ဟေဒံတို့ကျောင်းမုခ်ဝရောက်သည်နှင့်တပြိုင်နက်....ကျောင်းမုခ်ဝတွင် စောင့်ကြပ် နေသော ကျောင်းစောင့်များက ချက်ချင်းမုခ်တံခါးဝကို ဖွင့်ပေးသည်....
ထို့နောက် ယုယာဏ တောင်စဉ်ထိပ်ကို ထပ်မံပျံသန်းကာ....ဆရာကြီး အဌရာနရှိရာ ဝန္တနအခန်းမဆီသို့....
အခန်းမ ရှေ့ဆို့ ဟေဒံသည် ယဉ်သက်ရှု့ မောဖွယ်ရာ ပုံစံ ဝဲပျံကာဆင်းသက်လာသည်....ဟေဒံမြေပြင်ဆို့ဆင်းသက်လာသည့် နောက် အမတ်ကြီးဟာလည်း ဟေဒံ၏ ကျော ပေါ်မှ ခုန်ဆင်းကာ ဆရာကြီးရှိရာ ဝန္တန အခန်းမသို့သွားရာက်ကာ ဆရာကြီးနှင့်တွေ့လေသည်.....အမတ်ကြီး " မဟာရာဇကတိုင်းမှ အမတ်မင်း စန္ဓနမှ ဆရာကြီး အဌရာနကို နှုတ်ဆက်ပါတယ် ကျန်းမာပါစ ဆရာကြီးခင်ဗျ "
ဆရာကြီး "အေးကွယ် ကျန်းကျန်းမာမာရှိပါတယ် မောင်ရယ် ဒါနဲ့ လာရင်းကိစ္စက မနေ့က ဖြစ်ပျက်တဲ့အချင်းအရာကြောင့်ပေလား စန္ဓန "
အမတ်ကြီး " ဟုတ်ပါတယ်ဆရာကြီး နောက်ပြီး ဆရာကြီးရဲ့ တပြည့်ရင်းမှ ဆရာကြီးကို ဒီပေလွှာကို ဆရာကြီးထံ ပေးရန် အမှာတော်ပါးလိုက်ပါတယ် "ဟုဆိုကာ သိုလှောင်လက်စွပ်ထဲမှ ပေလွှာတလိပ်တစ်ခုထွက်လာကာ ဆရာကြီးကိုရိုသေစွာ လက်နှစ်ဖက်ဖြင့်ဆက်သ လေသည် .....
( AN - သိုလှောင်လက်စွပ်ကို တရုတ်ကားကြည့်တဲ့ သူတွေနဲ့တော့ မစိမ်းလောက်ပါဘူး ဒါပေမဲ့ မသိတဲ့သူတွရှိနေမှာလည်းဖြစ်နိုင်တာကြောင့် ရှင်းပြပါမယ် အဲ့မဟာစာဂါရခေတ်မှာ သိုလှောင်လက်စွပ် သိုလှောင်အိတ် တွေကို တော်တော်များများအသုံးပြုကြပါတယ် လက်စွပ်ကိုတော့အထက်တန်းစားသူ တွေက အသုံးပြုကြပြီး သိုလှောင်အိတ်ကိုတော့ အလယ်အလတ်တန်းစား သူတွေက အသုံးပြုကြပါတယ်....သူကဘယ်အရာဝတ္ထုပစ္စည်းကိုမဆို ထည့်ထားလို့ရပါတဲ့ ကမ္ဘာငယ်တစ်ခုပါပါတယ် တစ်ခုခုကို သိမ်းယူမယ်ဆို သိမ်းယူမဲ့ပစ္စည်းအ ပေါ်က နေ ဝှေ့ယမ်းလိုက်ယုံပါပဲ အိတ်ရော လက်စွပ် ရော အသုံးပြုပုံအတူတူပါပဲ....နည်းနည်းလေးသိုလှာင်နိုင်တာနဲ့ များများသိုလှာင်နိုင်တာပဲကွာပါတယ်....)
ဆရာကြီးသည် ပေလွှာကိုမြင်သည်နှင့် ညာလက်တစ်ဘက်ကိုဝေ့ယမ်းလိုက်သည်နှင့် ပေလွှာသည် လေပေါ်သို့ မြောက်တက်သွားကာ ဆရာကြီးလက်ထဲသို့ရောက်လာ လေသည်....
ဆရာကြီး ပေလွှာကို ဖတ်ရှု့ပြီးနောက်.....
YOU ARE READING
ချစ်၍သာလျှင်....ချည်ခဲ့မိပါသည်..... I Tied It....Only For Love To You.....
FantasíaI Tied It....Only For Love To You.... ချစ်၍သာလျှင် ချည်မိခဲ့ပါသည် ....( Uni + Zawgyi ) ( Own Creation ) Fantastic ,Horror , History , BL ဒီဇာတ်လမ်းလေးက စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်...ဇာတ်အိမ်လေးကို ရှေးခေတ်ပုံစံပုံဖော်ထားပြီး တခြားဇာတ်...