သေချာပေါက်ကိုပဲ သူရဲကောင်းကတစ်ယောက်တည်းရှိသည်မဟုတ်ပါချေ။ရွှေအိတ်တစ်အိတ်နဲ့ ဒီပြသနာကို ဖြေရှင်းလို့မရနိုင်။ပထမဆုံးသူရဲကောင်းရောက်လာပြီးရင် ဒုတိယမြောက်သူရဲကောင်း...ထို့နောက် တတိယမြောက်တွေလည်းရှိလာပေမည်။ပထမရွှေအိတ်ပြီးရင် ဒုတိယမြောက်....တတိယမြောက်ရွှေအိတ်တွေကိုလည်း ပေးရတော့မည်ဖြစ်သည်။နဂါးလေးရဲ့အမြီးက ပြန်မဝင်သွားနိုင်ရုံသာမက ရက်အနည်းငယ်ကြာပြီးနောက်မှာ ချိုတွေပါထွက်လာတော့သည်။နဂါးလေးက အရင်ကလို ရွှေပြားတွေကို ထိုင်မရေတွက်နေတော့ပါချေ။လျော့နည်းလာသော ရွှေများကြောင့် နဂါးလေးက အရမ်းကိုမပျော်မရွှင်ဖြစ်နေရှာသည်။အရင်ဆုံး အရက်သောက်ပြီး ဝမ်းနည်းမှုကိုဖြေဖျောက်သည်။နောက်ပိုင်းမှာတော့ အရက်ဝယ်သောက်ရတာလည်း ရွှေကုန်တာကြောင့် မသောက်နိုင်တော့။နဂါးလေးက မင်းသားလေးရင်ခွင်ထဲဝင်ပြီး သူ့ကျောကိုအပွတ်ခံရုံသာတတ်နိုင်တော့သည်။မင်းသားလေးပြန်သွားပြီး လက်ထပ်မှာနဲ့ ရွှေပြားတွေဆုံးရှုံးရခြင်း နှစ်ခုလုံးက နဂါးလေးကို ဝမ်းနည်းစေသည်။ဘာကိုပဲရွေးရွေး ဆုံးရှုံးရမည်သာဖြစ်ပြီး ဘာတစ်ခုကို လက်လွှတ်ရမလဲမသိတော့ပါချေ။မင်းသားလေးက ကြယ်တွေကိုကြည့်ပြီး ညီမဖြစ်သူ အမြန်ဆုံးစစ်သည်အင်အားအပြည့်နဲ့ ထီးနန်းလုရန်ကိုသာ ဆုတောင်းနေနိုင်သည်။ဒီဆုတောင်းက အမှန်တော့ အတော်လေးလက်တွေ့မဆန်။မင်းသမီးလေးက အမြဲတမ်းဘုရင်ဖြစ်ချင်နေခဲ့တာဆိုပေမဲ့ဒီလိုမျိုး ပွစိပွစိရေရွတ်လေ့ရှိသေးသည်။
"နင်ဘာလို့ ငါ့ထက်နှစ်နှစ်ကြိုပြီးမွေးလာရတာလဲ။ဒီဓလေ့ထုံးတမ်းဟောင်းတွေက အရင်ကတည်းက မရှိသင့်တာကြာပြီ..ဘလာဘလာ.."
သို့သော်ငြား ဘုရင်ကြီးနဲ့ မင်းသမီးလေးကြားက သားအဖဆက်ဆံရေးက အလွန်ကောင်းမွန်ပါ၏။စစ်သည်အင်အားအပြည့်နဲ့ ထီးနန်းလုဖို့ဆိုတာ မဖြစ်နိုင်ပါချေ။ရှေ့ဆက်ရမဲ့လမ်းက အတော်ကိုဝေဝါးနေတာမို့ နှစ်ဦးသား သက်ပြင်းမောတွေသာချနေမိတော့သည်။နောက်ဆုံးရောက်လာခဲ့သူကတော့ စစ်သူကြီးဖြစ်သည်။လက်အောက်ငယ်သားများကိုဦးဆောင်ပြီး မင်းသားလေးကိုလိုက်ရှာခဲ့သော အနှီခေါင်းဆောင်ကြီးက ယခုလည်းရဲမက်များစွာကိုခေါ်ဆောင်လာခဲ့ပါ၏။သူက အထူးပြုလုပ်ထားပါသော ချပ်ဝတ်တန်ဆာကြီးကိုပါ ဝတ်လာခဲ့ပြီး ရွှေတစ်အိတ်နဲ့ပြန်လွှတ်လို့မရကြောင်း သိစေလိုက်သည်။အဓိကကတော့ ဦးလေးတစ်ယောက်အနေနဲ့ မင်းသားလေးဘာတွေးနေလဲဆိုတာကို သိနေခြင်းပင်။မင်းသားလေးက တောင်ပေါ်မှာ အန္တရာယ်ရှိသော နဂါးနဲ့အတူရက်ပေါင်းများစွာနေနေခဲ့ပြီး ရဲရင့်သောသူရဲကောင်းတွေက မင်းသားလေးကိုမကယ်တင်နိုင်သည့် အကြောင်းရင်းကို ရိပ်မိနေခဲ့သည်။တူဝရီးနှစ်ယောက်က မျက်နှာချင်းဆိုင်ရင်း တစ်ယောက်ကိုတစ်ယောက် အကြာကြီးကြည့်နေခဲ့ကြသည်။ဆိုးသွမ်းတဲ့နဂါးလေးက ဘေးနားရှိကျောက်တုံးကြီးပေါ်ထိုင်ရင်း စစ်သူကြီးကို မုန်းတီးစွာကြည့်နေသည်။
![](https://img.wattpad.com/cover/359771424-288-k926609.jpg)
YOU ARE READING
不怎么恶的龙,还有王子(Myanmar Translation)
Historia CortaTitle: Not so-evil dragon and Prince (不怎么恶的龙,还有王子) Author: LiangLiang (俩俩) Status: Completed (16 chapters+1 extra)