10

648 132 1
                                    

တစ်ခုသော နေ့လယ်ခင်းမှာတော့ ပထမဆုံးသူရဲကောင်းက တောင်ပေါ်ကိုရောက်လာခဲ့တော့သည်။သူရဲကောင်းရဲ့ဘဝမှာ များစွာသောဘေးဒုက္ခမုန်တိုင်းတွေကို ဖြတ်ကျော်ခဲ့ဖူးပြီ။မလာခင်ကတည်းက အဆိုးဆုံးကို ကြိုတင်တွေးထားခဲ့သည်။အိမ်ကဇနီးနဲ့ကလေးတွေကို သူသေသွားရင်လုပ်ရမဲ့အစီအစဉ်တွေကိုကြိုပြောခဲ့သလို ရောင်းရင်းတွေနဲ့လည်း နှုတ်ဆက်အရက်ဝိုင်းထောင်ပြီးခဲ့ပြီ။သူရဲကောင်းက ဓားနဲ့ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး တောင်ပေါ်ကိုရောက်တာနဲ့ဖြစ်လာနိုင်ချေရှိသည်များကို ပုံဖော်ကြည့်နေမိသည်။နဂါးရဲ့မျက်နှာကိုပင် မမြင်လိုက်ရခင် သူ့အသက်နဲ့ခန္ဓာဟာအိုးစားကွဲသွားပြီး အလောင်းတောင်ရှာမရပဲဖြစ်သွားမည်လော။ကိစ္စတွေကို တွေးကြည့်နေရုံနဲ့မသိနိုင်။သူရဲကောင်းက အာရုံစူးစိုက်ပြီး သတိချပ်လျက် တောင်ထိပ်ကိုတက်လာခဲ့သည်။ငှက်အော်သံများနဲ့ လေတိုးသံတရှပ်ရှပ်ကို လာသည့်လမ်းတလျှောက်ကြားနေခဲ့ရပြီး အသံသေးသေးလေးကြားလိုက်တာနဲ့ သူရဲကောင်းက အသံလာရာဆီကို အလျင်အမြန် ဓားချိန်ရွယ်တော့သည်။ထိုသို့ခရီးဆက်လာရင်းနဲ့ တောင်ထိပ်က နဂါးအသိုက်ကို တဖြည်းဖြည်း မြင်လာရပေပြီ။နှလုံးသားထဲက ကြောက်ရွံ့မှုကပိုမိုကြီးထွားလာပြီး သူရဲကောင်းက ပိုမိုသတိထားလိုက်သည်။

ထို့နောက် နဂါးသိုက်ရှေ့ကမြက်ခင်းပေါ်တွင်လှဲအိပ်ပြီးနေဝင်ချိန်ကိုကြည့်နေပါသည့် လူငယ်လေးတွေကိုတွေ့လိုက်ရသည်။ထိုထဲမှာ တစ်ဦးသည်ပြည့်အင့်နေအောင်စားသောက်ထားပုံရပြီးဗိုက်ကိုပွတ်သပ်လျက်ရှိသည်။

သူရဲကောင်း:?

ဘယ်သူတွေကပါလိမ့်?ဒီကောင်လေးနဲ့ကောင်မလေးကိုရော နဂါးကပြန်ပေးဆွဲထားတာလား?

ဗိုက်ပွတ်နေတဲ့ကောင်လေးက လေချဉ်ပါတက်နေသေးသည်။

ရွှေအိုရောင်ဆံပင်ရှည်တွေနဲ့လူက အနှီဗိုက်ပွတ်နေသူကို ရွံရှာသလိုကြည့်ရင်းပြောလာသည်။

"မင်းကို မဟားတရားမစားပါနဲ့လို့ငါပြောတယ်။ရှေ့နှစ်ရက်လုံး မြင့်မြင့်တောင်မပျံနိုင်တော့တာကို သတိမထားမိဘူးလား"

不怎么恶的龙,还有王子(Myanmar Translation)Where stories live. Discover now