"သံ..သံပုရာရည်သောက်မလား ကိုကိုကြီး..ရေအေးဖျော်ပေးရမလား.."
မနက်ကတည်းကမတည်မငြိမ်ဖြစ်နေရတဲ့ရေအေးမှာ ကိုယ့်အိမ်ကိုညဘက်ကြီးရောက်ချလာတဲ့ကိုကိုကြီးကြောင့် စိတ်ထဲမှာ တုန်လှုပ်နေမိတာ ထိန်းရခက်ကြီးပါ။ကိုယ့်စီကိုဘာအတွက်များရောက်လာသလဲမသိ။
"အင်း..."
ပြောစရာစကားစရှာမတွေ့တဲ့မိုးသောက်မှာလဲရေအေးစကားကို ခေါင်းညိတ်အင်းခံရုံသာ။ မသောက်ဖြစ်တာကြာတဲ့ ရေအေးဖျော်တိုက်တဲ့သံပုရာရည်လေးက အရင်လို ချိုချိုအေးအေး အမောပြေဆေးလေးဖြစ်နေတုန်း။ အရင်တုန်းက နေ့ခင်းထမင်းစားပြန်လာတာဘဲဖြစ်ဖြစ် ညဘက်အိမ်ပြန်လာတာဘဲဖြစ်ဖြစ် သူ့ကိုအရင်ဆုံး သံပုရာရည်ဖျော်ထားတာလေး ကမ်းမပေးလာရင် မိုးသောက်ယံမှာ စိတ်မကြည်တန်းဖြစ်ခဲ့ရတာ။ ရေအေးရဲ့အယုအယတေကြားထဲမှာ ရမှန်းသိလို့ သူအရမ်းဆိုးပြခဲ့သေးပါ့လား။
"ကလေးတေ..သားတို့ကိုမမြင်ဘူး..ဘယ်ရောက်နေလဲ.."
ကိုကိုကြီးဆီကသားတို့ဆိုတဲ့ စကားသံကြားတော့ ရေအေးမှာရင်ထဲလှိုက်ဖိုမိရသည်။ ဘေးလူမြင်ရင်တောင် သိနိုင်တာ ကိုကိုကြီးသိသွားတာအံ့ဩစရာမရှိပေမဲ့။ ကိုကိုကြီးဆီကသားဆိုတဲ့ အသုံးအနှုန်းအောက်မှာ ရေအေးမျက်ရည်လည်လာရသည်။ မကိုခင်မှဥကိုမင်သတဲ့ ရေအေးကိုမချစ်ပေမဲ့ ရေအေးရဲ့သားတေကို လက်ခံပေးနိုင်လို့ တော်သေးတာပေါ့။
" အခန်းထဲမှာ ဆော့နေကြတာ.."
"သူ.သူတို့ကိုယ့်ကိုသိနေလား.."
"သိပါတယ်..."
"ဘာလို့...သိခိုင်းခဲ့တာလဲ.."
"ဗျာ.."
"ကိုယ်ကတစ်သက်လုံး မင်းတို့ရှေ့မှာပြန်ပေါ်လာနိုင်ခြေနည်းတဲ့သူပါ..သူများမိသားစုစုံစုံလင်လင်ရှိနေတာမျိုးကို မြင်တဲ့အချိန် ကိုယ်ကဘယ်မှာလဲလို့မေးလာရင် မင်းဘယ်လိုဖြေဖို့စဉ်းစားထားတာလဲ..ကိုယ်က.. သေသွားပါပြီလို့လား.."
"ဟင့်အင်း...မပြောပါဘူးကိုကိုကြီးရယ်.."
ဘယ်လိုများ ဘယ်လိုများပြောရက်ပါ့မလဲ။ပညာမတက်သူပီပီ စေ့စေ့စပ်စပ်လဲမတွေးခဲ့မိပါဘူး။သားတေကမေးလာခဲ့ရင် ဖြစ်ခဲ့သမျှနားလည်အောင်ရှင်းပြလို့ရတယ်လို့တွေးခဲ့ရုံ။