ချစ်ကြွေးရယ်ကုန်-(၆)

675 37 19
                                    

မပြိုပျက်နိုင်ပါဘူးဆိုတဲ့ ကျောက်ဆောင်ကြီးတေတောင် တိုက်စားခံရပါများရင် ပြိုကျတက်သတဲ့။ ရေအေး နှလုံးသားကဖြင့်ကျောက်ဆောင်‌မပြောနဲ့ သဲသောင်လောက်တောင်မာကျော‌မနေဘူး။ သံသယဆိုတာမမွေးမိရင်အကောင်းသား ။ တစ်ဖက်သားကချစ်ပန်းတစ်ခတ် ကမ်းပေးလာရင် ကြည်ကြည်ဖြူဖြူ လက်ခံလိုက်ရင် ပြီးနေတဲ့အရေးကို ဘာကြောင့်လဲပိုတွေးမိတော့ ကိုယ့်ဒုက္ခကိုယ်ရှာနေသလိုဘဲ ။ အမြဲတစေလိုတာထပ်ပိုတွေးတက်တဲ့ရေအေးလိုလူဟာ အေးချမ်းတယ်ဆိုတာဘာမှန်းမသိ မခံစားတက်ဘူးထင်ပါရဲ့။

မချစ်ပေးတော့ လိုချင်တယ်။ ချစ်ပေးတော့လဲ သံသယဝင်နဲ့ ရေအေးစိတ်နဲ့တော့ ရေအေးကိုယ်တိုင်အခက်တွေ့ရပါတယ်။ မတန်မရာလေးကို ရထားတဲ့ ရေအေးမှာ ဘယ်အချိန် မောင်နဲ့တန်ရာတန်ရာလေးများပေါ်လာပြီး ရေအေးဆီကလုယူသွားမလဲ တွေးရင်း ၁၂ရာသီပူလောင် နေရတဲ့အပူသည်။ ရေအေးတို့မိသားစုပြန်လည်ပေါင်းထုပ်ထားတာ ၃လကျော်ပြီ ။ နောင်၃နှစ်ကျော်ရင် ညလေးလို ချစ်စရာကောင်ငယ်လေးတစ်ယောက်ယောက်ပေါ်လာပြီး မောင်ထပ်ချစ်မိလေအုန်းမလားတွေးကြည့်မိရင် ။

“သားတို့....ဖေဖေကချောလားဟင်..”

ရေအေးတစ်ယောက်ရဲ့ သိမ်ငယ်မှုတေကြား သားတေတောင်အေးဆေးမနေရ ။ သူတို့ဘာသာကစားနေကြတုန်း ဖေဖေကချောလားအမေးခံလိုက်ရတော့ ကလေးများမှာလဲ ကြောင်တောင်တောင်။

“သားဖေဖေကချောတယ်..ချောဆုံး”

“ဟုတ်ဘဲနဲ့ကိုကြီးညာနေတာ..ဖေကြီးကပိုချောတာ..ဖေကြီးကချောဆုံး..သားလဲ‌ ချောဆုံး... ဖေကရုပ်ဆိုး..”

“မဆိုးဘူး..ဖေကချောတယ်..”

“ချောပါဘူး..ဆေးရုံကမမလှလှတေကပြောတာ..ဖေကရုပ်ဆိုးတဲ့..ဖေကြီးနဲ့မလိုက်ဘူးတဲ့...သားကိုလဲ‌ မေးသေးတယ်..‌ မေမေကဘယ်ရောက်သွားလဲတဲ့...သားကမသိဘူး‌ ဖြေတော့...‌ ဖေကပထွေးလား လာ‌ မေးနေသေးတယ်..‌ ဖေ့ ပထွေးဆိုတာဘာကိုပြောတာလဲဟင်”

“....”

ရေအေးမှာလဲ သားစီကစကားတေကြောင့် လူကထိတ်လန့်သွားမိတဲ့အထိ။ ကြည့်စမ်း ဘယ်သူတေကများရေအေးသားလေးခေါင်းထဲကိုမဟုတ်တာတေလျှောက်ထည့်ပေးလိုက်ပါလိမ့်။ အသစ်ရောက်လာတဲ့ခပ်ချောချော ဆရာဝန်ကြီး ဖြစ်တဲ့အပြင် သဘောမနောလဲကောင်းတော့ မောင်က သူနာပြုတေကြား၊လူနာရှင်တေကြား၊လူနာတေကြား ပျိုတိုင်းကြိုက်တဲ့မောင်ဖြစ်နေတာ ။ အကြောင်းမသိတဲ့လူတချို့ကဆို ရေအေးလိုကလေးအဖေက မောင့်ကိုအပိုင်ဖမ်းလိုက်တယ်လို့တောင် ထင်နေကြတာ ။ တစ်ခါတစ်လေ ရေအေးဆိုင်ကိုလာပြီး ‌ရိသဲ့သဲ့စောင်းမြောင်းပြောနေတာတေရှိတာကို သိပေမဲ့ ဖြူစင်တဲ့ကလေးတစ်ယောက်အတွေးထဲကိုမဟုတ်တာတေရိုက်ထည့်ပေးလိုက်တဲ့အထိ ဖြစ်လာမယ်လို့ထင်မထားခဲ့ရိုးအမှန်။

ချစ်ကြွေးရယ်ကုန်Where stories live. Discover now