“အဟွတ်..အဟွတ်..”
စာဖတ်နေတဲ့မိုးသောက်ယံမှာ ချောင်းဆိုးသံတေ တောက်လျှောက်ကြားနေရတော့ စာထဲကိုစိတ်မရောက်နိုင်တော့တာမဆန်းပါလေ။ သူ့ခင်ပွန်းရေအေးအတွက် သူပူပန်ပေးတာ သဘာဝကျပေမဲ့ ။ သဘာဝမကျနေတာက အဲ့ဒီ့ရေအေးဆိုတဲ့တစ်ယောက် ။ ခုရက်ပိုင်းစကားကို ပြောသမျှ နားကိုမထောင်နေတာ ကို ဘယ့်နှယ်လုပ်ရမယ်ကိုယ်တိုင်လဲမသိတော့ ။ မကြိုက်ပါဘူး ဘယ်လိုဆိုဆို လူကိုခေါ်ခေါ်နေတာများ ကိုကိုကြီးတဲ့ ။
“ရေအေး...ဒီကိုလာခဲ့ပါအုန်း..”
ဟိုတောက်တောက် ဒီတောက်တောက်နဲ့ ဘာတေလုပ်နေမှန်းကိုမသိ ။ အေးဆေးနေပါဆိုလဲ စကားနားမထောင် ။ လူကြည့်တော့အဖျားသွေးနဲ့ လူကယဲ့ယဲ့ ။ ဝင်ကူလုပ်ပေးတော့လဲမကြိုက်ပြန်နဲ့ ဘာဖြစ်နေမှန်းကိုမသိတော့တာပါ ။
“ဘာလိုလို့လဲဟင်ကိုကိုကြီး..”
“ဘာမှမလိုဘူး..မင်းသာဒီနားလာခဲ့...”
“ဟုတ်..”
“ထိုင်နေဒီမှာ...ဘယ်မှထသွားမယ်မစဉ်းစားနဲ့..”
မောင်ဆိုတဲ့အသံလေးမကြားရတာကြာတော့ မိုးသောက်ယံလဲခုတလောစိတ်ကြည်မနေနိုင်တော့ ။ ပြန်မပြောနားမထောင်လုပ်နေတဲ့ဟာလေးကိုလဲ ကိုင်ဆောင့်ပစ်ချင်တာ အခါခါ ။ အခုလဲကြည့် ဒီကောင်ကဝါးစားပစ်မှာကျနေတာဘဲ အနားကိုခေါ်တဲ့ဟာကိုလှုပ်စိလှုပ်စိနဲ့မလာချင်သလိုလုပ်နေတာ ။ စိတ်မရှည်လို့ပေါင်ပေါ်ဆွဲချပြီး ထိုင်ခိုင်းလိုက်တော့လဲ အလိုက်တသင့်ထိုင် နေမယ်မရှိ ။တောင့်တင်းနေလိုက်တာ ကိုယ်ကဘဲသူစိမ်းအမျိုးသားကျနေတာဘဲ ။
“ရေအေး...”
“ဟုတ်..ဟုတ်ကဲ့..ကိုကိုကြီး..ရေအေးကိုဘာခိုင်းချင်လဲဟင်...”
“ကျစ်...ဘာမှခိုင်းစရာမရှိဘူး.. ရေအေး..ဒီအတိုင်းလွှတ်ထားလို့ တော့မရတော့ဘူး.. ပြောစမ်း..မင်းဘာဖြစ် နေတာလဲ...”
“ရေ...ရေအေး..ဘာမှမဖြစ်ပါဘူး...အဟွတ်...”
မလုံမလဲစိတ်တေနဲ့ရေအေးမှာ လန့်ဖျတ်ကာချောင်းဆိုးမိသွားသည် ။ ရေအေးဖောက်ပြန်နေမိတာ ကိုကိုကြီးရိပ်မိနေပြီလား ။ ဘယ်လိုများလုပ်ရပါတော့မလဲ ။ ရေအေးကိုကိုကြီးကိုချစ်သလို မောင်နဲ့လဲမခွဲနိုင် ။
