“ရေအေး..”
ညကပြောလိုက်တဲ့သားစကားတေကမိုးသောက်ယံကိုအတွေးများစေပြီး အိပ်မရအောင်လုပ်နေလို့ သူ့မှာအိပ်လို့မပျော်နိုင်။ သူ့နည်းတူဘဲ ကောင်လေးအိပ်မပျော်ဘူးဆိုတာကိုလဲမြင်နေရတာမို့ခေါ်လိုက်မိသည်။ တစ်အိပ်ရာထဲအိပ်နေတာတောင် အရင်လိုသူ့ရင်ခွင်ထဲခိုဝင်အိပ်လေ့မရှိတာ ဘယ်လောက်တောင်ကြာနေပြီလဲ။ ရေအေးရင်ထဲတခြားသူရှိနေလို့ သူ့ကိုမလိုအပ်တော့တာလို့ တွေးမိနေခဲ့တုန်းကဖြေသာခဲ့သေးပေမဲ့ သားပြောသလိုသာဆို ။ သူဘယ်လောက်တောင်ညံ့ဖျင်းမိခဲ့လို့ သူ့အရိပ်အောက်မှာတင် ရေအေးကဒီလိုခံစားနေရတာပါလိမ့်။
“...”
ဒီကလန်ကဆန်လေးကတော့သူခေါ်နေတာကိုတောင်မကြားသလိုဟန်ပြုရဲနေပြီ။ တွေးရင်းမချင့်မရဲဖြစ်သွားမိတော့ ကောင်လေးနားကိုသူကိုယ်တိုင်သာတိုးကပ်ပစ်လိုက်သည်။
ညအိပ်မီးရောင်လေးအောက်မှာ ကောင်လေးရဲ့မျက်တောင်ဖျားလေးတေမှာအရည်ကြည်လဲ့နေလို့။ မိုးသောက်မှာလဲရင်ထဲ နင့်ခနဲဖြစ်ရသည်။ သူသာတိုးကပ်မကြည့်ဖြစ်ခဲ့ရင်။ သူ့ဘေးမှာအသံတိတ်ငိုကျွေးတက်နေခဲ့တာဘယ်ကတည်းကလဲ။
“ရေအေး..”
“ဘာလို့ငိုနေရတာလဲ...မောင့်ကိုပြော..ဘာဖြစ်လို့လဲ..”
မျက်ခမ်းစပ်ကမျက်ရည်စလေးတေကို အလန့်တကြားဖယ်ရှားပေးရင်း မေးရသည်။
“ ကိုကိုကြီး..ရေအေး..ရေအေးကိုကွာတော့မှာလားဟင် ”
“ဟင်..”
“ကျွန်တော်..ကျွန်တော်ရူးနေပေမဲ့ အရမ်း..အရမ်းကြီးမဆိုးသေးပါဘူး...ရေအေး... ကိုယ့်ကိုကိုယ်ထိန်းနိုင်ပါသေးတယ်...အဲ့ဒါကြောင့်...မ..မကွာပါနဲ့နော်...ဒီတစ်ခါ..ဒီတစ်ခါဆိုရင်..ရေအေး..ရေအေးသေမှာကိုကိုကြီးရယ်...”
ရေအေးရူးနေတယ်ဆိုတဲ့အကြောင်းကိုသားကြီးပြောပြနေတာကိုရေအေးကြားခဲ့ပြီးပြီ။ အလိုလိုမှ ရေအေးကိုမကြိုက်ပါဘူးဆို ရူးနေမှန်းသာသိရင် ကိုကိုကြီးကရေအေးကိုနှင်များထုတ်လေမလားမသိ ။စိုးရိမ်စိတ်တေကြီးဆိုးပြီး ရေအေးမှာအသက်တောင်ဖြောင့်ဖြောင့်မရှူဝံ့ခဲ့တာ။ သားငယ်က ရေအေးကိုမလိုချင်တော့ပါဘူးဆို သားကြီးနဲ့မောင်ကရေအေးရူးနေတာသိသွားပြီ ။ ရေအေးကိုနှင်ထုတ်ကြမယ်ဆိုရင် ဘယ်လိုများလုပ်ရပါ့မလဲမတွေးတက်တော့ပါဘူး။
