2

932 159 4
                                    

မင်းသားလေးက တကယ့်ကိုချောမောသည်။မင်းသားလေးရဲ့တစ်ကိုယ်လုံးက ရွှေအဆင်းလိုလှပလွန်းသည်။သူကနည်းနည်းလေး ခက်ထန်ပေမဲ့ နဂါးဆိုးလေးကတော့ မင်းသားလေးကို သဘောကျတုန်းပဲ။

ဒါပေမဲ့လည်း မင်းသားလေးကိုပြန်ပေးဆွဲလာလို့ကမရပေ။ဘယ်လိုနည်းနဲ့မှမရ။
သမိုင်းတလျှောက် မင်းသမီးလေးတွေကသာ
ပြန်ပေးဆွဲခံခဲ့ရတာလေ။ဆိုးသွမ်းတဲ့နဂါးလေးက
'ငါမင်းကိုပြန်ပို့ပေးရင် ဘယ်လိုလဲ'ဟုမေးလိုက်သည်။

မင်းသားလေးက ''မရဘူး''လို့ပြတ်သားစွာ ပြောလာခဲ့သည်။
''ဘာလို့လဲ''
''ငါသာပြန်သွားရင် သူတို့ကငါ့ကိုနောက်ထပ် လက်ထပ်...''
မင်းသားလေးက ခဏရပ်လိုက်ပြီး
''ဘယ်လိုနေနေ မရဘူး''
အဲ့ဒီနောက်မှာ မင်းသားလေးက မျက်လုံးတွေကိုပြူးပြပြီး နဂါးလေးကိုခြောက်လှန့်တော့သည်။
''အဖမ်းခံရတဲ့ဘယ်သူမှ ပြန်ပို့မခံခဲ့ရဘူး။
မင်းငါ့ကိုပြန်ပို့လိုက်ရင် တော်ဝင်မိသားစုကို
အရှက်ရစေမှာပဲ။သူတို့ဒေါသထွက်ကြလိမ့်မယ်။မင်းကို ရွှေဒင်္ဂါးပြားတွေ မပေးဦးမဲ့အပြင် လက်စားချေဖို့အတွက် စစ်သည်တော်တွေလွှတ်ပြီး မင်းကိုသတ်ကြမှာ''

ဆိုးသွမ်းတဲ့နဂါးလေးက တုန်လှုပ်သွားရသည်။မင်းသားလေးကတော့ ဆက်ပြောလို့မပြီးသေး။
''မင်းကိုသတ်၊သတ်ပြီးရင် ဂူထဲက ရွှေဒင်္ဂါးတွေကိုပါ ယူသွားကြဦးမှာ''
နောက်ဆုံးစကားပြီးတာနဲ့ ဆိုးသွမ်းတဲ့နဂါးလေးက 'ဝါး'ခနဲအော်ငိုတော့သည်။
နဂါးလေးက နှာတရှုံ့ရှုံ့နဲ့ အတော်ကြာအောင် ငိုနေတာမို့ မင်းသားလေးမှာ အနည်းငယ်
နေမထိထိုင်မသာဖြစ်လာသည်။
''ရပြီ တော်ပြီ မငိုနဲ့တော့....'
နဂါးလေးက သူ့ကိုအဖက်မလုပ်ပဲ ရွှေပြားပုံကြီးထဲမှာ ငိုနေတုန်းပဲ။
''မင်းငိုလွန်းလို့ တောင်တစ်ခုလုံး တုန်နေပြီ''
နဂါးလေးက သူ့ကိုလျစ်လျူရှုထားပြီး
တစ်ယောက်တည်းဆက်ငိုနေသည်။
''မင်းငါပြောတာနားထောင်။ငါမင်းကို သူတို့
သတ်မှာကိုခွင့်မပြုဘူး''
ဆိုးသွမ်းတဲ့နဂါးလေးက ဆက်ပြီးရှိုက်နေမြဲ။
''မင်းရဲ့ ရွှေပြားတွေကိုလည်း မယူစေရဘူး''
ထိုအခါမှပဲ နဂါးလေးကအငိုရပ်တော့သည်။
'တ...တကယ်လား?ကတိနော်''
မင်းသားလေးက သက်ပြင်းချလိုက်ပြီး
'ကတိပေးတယ်'

