အပိုင်း(၆)စတေးမှု

100 1 0
                                    

မင်းသားလေး မွေးဖွားပြီး ၇ရက်မြောက်နေ့၌ နန်းတော်ထဲတွင် မင်းသားလေးအတွက် ဆုတောင်း မေတ္တာ ခံယူပွဲ ကျင်းပ ရန်ပြင်ဆင် နေကြသည်....သုရာန " ဒီနေ့သားတော် လေး လူ့လောကကိုရောက်လာတာ ခုနှစ်ရက်မြောက်ပြီ နော် ပဒုမဒေဝီ "ပဒုမ " ဟီး....သား တော်လေးကချစ်စရာကြီးနော် အကို ကြည့်ရတာ အကိုနဲ့တူတာထင်တယ် " ရယ်ကြဲကြဲနဲ့ပြောသည်သုရာန "ကိုယ့်ဒေဝီလည်း ပွဲတက်ရန်ပြင်ဆင်‌ တော့လေ‌‌နော်...."ပဒုမ "ဟုတ်ကဲ့အကိုတော် ဒေဝီပြင်ထားလိုက်မယ် အကိုလည်းပြင်တော့လေ"သုရာန "မှန်လှပါဗျာ"သုရာနမှ စနောက်ကာကျီစယ် လေတော့ ပဒုမဒေဝီသည် သုရာနရင်ဘက်ကိုလက်သေးသေးလေးဖြင့်ထုကာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အလိုမကျသော အသံဖြင့် " ဟွန်း...အကိုနော်" ဟုပြော လေတော့ သုရာနတစ်ယောက် ပဒုမဒေဝီ၏အမူအရာကြောင့် အချစ်ပိုရပြန်သည်....သုရန "ချစ်တယ်ကိုယ့်ဒေဝီ" ဟုဆိုကာ ရင်ခွင်ထဲသိုညှင်သာစွာထည့်ဖက်ထားလိုက်သည်....ပဒုမသည်လည်း သုရာန၏ရင်ခွင်ထဲမှ သုရာနပါးကိုလက်ဖြင့်ကိုင်ကာ မော့ကြည့်လျက် " ချစ်ပါ့ကိုယ့်ရှင် " ဟုကြည်နူးစွာ ပြောလေသည်....(AN - သုရာန နဲ့ ပဒုမ Roတဲ့ အကြောင်းကို ထည့်ရေးထားရသလဲဆို တော့ ပုံမှန်မဟုတ်လိုပါနော် နောက်ပိုင်းသိလာပါလိမ့်မယ် ဘာလိုထည့်ရေးရသလဲဆိုတာ....)ပွဲတော်ကျင်းပရန်သုံးနာရီအလို......နန်းတော်လျှို့ဝှက်မြေအောက်အဆောင်သို့ ဆရာကြီးအဌရာန အရင်ဝင်ကာ သုရာန ဝင်သည် ပြီးမှ ပဒုမဒေဝီသည် မင်သားလေးကို ပွေ့ချီကာ လိုက်ဝင် လေသည်....အခန်း‌ဆောင်ထဲတွင် ရွှေသားတိုအတိဖြင့်ပြုလုပ်ထားသော မဟာမာလာနတ်မင်း နှင့် မဟာ ပဒုမုတ္တရနတ်မင်းရုပ်ထုတိုသည်ယဉ်သက်ရှု မောဖွယ်ရာ အတိဖြစ် လေသည် ရုပ်ထုတိုရှေ့ဥ မငြိမ်းနိုင် ဆီမီးတိုဖြင့်ပူဇော်ထားကာ အလွန်တရာမှ သန့်ရှင်းစင်ကြယ်သော ဝိညာဏ် ရေအိုင်တော်လည်းတည်ရှိသည် ထိုရေအိုင်သည် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခန်းဆောင်အပြည့်ဖြစ်နေကာ ရုပ်ထုထားရာနရာသိုရောက်ရန် ကျောက်ခင်းလမ်းတံတားလေးရှိသည်....