ချစ်ကြွေးရယ်ကုန်-(၂)

994 42 6
                                    

"ရေအေး...ရေအေး....စမ်းရေအေး...ကျစ်...ခေါ်လိုက်ရင်ဘယ်တော့မှတမ်းပေါ်မလာဘူး..."

ဆေးရုံသွားခါနီးကိုအလိုက်မသိတဲ့တစ်ယောက်ကိုအော်ခေါ်နေရတာနဲ့မိုးသောက်ယံမှာစိတ်မကြည်ချင်တော့ပါဘူး။ဒင်းလေးကကိုယ့်မယားဖြစ်သွားပြီဆိုတာနဲ့အချိုးတေကပြောင်းချင်နေပြီ။မေမေကဖူးဖူးမှုတ်ထားတာကြောင့်လဲပါမပေါ့။

"ကိုကိုကြီး...ဘာဖြစ်လို့လဲဟင်...ရေအေးကိုခေါ်‌နေတာလား..."

"ဒီအိမ်မယ်...မင်းရယ်ငါရယ်ဘဲရှိတာ.. မင်းခေါ်နေတာမှမဟုတ်ရင် ငါကသရဲကိုခေါ်နေတာလား..."

"အာ...ဟိုလေ...ရေအေးခြံထဲရောက်နေလို့ သိပ်မကြားလိုက်တာပါကိုကိုကြီးရယ်...ဘာဖြစ်လို့လဲဟင်.."

"ဘယ်မလဲငါ့အတွက်ထမင်းချိုင့်...ဆေးရုံသွားတော့မှာကိုခုထိလာမပေးသေးဘူး.."

"အယ်တော့...ကိုကိုကြီးကဒီနေ့ပြန်မလာဘူးလားဟင်..."

မအူမလည်ရုပ်နဲ့ပြူးပြူးပြဲပြဲမေးလာတော့မိုးသောက်ယံမှာစိတ်ထဲထောင်းခနဲဒေါသထွက်ရသည်။ညတုန်းကအိပ်ခါနီးမှာမှတ်မှတ်ရရသူပြောခဲ့ပါသည်။မနက်ဖြန်သူအိမ်ပြန်စားဖို့မဖြစ်နိုင်တာမို့သူ့ကိုထမင်းချိုင့်ထုတ်ပေးလိုက်ဖို့။ခုနကကိုယ်မနက်စာစားနေတော့လဲကိုယ်နဲ့အတူမစားနိုင်ဘဲမီးဖိုချောင်ထဲတကုတ်ကုတ်နဲ့လုပ်နေတော့ကိုယ့်အတွက်ပြင်ဆင်ပေးနေပါသည်မှတ်တာ။

"မင်းခုနကထမင်းချိုင့်ပြင်နေတာမဟုတ်ဘူးလား..."

"အဲ့...အဲ့တာလေ...ဘုန်းကြီးကျောင်းကိုဆွမ်းပို့ရင်းသား မေမေ့အတွက်ပါပြင်ပေးနေတာ..."

"ချက်ပြီးသားတေမဟုတ်လား..ငါ့အတွက်ပါပြင်ပေးလိုက်...မြန်မြန်.."

"ဟိုလေ...ကိုကိုကြီးအတွက်ကနေ့လည်ပြန်လာစားမယ်ထင်လို့မချက်ရသေးဘူးရယ်...ဟို..ကျက်ပြီးသားတေကမေမေ့အတွက်ဆိုတော့..ဟို..နံနံပင်ခတ်ထား..."

"‌ ကျစ်..သေချာပြောထားတာတောင် ‌တလွဲကလုပ်သေးတယ်...အချိုးကိုမပြေဘူး...တော်ပြီ..ငါ့ဟာငါ..ကိုယ့်ဗိုက်ကိုယ်ဖြစ်သလိုဖြည့်လိုက်မယ်...ပြောနေရတာလေကုန်တယ်...သွားပြီ..."

ချစ်ကြွေးရယ်ကုန်Where stories live. Discover now