ချစ်ကြွေးရယ်ကုန်-(၁)

1.3K 41 11
                                    

"အမေ့စကား နားမထောင်ချင်တော့ဘူးလားသားရယ် အမေကသားအတွက်ပြောနေတာပါ"

အမေတစ်ခုသားတစ်ခုဘဝနဲ့ကြီးပြင်းလာခဲ့တဲ့လူတစ်ယောက်အနေနဲ့ အမေ့မျက်နှာငယ်နေရတော့ မိုးသောက်ယံတစ်ယောက်အနေရခက်နေရပြီ။ ပူလောင်မွန်းကျပ်နေတဲ့ခံစားချက်တေကိုဖိနှိပ်ဖို့ ‌စားပွဲပေါ်ကကော်ဖီခွက်ကိုဆွဲယူကာမော့သောက်လိုက်မိတော့ သူ့အကြိုက်အခါးအရသာက ဒီနေ့မှပိုခါးနေသလိုလို။

"သားရယ်...သားကgayဆိုတဲ့အဖြစ်ကို မေမေလက်ခံပေးလိုက်ရတာလွယ်နေမယ်များထင်သလားဟင်..."

"မထင်ပါဘူး‌မေမေရယ် သားမထင်ပါဘူး.."

၅နှစ်သားမှာကတည်းကအဖေဖြစ်သူဆုံးပါးသွားခဲ့တဲ့သူ့ဘဝကို ‌အခု ကလေးအထူးကုပါရဂူကြီးဒေါက်တာမိုးသောက်ယံဖြစ်လာတဲ့အထိ တစ်ယောက်ထဲထုဆစ်ပုံဖော်ပေးခဲ့တဲ့မေမေ့မှာ သားသမီးရတနာဆိုလို့ ကိုယ်တစ်ယောက်ထဲမဟုတ်လား။ပြည့်စုံနေတဲ့ဘဝမဟုတ်ဘဲ မိန်းမသားတစ်ယောက်ထဲသားဆရာဝန်ကြီးဖြစ်တဲ့အထိရုန်းကန်ပေးခဲ့ရတဲ့အမေတစ်ယောက်အနေနဲ့ ကိုယ့်သားဟာgayတစ်ယောက်ဖြစ်နေတယ်ဆိုတာ အကြီးမားဆုံးရိုက်ချက်ဖြစ်နေမယ်ဆိုတာသူသိပါတယ်...

"သားကအသက်၃၀တောင်ကျော်နေပြီကွယ်...သားလိုဘဲအမေကလဲငယ်ရွယ်မနေတော့ဘူး...အမေမသေခင်သားအတွက်စိတ်အေးချင်တာလေးကို အမေ့ဆန္ဒကိုလိုက်လျောမပေးနိုင်ဘူးလား..သားရဲ့ဖြစ်တည်မှုကိုလက်ခံပေးနိုင်ပေမဲ့ဖြစ်ချင်ရာဖြစ်နေမှာကိုတော့မေမေလက်မခံနိုင်ဘူးလေ..."

"သားကအမေ့မျက်လုံးထဲပွေရှုပ်နေခဲ့မိလို့လားအမေရယ်"

"မနေပါဘူး..အမေ့သားကသားလိမ္မာလေးပါကွယ်..ဘယ်တုန်းကမှအမေ့ကိုစိတ်မပူစေခဲ့တာ အမေသိပါတယ်..အခုကိစ္စကဘာများခက်ခဲနေလို့ ငြင်းဆန်နေရတာလဲကွယ်...သားကယောက်ျားတေကိုဘဲကြိုက်တယ်..မေမေလက်ခံပေးထားတယ်.သားအတွက်မေမေရွေးချယ်ပေးထားတာတောင် အမျိုးသားတစ်ယောက်ပါဘဲ..."

ဒေါ်ခင်နန်းမူတစ်ယောက် မျက်နှာကြီးမှုန်တေနေတဲ့သားဖြစ်သူကိုကြည့်ပြီး ရင်မအေးနိုင်စွာဘဲ ဘေးနားက ရေအေးလေးလက်ကိုပွတ်သပ်ပေးလိုက်ကာနှစ်သိမ့်ပေးလိုက်သည်။ မျက်နှာငယ်ငယ်နဲ့ခေါင်းလေးငုံ့ထားရှာတဲ့ကောင်လေးမျက်လုံး‌ထဲမှာလဲ သိမ်ငယ်စိတ်အပြည့်။

ချစ်ကြွေးရယ်ကုန်Where stories live. Discover now