8

712 132 1
                                    

နှစ်ရက်ကြာပြီးနောက်တွင်တော့ တောင်ခြေကမြို့လေးဆီ သတင်းရောက်လာခဲ့သည်။မြို့တော်မှ လူလွှတ်ပြီး နိုင်ငံအနှံ့ကြေငြာစာတွေ လိုက်ကပ်နေပြီးစာထဲတွင် 'အိမ်နီးနားချင်းနိုင်ငံမှ မင်းသမီးနှင့်လက်ဆက်မည့်နေ့တွင် မင်းသားလေးကို ဆိုးယုတ်သောနဂါးက ပြန်ပေးဆွဲသွားသည်။မင်းသားလေးကို ကယ်တင်ပေးနိုင်မည့် သူရဲကောင်းရှိခဲ့ပါက ထိုသူအား ရွှေအသပြာထောင်သောင်းချီအောင် ဆုချီးမြှင့်မည်။' ဟုရေးသားထားသည်။

ဆိုးသွမ်းတဲ့နဂါးလေးက ခြေဖျားထောက်ရင်းလူအုပ်ထဲတိုးဝှေ့ကာ ကြေငြာစာကိုဖတ်ကြည့်လိုက်သည်။နဂါးလေးက စာဖတ်နေတာကိုမြင်တော့ မင်းသားလေးကအံ့အားသင့်သွားလေသည်။

"မင်းက စာဘယ်လိုဖတ်ရမလဲသိတယ်ပေါ့"

"ငါကအရမ်းကို အသိပညာပြည့်ဝတာပါနော်!"

ဆိုးသွမ်းတဲ့နဂါးလေးက ခေါင်းမော့ရင်ကော့ပြီးပြောလာသည်။

"နဂါးတွေရဲ့ ဦးနှောက်အကန့်က အရမ်း...အရမ်းကိုကြီးတာ"

"ဟုတ်ပါရဲ့ ...မင်းကတကယ့်ကို ဉာဏ်ကောင်းတဲ့ နဂါးလေးပဲ"

ဆိုးသွမ်းတဲ့နဂါးလေးက ဒါကို စိတ်ရင်းနဲ့ချီးကျူးတယ်လို့ထင်သွားပြီး နှိမ့်ချမနေတော့ပါချေ။

"အမှန်ပဲ!"

တောင်ပေါ်ကိုပြန်လာတဲ့လမ်းမှာတော့ နဂါးလေးက သူ့ရဲ့ကြီးမားလှပါသော ဦးနှောက်ကိုအသုံးပြုပြီး

ကလိမ်ကကျစ်အကြံတွေစထုတ်ပါတော့သည်။

"ဟေး...မင်းပြောကြည့်၊ငါလူအသွင်ပြောင်းပြီး မင်းကိုပြန်လိုက်ပို့မယ်ဆိုရင်ရော။မင်းကိုကယ်လာတာငါလို့လိမ်ပြောတာကို သူတို့မသိနိုင်လောက်ဘူး။အဲ့လိုသာဆို ဆုကြေးငွေတွေအကုန်ငါရမှာပဲမဟုတ်လား"

မင်းသားလေးက ထိုစကားကြောင့် အနည်းငယ်တွန့်သွားရသည်။

"မင်း...."

"ဘာပဲပြောပြော သူရဲကောင်းရောက်လာရင် မင်းကိုပြန်ခေါ်သွားမှာပဲလေ။ပြန်ရမဲ့တူတူတော့ အဲ့လောက်ရွှေအများကြီးကို ကိုယ့်အိတ်ထဲကိုယ်ဖိတ်သင့်တယ်"

不怎么恶的龙,还有王子(Myanmar Translation)Where stories live. Discover now