ကျောက်ခင်းလမ်းကိုဖြတ်ကူးပြီးမှသာ ရုပ်ထုနေရာသိုရောက်မည်ဖြစ်သည်....အခန်း ဆောင်၏ နံရံ အုပ်ချပ်တိုင်းတွင် ရှေးဟောင်းကျမ်းစာများစွာကိုထွင်းထုထားသည်....ရုပ်ထုနှစ်ခုရှေ့၌ ရှေးဟောင်းရာဇ်ပုလ္လင်ကဲ့သို ကျောက်စာများထွင်းစားသည့် ပုလ္လင်တစ်ခုရှိသည်...ထိုပုလ္လင်နားသို ဆရာကြီးသည် လမ်းလျှောက်သွားကာ ရုပ်ထုတိုအား ဦးစွာဂါရဝပြုသည် ထိုနောက် သုရာနနှင့် ပဒုမဒေဝီတိုကို ထိုပုလ္လင်နားသိုလာရောက်ရန်ခေါ်သည်....ပုလ္လင်နားထို ရောက် သောအခါ....ဆရာကြီး " ပဒုမ နဲ့ သုရာန ချိတ်ပိတ်မယ်ဆိုတာသေချာပြီလားကွယ် သေချာစဉ်းစားပါအုံး....သုရာန " စဉ်းစားပြီးသွားပါပြီ "ပဒုမ " ဟုတ်ပါတယ်ဆရာကြီး ဒါဟာသား လေးအတွက် အကောင်းဆုံးနည်းလမ်းပါပဲ....ဆရာကြီး "ဆရာကြီး " ဟုတ်ပြီကွယ် ....ဝိဉာဏ်အစွမ်းကို ချိတ်ပိတ်ထားတယ်ဆိုတာ ကွယ်ကူတဲ့အစီအရင်တစ်ခုတော့မဟုတ်ဘူးကွဲ့..."(AN - ဒီနေရာမှာ ချိတ်ပိတ်အစီအရင်အကြောင်း ပြောပါမယ် ချိတ်ပိတ်အစီအရင်များစွာရှိပါတယ် အဲ့ထဲမှာမှ မှတ်ဉာဏ်ကိုချိတ်ပိတ်တာ အဆင့်ကိုချိတ်ပိတ်တာ စွမ်းအားကိုချိတ်ပိတ်တာ မူလဝိဉာည်အစွမ်းကိုချိတ်ပိတ်တာဆိုပြီး ရှိပါတယ် အဲ့အစီအရင် တွေဟာ ဒုတိယတန်းစားအစီအရင်ထဲမှာပါရှိပါတယ် အဲ့အစီအရင်တွက ဒုတိယတန်းစားဖြစ်တဲ့အ လျှောက် အစီအရင်ပြုလုပ်ရာမှာလည်း လိုအပ်ချက်ကြီးမားလှပါတယ် အခုတော့ အခန်းနဲ့ဆိုင်တဲ့ သိုင်းဝိဉာည်စွမ်းအား ချိတ်ပိတ်တဲ့အကြောင်းကို ပြောပါမယ် အချိတ်ပိတ်မဲ့သူရဲ့စွမ်းအားဟာ အနိမ့်ဆုံး ရာဇနာထ တတိယအဆင့် ခေါ် နောက်ဆုံးအဆင့်စွမ်းအားရှိရပါမယ် ထိုကဲ့သိုစွမ်းအားရှိသူ သုံးယောက်လိုအပ်ပါတယ် ထိုနောက် ရှေးဟောင်းပထမတန်းစား နတ်အဆင့်လက်နက်လိုအပ်ပါတယ် နောက်ပြီး နှစ်ကာလကြာရှည်စွာဖိနှိပ်ခြင်းအတွက် နှစ်ရှည်သားရဲအမြုအတေး သိုမဟုတ် နတ်ဘုရားသွေးတစ်စက်လိုအပ်ပါတယ်....အဲ့ဒါတွေအားလုံးအသုံးပြုပြီးဖိနှိပ်ရပါမယ်....ပြုလုပ်ပုံကိုတော့ စာထဲမှာရှင်းပြထားပါမယ်....)