ချစ်ကြွေးရယ်ကုန်-(၄)

1.7K 62 14
                                        

"အဲ့..အမ်း.."

"အူငဲ...အူငဲ...အမ်းး...အူငဲ.."

နေလေးလဲပွင့် ကလေးတေလဲအိပ်နေတုန်းဆိုပြီး ကလေးအနှီးတေထိုင်လျှော်နေတဲ့ရေအေး ဒေါသအိုးလေးရဲ့ ငိုသံစူးစူးကြောင့် လက်အမြန်ဆေးပြီးထလာရသည်။ ဘုရားစူး ၁၀ရက်သားပါ ငိုလိုက်ရင်ရွာထိပ်ကနေတောင်ကြားရမှာ။ အိပ်ရာပေါ်ချသိပ်ထားတဲ့ သားနှစ်ယောက်စလုံးက မျက်လုံးလေးများပွင့်ပြီး လှုပ်စိလှုပ်စိ။ စနေသားချင်းအတူတူတောင် သားငယ်က တကယ်ကိုဒေါသအိုးလေးပါ။ ရက်သားလေးနဲ့ ရေအေးကိုအရမ်းကပ်တာပါ။ ရင်ငွေ့မရတော့တာနဲ့တမ်းပြီး တအဲ့အဲ့ဖြစ်လာတာ။ သူအဲ့နေတုန်း သူ့ကိုမချီမိလို့ကတော့ ချော့မရပြုမရငိုပါလေရော။

"ကျွတ်..ကျွတ်..ဖေဖေလာပြီနော်..အေ့အေ့..မငိုပါနဲ့..မငိုပါနဲ့ကွယ်..ဖေဖေလာပါပြီ.."

"အူငဲ...အူငဲ..."

လူဆိုးလေးကချော့တော့ပိုဆိုး။ ကြည့်လိုက်တော့အနှီးစလေးကစိုနေလေရဲ့။ ရှူးစိုလို့နိုးလာပြီး ဒေါသကြီးသွားတဲ့အကောင်လေး။ အသံပြဲကြီးနဲ့ အော်ငိုတော့အစ်ကိုဖြစ်သူတောင်နိုးသွားရော။ ဒါလေးကြောင့်လဲရေအေးမှာ အရီးလှဆီမှာနေရတာကိုအားနာလို့ ကိုယ့်အိမ်ကိုယ်အမြန်ပြန်နေရတာမဟုတ်လား။ အရီးလှတို့ကျေးဇူးကတော့ ရေအေးမှာစပ်လို့ရယ်ဖြင့်ကုန်တော့မယ်မထင်။ သူများအိမ်မှာမွေးမိတော့ သူများအိမ်ကဆောင်တေညစ်ပေစေမိရုံတင်မကဘူး သွေးနုသားနု ဘာမှမလုပ်ရပါဘူးဆိုပြီး အရီးလှဆွဲထားလို့ တစ်ပတ်လောက်သောင်တင်ခဲ့ရသည်။ မဟုတ်ရင်လဲ ရေအေးမှာ ကလေးနှစ်ယောက်နဲ့ မချက်နိုင်မပြုတ်နိုင်ဆိုတော့ ငတ်နေအုန်းမှာ။ ထူထူထောင်ထောင်ဖြစ်လာတော့ ကိုယ့်အစားအသောက်ပါလုပ်ကိုင်ပေး တဲ့အပြင် သားတို့ရဲ့အနှီးတေပါလျှော်ပေးနေတဲ့အရီးကိုအားနာလွန်းတာမို့ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့လိုက်သည်။ နေရထိုင်ရသိပ်ပြီးအဆင်မပြေရင်တောင် ကိုယ့်ဒုက္ခကို သူများကိုသယ်ပိုးခိုင်းနေလို့လဲရတာမဟုတ်ဘူးမို့လား။

ကိုဒေါသလေးကပါးစပ်ထဲကို ချိုထည့်ပေးလိုက်တော့ချက်ချင်းငြိမ်ကျသွားတာ ငိုနေတာသူမဟုတ်သလို။

ချစ်ကြွေးရယ်ကုန်Where stories live. Discover now