အပိုင်း(၅)ဒဏ္ဍာရီလား ခမ်းနားစွာ မွေးဖွားခြင်း...

114 1 0
                                    

ကိုးလလွယ်ကာဆယ်လသို ရောက်လာလေပြီ.....
မဟာနက္ကသက္ကရာဇ် ၈၆၆၀ ပြည့်၍များစွာသာ နက္ခတိုသည်လည်း ကောင်ကင်၌ တောက်ပစွာတည်နသည်....တစ်မြိုလုံး၌ အချိန်အခါမဲ့ပန်းများစွာဖူးပွင့်၍ ထိုပန်းရနံ့များကား လေယူရာသိုတိုင်သင်းပြန့် နေလေသည်.....ထိုအပြင် ရာဇကတစ်မြိုတွင်သာမက မဟာစာဂါရ ကုန်းမြေရှိရေကန်းများတွင်လည်း ပဒုမ္မာကြားပန်းများသည် လှပစွာဖူးပွင့်ကာ နေသည်....များစွာသာ ဥတ္တရအလင်းတန်းများသည်လည်း နတ်ဘုရားများ ကောင်းချီမင်္ဂလာပေးသယောင် ဖြစ်နေလေသည်....တဖြည်းတဖြည်းနှင့် ညည့်နက်ယံမှ အာရုံတက်ချိန်သို ရောက်လာခဲ့လေသည်....နန်းတွင်း၌လည်း သမားတော် များ ဆေး ကျောင်းတော်၏ အကြီးအကဲများနှင့် ဘုရင်ကြီး၏ ဆရာတစ်ဆူလည်းဖြစ်သည် ဧက္ကသာရ ကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ် သော ဆရာကြီးအဌရာန လည်းရောက်နေလေသည်..... ။ဘုရင်ကြီးသုရာန နှင့် ညီကိုများသာမက နောက်လိုက်ခြံရံများပါမိဘုရားကြီးပဒုမ္မ နန်း ဆောင်ရှ့တွင် ရှေ့လျှောက်လိုက် နောက်လျှာက်လိုက်ဖြင့် အလုပ်ရှုပ် နေကြသည်....။သန်းခေါင်ယံကျော်သည်မို မဟာမာလာ နေ့သို ရောက် ပြီဖြစ်သောကြောင့် ရာဇက မြိုတွင်းရှိ ပြည်သူများမှာ မဟာမာလာပွဲ တော်ကို ဆင်နွှရန် ပြင်ဆင်သူများကပြင်ဆင်....မိဘုရားကြီး နှင့် ရင်သွေး ရတနာအတွက် ဆုတောင်းသူများလည်းရှိနေလေသည်.....မိဘုရားကြီး၏ ယောင်းမ တော်ဖြစ်သော မဟာသုစာရ နှင့် မဟာခတ္တာဏ တိုသည်လည်း မဟာမာလာနတ်မင်း နှင့် မဟာပဒုမုတ္တရ ဝတ်ကျောင်းတော်၌ နောက်လိုက်အခြွေအရံများနှင့်အတူဝတ်ပြုကာ ဆုတောင်း နေကြသည်.....။

( AN - မဟာမာလာနေ့ဆိုတာကတော့ မဟာမာလာနတ်မင်းကြီး နဲ့ မဟာပဒုမုတ္တရ နတ်မင်းကြီး နှစ်ယောက်ဟာ အထက်လောကသို ရောက်ရှိတဲ့နေ့ဖြစ်သလို မဟာမာလာနတ်မင်းက မဟာစာဂါရ ကုန်း မြေ ကို နတ်ဆိုးများရန်ကနေ ကာကွယ်ပေးတိုက်ခိုက်ပြီး အောင်မြင်တဲ့နေ့လည်းဖြစ်ပါတယ်....အဲ့နေ့မှာ မာလာနတ်မင်းကို ကိုးကွယ်တဲ့ သူတွေ လေးစားတဲ့သူတွဟာ အဖြူရောင် အဝတ်အစားများဝတ်စားဆင်ယင်ကာ ပျော်ပွဲရွှင်ပွဲများ ပြဇာတ်များပြခြင်း ကြာပန်းမျှောခြင်းများ နဲ့ ကံကောင်းဖိုအတွက် လမ်းနဲ့ နေအိမ်ကို အလှဆင်ခြင်း နဲ့ လက်ဆောင် အပြန်အလှန်ပေးခြင်း တွေ ပြုလုပ်ကြတဲ့ပွဲဖြစ်ပါတယ်.....)

ချစ်၍သာလျှင်....ချည်ခဲ့မိပါသည်..... I Tied It....Only For Love To You.....  Where stories live. Discover now