(၁)
နှစ်ဝက်ကြာပြီးနောက်မှာတော့ မင်းသားလေးနဲ့နဂါးလေးက တော်ဝင်နန်းမြို့တော်ဆီကို ပြန်လာခဲ့ကြသည်။စစ်သူကြီးက ရဲမက်တွေနဲ့ တောင်ပေါ်ကို လာရောက်ဖိတ်ကြားခြင်းကြောင့် ပြန်ခဲ့ကြခြင်းဖြစ်သည်။
လွန်ခဲ့သောလက မမျှော်လင့်ထားသည့် မတော်တဆမှုတစ်ခုကနေ နောက်ထပ်မတော်တဆမှုဖြစ်ပွားခဲ့သည်။အိမ်နီးချင်း နိုင်ငံအသေးလေးတစ်ခုသည် နှစ်နိုင်ငံငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး တစ်ညမှာ စစ်သည်တစ်စုနဲ့ ခြုံခိုတိုက်ခိုက်လာခဲ့သည်။မြို့စောင့်တပ်သားတွေက မပြင်ဆင်ထားတာကြောင့် မြို့ဝင်ဂိတ်က အလျင်အမြန်ပဲ ကျိုးပျက်သွားခဲ့လေသည်။တပ်ကူတွေ ရောက်ရှိလာတဲ့အချိန်မှာ မြို့ထဲမှာအေးချမ်းနေတာကို တွေ့လိုက်ရပေသည်။မေးမြန်းကြည့်သည့်အခါမှာတော့ ထိုညကကျူးကျော်လာသည့် စစ်သည်များသည် ညတွင်းချင်းပြန်ပြေးသွားကြသည်။အကြောင်းမှာဆိုးသွမ်းတဲ့နဂါးက သူတို့ကိုနောက်ကနေ အသေအကြေလိုက်လံတိုက်ခိုက်ခဲ့ပြီး ခုခံဖို့မဖြစ်နိုင်တာကြောင့် ပြန်ပြေးသွားခဲ့ကြသည်ဟူသတတ်။
ဒါက တကယ်တော့ မတော်တဆတစ်ခုဖြစ်သည်။
နဂါးလေးက တမင်သက်သက် သူတို့ကိုမီးမှုတ်ပြီးခြောက်လန့်ခဲ့သည်မဟုတ်ပါချေ။အဖြစ်မှန်က နဂါးလေးက အလွန့်အလွန်ကို အရက်မူးနေခဲ့တာပင်။တည်းခိုဆောင်မှာတုန်းက မင်းသားလေးက နဂါးလေးကို မီးတွေမှုတ်ထုတ်မနေဖို့ ဆက်တိုက်ပြောနေခဲ့တာကြောင့် နဂါးလေးမှာ မနည်းအောင့်အီးထားရတာဖြစ်သည်။မင်းသားလေးက အရက်ဖိုးသွားရှင်းနေတုန်းမှာ အပြင်ဖက်ကနေ ဆူညံသံတွေကြားလိုက်ရသည်။မင်းသားလေး အပြင်ထွက်ကြည့်လိုက်တော့ လူတစ်စုက အော်ဟစ်ရင်းခွေးပြေးဝက်ပြေး ထွက်ပြေးနေကြသည်။နဂါးလေးက လူတွေရဲ့အော်သံကြောင့် အလွန်တရာထိတ်လန့်သွားပြီး လိုက်အော်တဲ့အချိန်မှာ ကြီးမားတဲ့မီးတောက်ကြီးထွက်လာလေသည်။တစ်ဖက်မှ အော်သံတွေက ပိုမိုကျယ်လောင်လာတာကြောင့် နဂါးလေးက ထပ်ပြီးအော်လိုက်ပြန်၏။ထိုသို့ အခေါက်ပေါင်းမနည်းဖြစ်နေပြီးနောက်မှာတော့ နဂါးလေးက ရန်သူတွေကို အောင်မြင်စွာ မောင်းထုတ်နိုင်လိုက်လေသည်။
![](https://img.wattpad.com/cover/359771424-288-k926609.jpg)
YOU ARE READING
不怎么恶的龙,还有王子(Myanmar Translation)
Historia CortaTitle: Not so-evil dragon and Prince (不怎么恶的龙,还有王子) Author: LiangLiang (俩俩) Status: Completed (16 chapters+1 extra)