သုရာန " ကျွန်တ်ာတိုသိပါတယ်...သိုပေမယ့် သားလးအတွက်စိတ်ချချင်တယ်ဆရာကြီး "သုရာနတစ် ယောက် ပဒုမဒေဝီလက်ထဲမှာ မိမိရင်သွေးငယ်အားကြည့်ကာ ပြောသည်....ပဒုမ " ဟုတ်ပါတယ်ဆရာကြီးရယ် သားလေး သာအဓိကပါ ခက်ခက်ခဲခဲနဲ့ သား လေးကို မွေးရထားရတာ ဒီသား လေး တစ်‌ ယောက်ပဲရှိပါတယ် ဆရာကြီး ဒီသား လေး အတွက် ဘေး‌‌ကင်းဖိုဆိုဘာပဲရင်ဆိုင်ရ ရင်ဆိုင်ရ ရင်ဆိုင်ဖိုအသင့်ပါပဲဆရာကြီး..."ပဒုမဒေဝီသည် သုရာနကိုတစ်လှည့် လက်ထဲမှ သားငယ် လေးကိုတစ်လှည့်ကြည့်ကာ ပြောလေသည်....။ဆရာကြီး " ကဲကောင်းပြီကွယ် ဒါဆိုလည်း အစီအရင်စလိုက်ရအောင်....ကလေးကို ဒီရှေး ဟောင်း ကျောက်ပုလ္လင် ပေါ်တင်လိုက်...."ဆရာကြီးရဲ့ စကားဆုံးသည်နှင့် ပဒုမဒေဝီတစ်‌‌ ယောက် မိမိလက်ထဲမှ ကလေးငယ် လေးကို ကျောက်ပုလ္လင် ပေါ်သိုတင်လိုက်လေသည်.....ကလေးငယ်‌ လေးကို ကျောက်ပုလ္လင် ပေါ်သိုတင်ပြီးသည်နှင့်တပြိုင်နက် ဆရာကြီးမှာ ချိတ်ပိတ်ခြင်းအစီအရင်ကိုစတင် လေသည်....ဆရာကြီးမှ မန္တတစ်ခုကိုရွတ်ဆိုလိုက်သည် " Ado Malar Ado BaDuMaoutTaya saya harmal haygo Masaral ShalDae Bahao MaouLa Wthar Haeì...အာဒို မဟာလာ အာဒို ပဒုမုတ္တရ စေးရာ ဟာမယ် ဟေဂို မာစရယ်လ် ရှဲဒယ်လ် ဘ(အ)ဟို မဟုလ ဝါသရာ ဟေအိ....စချီတဲ့မန္တန်ကိုရွတ်ဆိုလိုက်သည်နှင့်တပြိုင်နက် အခန်း ဆောင်ရှိ နံရံများမှ ရှေးဟောင်း ကျောက်စာများနှင့် ကျောက်ပုလ္လင်မှ ကျောက်စာများမှာ အရောင်များ တလဲ့လဲ့ တောက်ပလင်းလက်လာသည်....ထိုနောက် ဦဆရာကြီးမှ ကလေးငယ်၏ ဦးခေါင်းဘက် သုရာနနှင့် ပဒုမတိုသည်လည်း ကလေးငယ်၏ လက်ဝဲလက်ယာ နေရာအသီးသီးယူကြ၍ အစီအရင်ကိုစတင်လေသည်....မင်းသားလေး၏သိုင်းဝိဉာဏ်ကို ပေါ်ပေါက်လာ အောင်ဆရာကြီးမှ မိမိအစွမ်းဖြင့် ဖိအား ပေးလိုက်သည် ဖိအား ပေးလိုက်သည်နှင့် တပြိုင်နက် နှဖူးမှ သိုင်းဝိဉာည် အမှတ်အသားနှစ်ခုဟာ ပေါ်ပေါက်လာကာ သိုင်းဝိဉာည်နှစ်ခုထွက် ပေါ်လာသည်....သုံးဦးစလုံးသည်လည်း မိမိတို၏ ဆိုင်ရာသိုင်းဝိဉာည်ကို ထုတ်လိုက်သည်...