13

734 133 9
                                    

အတော်ကြာအောင် မတိုးသာမဆုတ်သာဖြစ်နေပြီးတဲ့နောက်မှာတော့ မင်းသားလေးရဲ့ ဇဝနဉာဏ်သည်လည်း ကုန်စင်သွားခဲ့လေသည်။မင်းသားလေးက သက်ပြင်းချလျက် ထရပ်လိုက်ပြီး စကားစဖို့ကြံနေစဉ်မှာပဲ ဆိုးသွမ်းတဲ့နဂါးလေးက ကျောက်တုံးပေါ်ထိုင်နေရာကနေ ရုတ်တရက်ကြီးခုန်ဆင်းလာသည်။ထို့နောက် စကားတစ်ခွန်းမှမပြောပါပဲ ခြေဖျားထောက်ပြီးစစ်သူကြီးရဲ့လည်ပင်းကနေ ကိုင်ပြီးဆွဲခေါ်သွားလေ၏။စစ်သူကြီးက မထင်မှတ်ထားတာကြောင့် တုံ့ပြန်ချိန်မရလိုက်ပဲ နဂါးလေးဆွဲခေါ်သည့်နောက် တရွတ်တိုက်ပါသွားရှာသည်။

မင်းသားလေး:?

စစ်သူကြီး:?

ဘယ်သူကမှ ဆိုးသွမ်းတဲ့နဂါးလေးက စစ်သူကြီးကိုဂူထဲသို့ဆွဲခေါ်သွားလိမ့်မည်ဟုမထင်ထားခဲ့။ဆိုးသွမ်းတဲ့နဂါးလေးမှာ လောင်းကစားသမားတစ်ယောက်ရဲ့ လက္ခဏာတွေပေါ်လာခဲ့သည်။ရွှေတစ်အိတ်တောင် သုံးပြီးနေမှ‌တော့ နောက်ပိုင်းဘယ်လောက်ပဲသုံးလိုက်သုံးလိုက် ဘာမှမထူးတော့ဟူ၍။ပိုင်ဆိုင်သမျှအရာအားလုံးကိုပုံအောလောင်းပြီး နောက်ဆုံးပိတ်အိတ်နဲ့လွယ်သည့်အနေဖြင့် ပိုက်ဆံတွေကိုပြန်ယူမည်ကြံနေသော လောင်းကစားသမားလိုပင်။နဂါးလေးက စစ်သူကြီးကို တခြားသူရဲကောင်းများကဲ့သို့ ဂူထဲခေါ်သွားပြီး တစ်ဝက်မျှကျန်နေပါသေးသည့် ရတနာတွေကို ခေါ်ပြလိုက်သည်။

စစ်သူကြီးခမျာ ရှုပ်ထွေးလျက်ရှိသည်။

မင်းသားလေးလည်း ရှုပ်ထွေးလျက်ရှိသည်။

ရှေ့ရက်တွေက ရွှေတွေတစ်အိတ်ပြီးတစ်အိတ်ပေးလိုက်ရတုန်းက ဒီပုံအတိုင်းဆို ဂူတစ်ခုလုံးပြောင်သလင်းခါသည်အထိ ပေးလိုက်ရမည်ကို ပူဆွေးနေခဲ့တာကို ကျန်နေသမျှအကုန်လုံးကို ပုံအောပေးလာမည်ဟု မထင်ထားမိခဲ့။ဒီလောက်များပြားတဲ့ ပမာဏကြီးကိုကြည့်ပြီး တစ်ဘဝလုံးရွှေတွေကိုအမြတ်တနိုးနဲ့ တစ်ပြားသုံးဖို့ကိုတောင် တွန့်တိုတတ်ရှာသော နဂါးလေးမပြောနဲ့၊သူကိုယ်တိုင်တောင် ဝမ်းနည်းလာရသည်။အသိသာကြီးကိုပင် ဒီလောက်များပြားတဲ့ပမာဏကိုမြင်ရင် တုတ်တုတ်မလှုပ်တဲ့ စစ်သူကြီးတောင် တုံ့ပြန်လာလိမ့်မည်။

不怎么恶的龙,还有王子(Myanmar Translation)Where stories live. Discover now