ယနေ့ကဖေဖော်ဝါရီ (၁၄)ရက် ချစ်သူများနေ့တဲ့ ။မောင်က မနက်ကဆေးရုံမသွားခင် ရေအေးကိုချောကလက်ဘူးလေးလက်ဆောင်ပေးသွားခဲ့သည်။ ရေအေးမျက်နှာလေးပျော်မဆုံးနိုင်ဖြစ်နေတော့ မောင်အတုလေးကလဲ မနာလိုအူတိုကာ အနမ်းကြမ်းကြမ်းကြီးတေပေးလာတာများ အသက်ရှူလို့တောင်မရ ။ မောင်နှစ်ယောက်ရဲ့ မေတ္တာတုတေကြားမှာ ရေအေးလေးမှာနေမြင့်လေ အရူးရင့်လေ ။ရေအေးဆိုတာကလဲ ကိုယ့်ကိုကိုယ် စိတ်မမှန်တော့ဘူးဆိုတာသတိထားမိနေတာတောင် မြတ်နိုးစရာမောင်နှစ်ယောက်ဖြစ်သွားရတဲ့အပေါ် ကျေနပ်နေတာ။ ချက်နေပြုတ်နေချိန်တောင် ရေအေးမှာသီချင်းလေးတညည်းညည်း။ ဘယ်လောက်တောင်ချက်မိလိုက်သလဲမပြောပါနဲ့ တော့ နေ့လယ်ပိုင်း မောင်ထမင်းစားပြန်လာတော့ မောင်ကဟင်းတေအများကြီးချက်ထားလို့ဆိုပြီးဆူပူတာတောင်ခံလိုက်ရသေး။ ကိုယ်ဝန်က၉လကျော်ပြီး မွေးဖို့ သိပ်မလိုတော့တာမို့ မောင်ကရေအေးကို ပင်ပန်းမခံစေချင် ရေအေးကချစ်ရတဲ့မောင်နဲ့သားများအတွက် ကိုယ်တိုင်လုပ်ပေးချင်နဲ့ နှစ်ယောက်သားမှာအခက်သား။ အဆူခံလိုက်ရတော့ ရေအေးမှာရင်ထဲမကျေနပ်ကြီးဖြစ်သွားရကာ နည်းနည်းမှ လာမတားခဲ့တဲ့ မောင်အတုကိုသာ မောင်မမြင်အောင် မျက်စောင်းနာနာကြီးထိုးပစ်လိုက်သည်။
“မောင်ဘယ်လောက်ပြောနေနေကို ရေအေးတို့ကစကားကိုနားကိုမထောင်တာပါကွာ ..ဒီဗိုက်ကလေးက ပေါက်ခါနီးနေပြီမို့လို့ အိမ်အလုပ်တေလျှောက်မလုပ်ပါနဲ့တော့ဆိုတာကို..”
“အိမ်အလုပ်က ပင်မှမပင်ပန်းတာကို..”
“မပင်ပန်းလဲ အခန့်မသင့်ရင် အန္တရာယ်တစ်ခုခုဖြစ်သွား ဘယ့်နှယ်လုပ်မလဲပြော..”
သားသားတို့က ဘေးအိမ်က ကလေးဆီ သွားကစားနေတယ်ဆိုတိုင်း ရေအေးတစ်ယောက်ထဲဆိုပြီးများ အတိုးချပြီးဆူနေသလားမသိ။
“အာ့..”
“ဘာဖြစ်တာလဲရေအေး..”
ပြောမရဆိုမရလေးကို ဂရုဏာဒေါသောနဲ့ဆူမယ်ကြံတုန်းရှိသေး ကောင်လေးက ဗိုက်ကလေးဖိကာ ကိုယ်လေးကုန်းသွားတော့မိုးသောက်ယံမှာ ပူပန်ရပြန်။ အနားတိုးကာဖေးမလိုက်တော့ လူတစ်ကိုယ်လုံးက မိုးသောက်ကိုပစ်မှီထားရော။
