7

724 130 2
                                    

ညရောက်တော့လည်း အိပ်ဖို့က ပြဿနာဖြစ်လာသည်ပင်။ဆိုးသွမ်းတဲ့နဂါးလေးက
အိပ်ရာတစ်ခုကို ပြင်ဆင်ထားခဲ့သည်။မင်းသားလေးက အိပ်ရာကိုတချက်ကြည့်ရင်း မေးလာသည်။

"ဒါ သားရေလား"

"အွန်း၊ဒီသားရေကနူးညံ့တယ်၊ပြီးတော့ အများကြီးထပ်ထားတာ"

"ညဆို မင်းဒီပေါ်မှာအိပ်တာပေါ့?"

"မဟုတ်ပေါင်၊ဒါကမင်းသမီးလေးအတွက်"

"မင်းသမီးလေးအိပ်ဖို့...."

မင်းသားလေးမှာ ရယ်ရခက်ငိုရခက်ဖြစ်သွားရသည်။

"ဖမ်းခေါ်ခံရတဲ့ မင်းသမီးတိုင်းက နန်းတော်ကိုပြန်ရောက်တာနဲ့ မင်းတို့နှိပ်စက်တာခံရတယ်လို့ ဘာကြောင့်ပြောကြလဲတွေးနေခဲ့တာ။ငါ့အထင် ငါ့ညီမလိုမင်းသမီးမျိုးကပဲ ဒီပေါ်မှာ အထွန့်မတက်ပဲအိပ်နိုင်လိမ့်မယ်။
ဒါနဲ့ မင်းကဘယ်မှာအိပ်တာ?"

"ငါကသေချာပေါက် ဟိုမှာအိပ်တာပေါ့"

နဂါးလေးက ဘေးမှာရှိနေတဲ့ ရွှေဒင်္ဂါးပုံကြီးကို ညွှန်ပြရင်း ဆက်ပြောလိုက်သည်။

"ငါ့ပေါင်ပေ့လေးတွေကို ဖက်ပြီးတော့လေ"

"အိုင်းယား...အဲ့ပေါ်အိပ်တော့ ခိုးလိုးခုလုဖြစ်မနေဘူးလား"

"မဖြစ်ပါဘူး...အာ....ငါက"
နဂါးလေးက ပြောနေရင်းကနေ မျက်မှောင်လေးကုတ်လာသည်။

"ငါက အရေထူတာမဟုတ်ဘူးနော်!
နဂါးတွေအကုန်လုံးက ဒီလိုမျိုးပဲ!"

မင်းသားလေး :?

ရိုးသားရှာတဲ့ မင်းသားလေးကပြောလာသည်။

"ငါဘာမှမပြောဘူးလေ"

"ငါကအရေထူလို့ အရှက်မရှိတာလို့မင်းပြောချင်နေတာလေ!"

"ငါဘာမှမပြောရသေးဘူး"

"မင်းပြောချင်နေတာ"

."မင်းတကယ်အထင်လွဲနေပြီ......
မင်းရောဒီမှာအိပ်ချင်လားလို့မေးချင်တာ။
ဒင်္ဂါးပုံပေါ်အိပ်ရတာ အတော်လေးအဆင်မပြေဖြစ်မဲ့ပုံပဲ"

နဂါးလေးက အနည်းငယ်တွေဝေသွားသည်။

"ဒါပေမဲ့........"

不怎么恶的龙,还有王子(Myanmar Translation)Where stories live. Discover now