''အဲ့ဒါဆို လက်သန်းချိတ်''
နဂါးဆိုးလေးက သူ့လက်သည်းတွေကိုဆန့်ထုတ်ပေးလာခဲ့တယ်။မင်းသားလေးက သူ့တစ်ဝက်လောက်ကြီးတဲ့ လက်ချောင်းတွေကိုစိုက်ကြည့်ပြီး မှုန်ကုပ်ကုပ်နှင့်
''မင်း လူပုံပြောင်းလိုက်လို့ရလား''လို့မေးလာခဲ့သည်။
''ဒါပေါ့ ရတယ်...ဒါပေမဲ့ငါပြောင်းနိုင်ပါ့မလားမသိဘူး''
ပြောစကားတွေအရ လူတွေက အရမ်းကိုအားနည်းတဲ့မျိုးနွယ်တွေတဲ့။လူတစ်ယောက်ဖြစ်ရတာ အတော်ကို အရှက်ရမည့်ပုံပင်။
နဂါးလေးက ထိုစကားလုံးများကိုတော့ ပြန်မြိုချထားလိုက်သည်။နဂါးလေးက နည်းနည်းလေး စိတ်လှုပ်ရှားနေပြီး
''ဝေးဝေးမှာနေ ငါအရင်ကတစ်ခါမှမပြောင်းဖူးဘူး''
နဂါးလေးက ကိုယ်တိုင်သာမပြောင်းဖူးရုံတင်မဟုတ်ပဲ တခြားနဂါးတွေ လူအသွင်ပြောင်းကြတာကိုလည်း နှစ်ခါသုံးခါသာမြင်ဖူးခြင်းဖြစ်သည်။ပြောရရင် နဂါးလေးရဲ့မေမေ
လူအသွင်ပြောင်းတာကို တစ်ခါလေးပဲမြင်ဖူးတာဖြစ်၏။

အဲ့ဒီတုန်းက နဂါးလေးရဲ့မေမေက
အလဲအလှယ်လုပ်တဲ့ ရွှေပြားတွေထဲကတစ်ခုက ရွှေရည်စိမ်ကြီးဖြစ်နေတာကိုသိသွားခဲ့တာ။နဂါးကိုသတ်ပြီးမင်းသမီးလေးကို ကယ်လာတယ်လို့ လေထွားထားတာမို့ တောင်အောက်ကို လူအသွင်နဲ့ဆင်းမှသာဖြစ်မည်။
ထို့ကြောင့်နဂါးလေးရဲ့မေမေက လူအသွင်ပြောင်းပြီး နန်းတော်အထိသွားကာ ရွှေပြားအစစ်နဲ့လဲယူခဲ့သည်။ဆိုးသွမ်းတဲ့နဂါးလေးက ပထမဆုံးအကြိမ်အသွင်ပြောင်းခြင်းကို
စိတ်လှုပ်ရှားစွာနဲ့စတင်လိုက်သည်။
မမျှော်လင့်ထားပါပဲ အသွင်ပြောင်းခြင်းကအောင်မြင်သွားခဲ့သည်။
နဂါးလေးမှာ ခြေတံလက်တံတွေရှိလာပြီး
တောင်ပံတွေက အခေါက်လိုက်လေး။
သူ့ကိုယ်သူကြည့်ပြီး နဂါးလေးကတော့ အတော့်ကို ကျေနပ်အားရနေသည်။
''ငါ ကြည့်ကောင်းလား''
မင်းသားလေးရဲ့မျက်နှာက ပုံမှန်မဟုတ်တော့ပဲ အသံကလည်းမာတောင့်တောင့်ဖြစ်လျက်
''မင်းသွားပြီး အဝတ်ဝတ်ချေ'ဟုပြောလာသည်။
ဆိုးသွမ်းတဲ့နဂါးလေးကတော့ ဘာမှမသိရှာပဲ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့်
''ဒါပေမဲ့ ငါ့မှာ အဝတ်မှမရှိတာ''လို့ပြောလေသည်။

မင်းသားလေးရဲ့မျက်နှာကနီရဲလာပြီး ထူးဆန်းစွာပဲအသံကလည်း မာထန်လာပြန်သည်။
''ဒါဆိုလည်း မင်းပုံပြန်ပြောင်း''

'အို့'
ဆိုးသွမ်းတဲ့နဂါးလေးက စိတ်ပျက်အားလျော့သွားရှာသည်။
''ငါကတော့‌လူပုံပြောင်းတာ လှတယ်လို့ထင်နေမိတုန်းပဲ"

------------------------------------------------------

အမလေးဟဲ့ သူကပင်ကီပရောမစ်ကလုပ်ချင်သေးတာနော်။

不怎么恶的龙,还有王子(Myanmar Translation)Where stories live. Discover now