ထိုနောက် နှစ်တစ်သောင်း ရေနဂါးလိပ် ခေါ် နွားဦးချိုလိပ် ၏ မြုအတေးကို ဆရာကြီးမှ ထုတ်ကာ မင်းသားလေး၏ နှဖူးအလယ် သိုင်းဝိဉာည်အမှတ်ရှိရာနေရာထဲသို ထိုအမြုအတေကို ထည့်လိုက်သည်....ထိုအမြုအတေးကို ထည့်ပြီးသည်နှင့် ဆရာကြီးသည် စိတ်စွမ်းအားဖြင့် ကလေးငယ်၏ စိတ်ဝိဉာဏ် ကမ္ဘာထဲသိုဝင်သွားပြီး သားရဲအမြုအတေး ကို ဒုတိယသိုင်းဝိဉာဏ် အပေါ် ချိတ်ပိတ်မှုစတင်လိုက်သည်...ဆရာကြီးစိတ်ဝိဉာဏ်ကမ္ဘာထဲ၌ချိတ်ပိတ်နေစဉ်....သုရာန နှင့် ပဒုမတိုသည်လည်း....ကိုယ်ပိုင်စိတ်စွမ်းအားများ မင်းသားလေးထဲသိုထည့်ရန်ပြင်လိုက်သည်....ထိုစဉ် ပဒုမမှ " တတိယအဆင့်စိတ်ဝိဉာည်ကျင့်စဉ်အတက်" ဟုဆိုကာ စိတ်ဝိဉာည် ကိုထုတ်လိုက်သည်....။ထိုသိုထုတ်လိုက်သည်နှင့်တပြိုင်နက် မိမိခန္ဓာကိုယ်အနှံလွမ်းခြုံထားသော ပထမအဆင့် စိတ်ဝိဉာည်ကျင့်စဉ် အစီအရင်သည် ကွယ်ပျောက်ကာ မူလအသွင်ထွက် ပေါ်လာခဲ့သည်....။ပဒုမ ၏ခန္ဓာကိုယ်အနှံ၌ ပန်ရောင်အငွေ့များ ရစ်ပတ်ခြုံလွှမ်းလာပြီးဟန် ဆောင်ထားသည့်အသွင်ဖြစ်သည့် မိန်းကလေးအသွင်မှာ ထိုအငွေ့များ အောက်တွင် ပျောက်ကွယ်သွား၍ လုလင်ပျိုတစ် ယောက်အသွင်ထွက် ပေါ်လာသည်....ပဒုမ ရဲ့မူလအသွင်မှာ သေးသွယ်သော ခန္ဓာကိုယ်ရှိပြီး အသားအရည်မှာ နူးညံ့ပြီး ဖြူဖွေးဝင်းပလှသည်... ဇင်ယော် တောင်ကဲ့သိုနက်မှောင်သည့် မျက်ခုံးများက မျက်နှာထက်တွင် ဟန်ဟန်ကျကျနရာယူထားပြီး မျက်ဝန်းညိုညိုနှစ်ခုဟာ မြင်ရသူတိုင်းကို ညှိငင်ထားနိုင်သည်...ဖြောင့်စင်းသောနှာတံ ‌‌‌‌‌‌‌‌‌‌နှင့် လေးကိုင်းသဖွယ် ကွေးညွှတ်နေသော နှုတ်ခမ်းတိုသည် မြင်သူတိုင်းစွဲမက်ဖွယ်ကောင်းလောက် အောင် အချိုးကျကျနဲ့ လိုက်ဖက်ညီစွာ တည်ရှိနေသည်...ပဒုမ၏အသွင်မှာ မြင်သူတိုင်းငေး မောရ လောက် အောင်ကို ချောမောလှပသည့် လုလင်ပျိုငယ်လေးတစ် ယောက်ဖြစ်လေသည်....သုရာန တစ်ယောက် မိမိအပိုင်ဖြစ်သော ပဒုမ၏ မူလအသွင်ကိုကြည့်ကာ ကြည်နူးမိလေသည်....

ချစ်၍သာလျှင်....ချည်ခဲ့မိပါသည်..... I Tied It....Only For Love To You.....  Where stories live. Discover now