16

779 140 4
                                    

ဆိုးသွမ်းတဲ့နဂါးလေးက အတော်လေးစိတ်ရွှင်နေတာကြောင့် တစ်ပတ်လုံးနီးပါးလမ်းလျှောက်ရင်တောင် လေပေါ်လွင့်နေလေသည်။နဂါးလေးက "လုံရှန်းယင်ကျား"(အောင်နိုင်သူနဂါးသခင်ကြီး) ဟူသော စာလုံးလေးလုံးကိုပင် ဂူအပြင်ဖက်မှာ ထွင်းထားလိုက်သေးသည်။နေဝင်ရီတရောအချိန်မှာတော့ နှစ်ဦးသားက တောင်အောက်ကို အရက်ဝယ်ဖို့ထွက်လာခဲ့ကြသည်။

မင်းသားလေးက လုပ်စရာမရှိပဲ ပျင်းနေတာကြောင့် နဂါးလေးကိုစနောက်ဖို့ဆုံးဖြတ်လိုက်သည်။

"အကယ်လို့ တစ်ယောက်ယောက်က နောက်ပိုင်းကျကိုယ်နဲ့ ဂူသုံးဂူစာရွှေတွေလဲဖို့ပြောလာရင် မင်းဘယ်လိုလုပ်မလဲ"

မင်းသားလေးက နဂါးလေးဒီမေးခွန်းကိုပြန်ဖြေဖို့ အချိန်အတော်ယူဦးမယ်လို့ထင်ထားခဲ့တာဖြစ်သည်။အတော်ကြာစဉ်းစားပြီးရင်တော့ ရွှေတွေနဲ့သူ့ကိုလဲမယ်လို့ဖြေလာလိုက်လိမ့်မည်ပင်။မထင်ထားစွာနဲ့ နဂါးလေးက တုံ့ဆိုင်းမနေပဲ ခေါင်းယမ်းပြလာသည်။

"မလဲနိုင်ပေါင်.."

မင်းသားလေး:?

"ဒါဖြင့် ကိုယ်ပြန်လိုက်သွားရမှာလေ"

ဆိုးသွမ်းတဲ့နဂါးလေးက ခေါင်းတဆတ်ဆတ်ညိတ်ရင်းပြောလာသည်။

"မတတ်နိုင်ဘူးလေ"

မင်းသားလေး:?

နဂါးလေးကပြောင်းလဲသွားပြီ။အရင်တုန်းက ရတနာတွေအကုန်လုံးနဲ့သူ့ကိုလဲနိုင်ခဲ့ပါသော ချစ်စရာကောင်းတဲ့အငိုသန်နဂါးလေးမရှိတော့ဘူး။နဂါးလေးက သူဌေးကြီးဖြစ်သွားတာနဲ့ ဆိုးသွမ်းသွားခဲ့ပြီ။

မင်းသားလေးက အတော်လေးစိတ်မကောင်းဖြစ်သွားရသည်။

"မင်းကိုယ့်ကို မချစ်တော့ဘူးလား"

"ဟင့်အင်း..ချစ်ပါတယ်ရော်"

နဂါးလေးက ရိုးသားစွာနဲ့ဖြေလိုက်သည်။

"ဒါပေမဲ့ ပိုက်ဆံကိုလည်းကြိုက်တယ်"

မင်းသားလေး:........

မင်းသားလေးက တောင်းဆိုချက်ကို တစ်ဆင့်နှိမ့်ပြီးမေးလိုက်သည်။

不怎么恶的龙,还有王子(Myanmar Translation)Where stories live. Discover now