးဆွဲထားသည့်ကြားမှ အတင်းရုန်းထွက်လာခဲ့သည်....သို့သော် ချစ်ရသူနားမ ရောက်ခင် အတားအစီးနံရံတစ်ခုထွက်ပေါ်လာသည် သုရာနတစ်ယောက် လည်ချောင်းရှိအကြေားများထောင်အောင် အော်သည် အတားအစီးကိုဖျက်သည် သိုသော်လည်းမရပေ သုရာန အတားအဆီးကို မှော်အစွမ်းတို့ဖြင့် ဖျက်စီးသည်....သို့သော်လည်း အားကောင်သည့်အစီအရင်ကြောင့် သုရာန၏မှော်အစွမ်းမှာ အရာမထင်....အတားအဆီးမှာ ရေလှိုင်းသဏ္ဌာန်သာတွန့်သွားပေမယ့် မပျက်စီးပေ....ပဒုမတစ် ယောက် မိမိချစ်ရသူဖြစ်သည့် သုရာနကို တစ်ချက်လည်ပြန်ကြည်လိုက်သည်...မျက်ဝန်းအိမ်တွင်မျက်ရည်များအပြည့် နှင့်ပြုံးကာ" အဆင် ပြေသွားမှာပါအကို....ကျွန်တော်မျိုး အကိုကိုအရမ်းချစ်တယ်...."ဟု ပြောကာ ပြန်လှည့်ပြီးချိတ်ပိတ်ခြင်းအစီအရင်ကို ပြန်လည်စတင်သည်....သုရာနတစ် ယောက် သိုင်းဝိဉာဏ်ဖြစ် သော ပဒုံမာကြာပန်းကို ပဒုမ္မာကြာပန်းကို ထုတ်လိုက်ပြီး နတ်လက်နတ်ကိုစွမ်းအားများပြန်ဖြည့် နေသည်...ထိုနောက် မိမိသွေးကိုယူကာ နတ်လက်နက်အားထက်မံအသက်သွင်းလိုက်သည် နတ်နက်လက်မှ အရောင်အဝါများထက်မံထွက် ပေါ်လာကာ မင်းသားလေး၏သိုင်းဝိဉာဏ်ကိုဖိနှိပ်ထားသည်...ထိုနောက်ပဒုမ"စတေးခြင်းအတက်ပညာ" ဟုဆိုရွတ်ဆိုလိုက်ပြီး စတေးခြင်းအတက်ကိုစတင်သည်....(AN ဒီနေရာမှာ ပြောချင်တာက စတေးခြင်းပါ စတေးခြင်းဆိုတာ စတေးခြင်းကသုံးမျိုးရှိပါတယ် အသက်ကိုစတေးခြင်း သိုင်းဝိဉာဏ်ကိုစတေးခြင်း ကျင့်ကြံခြင်းကိုစတေးဆိုပြီး သုံးမျိုးရှိပါတယ်....အဲ့ဒါတွေအကုန်လုံးကို စတေးခြင်းအတက်လိုခေါ်ပါတယ်....စတေးခြင်းအတက်ဟာကန့်သက်ချက် တွေများစွာရှိပြီး အသက်ကို သေ စေနိုင်တဲ့အထိ အန္တရာယ်များလှပါတယ်....)ပဒုမကိုယ်မှ အရောင်အဝါ နှင့် သိုင်းဝိဉာဏ်မှ အရောင်အဝါများသည် နဂိုကထက်ပို၍ထောက်ပလာကာ မင်းသားလေးသိုင်းဝိဉာဏ်ကိုဖိနှိပ်လိုက်ကာချိတ်ပိတ်ရန်ပြင်လိုက်သည်....ပဒုမ၏ နဂိုကျင့်ကြံမှုအဆင့်ဖြစ်သော ကနဦး ဧကနာထ ( အစောပိုင်း နတ်ဧက္ကရာဇ်) အဆင့် သည်လျော့ကျသွားကာ အလယ်အလတ် ရာဇနာထ ( ဒုတိယအဆင့်နတ်ဘုရင် ) သိုရောက်ရှိသွားကာ ဝိဉာဏ် ကြိုးမျှင်များဟာ ပဒုမ၏ နှဖူးအလယ်မှ ထွက်လာခဲ့သည်....ထိုဝိဉာဏ်ကြိုးမျှင်များသည် မင်းသား လေး၏ ဒုတိယ သိုင်းတိဉာဏ်ကိုရစ်ပတ်ကာ ထိန်ချုပ်လိုက်သည်....နတ်လက်နက်သည်လည်း နွားဦးချိုလိပ်၏ အမြုတေ နှင့် ပေါင်းစပ်ကာ အလွန်ခိုင်မှာလှ သော ချတ်ပိတ်ခြင်းအစီအရင်ဌာနကြီးတစ်ခုဖြစ်လာကာအလယ်ဗဟို၌ သိုင်းဝိဉာဏ်အား မလှုပ်နိုင်အောင်ထိန်းချုပ်ထားလိုက်ပြီး ပဒုမရဲ့ ဝိဉာဏ်ကြိုးကွင်းများသည်လည်းသိုင်းဝိဉာဏ်အား ရစ်ပတ်လွမ်းခြုံကာဖိနှိပ်လိုက်ကာ ချိတ်ပိတ်ခြင်းအစီအရင်မှာ အောင်မြင်သွား လေသည်...
YOU ARE READING
ချစ်၍သာလျှင်....ချည်ခဲ့မိပါသည်..... I Tied It....Only For Love To You.....
FantasyI Tied It....Only For Love To You.... ချစ်၍သာလျှင် ချည်မိခဲ့ပါသည် ....( Uni + Zawgyi ) ( Own Creation ) Fantastic ,Horror , History , BL ဒီဇာတ်လမ်းလေးက စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်...ဇာတ်အိမ်လေးကို ရှေးခေတ်ပုံစံပုံဖော်ထားပြီး တခြားဇာတ်...