အပိုင်း (၂) အရာအားလုံး၏အစ......

129 2 0
                                    

မဟီလန္နကတိုင်းတွင်.....

မဟီလန္နကပြည့်ရှင် မောရိယအနွယ်ဖြစ်သော ဟတ္တနန္ဒမောရိယ သည် နန်းတော်၏ အမြင့်ဆုံးလေသာ ဆောင်မှ အနောက်တောင်အရပ်တွင်ရှိသော ကောင်းကင်အားကြည့်ကာ လေနေသည်....
ထို့နောက် မိမိ၏နောက်တွင်ရှိသော ခုနှနှစ်အရွယ်
မာဟီလန္နကတိုင်း၏ မင်းသားတစ်ပါးဖြစ်သော
ရဌနန္ဒ အားကြည့်ကာ....

မင်းကြီး"သားတော် သားတော်ဟိုး.....အနောက်‌
တောင်အရပ်ကောင်ကင်ကြီးအောက်က နန်းတော်ကြီး ကိုမြင်လား....."

သားတော် "ဟုတ်ကဲ့....မြင်ရပါတယ် ခမည်းတာ်...."

မင်းကြီး " အင်း...ခမည်း တော်ရဲ့သားတော် အတွက်ဖြစ်ရမယ်...."

သား‌တော် " ဘာဖြစ်လို့လဲခမည်းတော်.... "

မင်းကြီး "တချိန်ကအ ကြွေးကို ပြန်ယူဖို့.... နောက်ပြီး မင်းဟာ ဟောဒီကုန် မြေ ကြီးတစ်ခုလုံးရဲ့ အရှင် ဖြစ်လာရမယ်....မင်းသာ ဒီကုန်း မြေကြီးရဲ့ အရှင်ဖြစ်လာရင် မင်းလိုချင်သမျှအရာအားလုံးဟာ မင်းလက်ထဲကို ရောက်ရှိလာလိမ့်မယ်....ဒီကုန်မြေကြီးမှာ ရှင်သန်ဖို့က မင်းဟာ သန်မာပြီး အင်အားကြီးနေမှ ဖြစ်မယ် မင်းသာ မသန်မာရင် အင်အားမကြီးရင် အရာအားလုံးက မင်းကိုဝါးမျိုသွားလိမ့်မယ် ငါ့သား...." ဟုဆိုကာ နာကြည်းချက်များနှင့်ပြည့်နက်နေသော မျက်ဝန်းတစ်စုံတို့သည် ရာဇကတိုင်းကိုကြည့်လျက်......

သားတော် "သား တော်မှတ်သားထားပါ့မယ်....လက်တွေ့လည်းကျင့်ကြံပါ့မယ်...."

မင်းကြီးသည် ရဌ၏ စကားကိုကြားသည်နှင့်တပြိုင်နက် သဘောကျ၍ အားပါးတရရယ်သံမှာ လေသာနန်း ဆောင်တစ်ခုလုံးလွှမ်းလျက်...
ထို့နောက်....

ဘုရင်ကြီး "အမတ်မင်းတို့လာကြစမ်း....."

အမတ်မင်းများ "မှန်လှပါဘုရား.... "

ဘုရင်ကြီး " ယခုချက်ချင်း လက်တင်မနှေး ငါမိန့်ကြားသည်များကို ရွှေပေလွှာထက်တွင် ရွှေကညှစ်ဖြင့် မှတ်သားထားကြကုန်လော့...."

အမတ်မင်းများ " မှန်လှပါဘုရား.... "

ဘုရင်ကြီး " မဟီလန္နကပြည့်ရှင်တစ်ဖြစ် မဟာစာဂါရကုန်း မြေကြီးရဲ့ ဒုတိယအင်အားအကြီးမားဆုံး ဖြစ်သော မောရိယ မျိုးနွယ်ဝင် ငါအရှင် ဟတ္တနန္ဒမောရိယမှ အမှာတော်ပါးလိုက်သည်မှာ ရာဇကတိုင်း၏ ကောင်းကင်ယံမှ ထူးဆန်းသော အချင်းအရာတို့ကို အကျွန်ုပ်မင်းကြီးသာမက လက်ဝဲလက်ယာအမတ်ကြီးများနှင့် ပြည့်သူများပါလှမ်းကာမြင်နေရသည်....ဤအချင်းအရာတို့ကိုမြင်ရသော တိုင်းသူပြည်သားတို့မှာ စိုးရိမ်ထိတ်လန့်ခြင်း ပူပန် ကြောင့်ကြခြင်း တို့နှင့်အတူ များစွား သော ယိုးစွတ်မှု့တွေလည်း ပေါ်ပေါက်လာခဲ့ပေသည်.... ဤအချင်းအရာတို့ကိုကြည့်....မဟာစာဂါရကုန်းမြေရှိ ပြည်သူများ မငြိမ်မသက်ဖြစ်လာနိုင်မှု့ကို ရှေးရှု့ကာ လေးပါးတိုင်းပြည်အစည်းအဝေးကို ရှေးဟောင်းနတ်ဘုရားနန်းတော်တွင် သဝန်လွှာရေးသည်မှစ၍သဘက်ခါတွင်ပြုလုပ်မည်....ထို့ကြောင့် ရာဇကတိုင်းပြည့်ရှင်အနေဖြင့် လေးပါးတိုင်းပြည်အစည်းအ ဝေးကို တက်ရောက်၍ ဖြေရှင်း‌‌ ပေးစေချင်ကြောင်းအကျွန်ုပ် ဟတ္တနန္ဒမောရိယမှ အမှာတော်ပါးလိုက်သည်.....

ချစ်၍သာလျှင်....ချည်ခဲ့မိပါသည်..... I Tied It....Only For Love To You.....  Where stories live. Discover now