{7}

1.8K 87 0
                                    

"ဆောင်း သက်သာရဲ့လား"

မနေ့က ပြန်ရောက်တော့ လေအေးတွေကြောင့်ထင် နေမကောင်း ဖြစ်သွားခဲ့တော့ မြူကပဲ တစ်ညလုံး ပြုစုပေးခဲ့သည်ထင်။မနက်လင်းရောင်ခြည် ကြောင့် မျက်လုံးဖွင့်လိုက်ချိန် ဘေးမှာ မြူက ထိုင်နေပေးသည်။မနက်ခင်း နိုးထလာချိန်မှာ ဘေးမှာ စောင့်နေပေးသူရှိတာဟာ နွေးထွေးရပါတယ်။ထို့နောက် မြူက သူ့လက်ဖဝါးလေးနဲ့ ဆောင်းနဖူးကို အသာထိကာ နူးညံ့ညင်သာမှု အပြည့် စွန်းထင်းနေတဲ့ အသံလေးနဲ့ မေးလာသည်လေ။မြူက ဆောင်းရဲ့ ဘဝထဲကို တရစ်ရစ် တိုးဝင်နေတဲ့ မြူငွေ့လေးပါပဲကွယ်။တစ်နေ့ အဲ့အငွေ့လေး ဆောင်းရဲ့ ဘဝထဲကနေ ပျောက်ကွယ်သွားမှာ စိုးမိတယ်ကွယ်။

ကုတင်ပေါ်မှာ ကျောမှီထိုင်တော့လည်း မြူက ဘေးကနေ ကူညီပေးသည်။စားပွဲပေါ်မှာ ချထားတဲ့ စွတ်ပြုတ်ပန်းကန်ကို မြူက ယူပြီး

"ခွံ့ကျွေးမယ်နော် ဆောင်း..ဆောင်းကနေမကောင်းတော့ အပင်ပန်းမခံနဲ့နော်"

တကယ်ဆို ဆောင်းက အပြင်းဖျားတာမျိုးမဟုတ်ဘဲ ကိုယ်ပူနေရုံကို သူ့မှာ အပိုတွေလုပ်နေတာပဲ ကြည့် ဒီလို မြူ့ကို ဘယ်သူက မလိုချင်ပါ့မလဲ။

မြူက ဆောင်းကို စွတ်ပြုတ်ကုန်တဲ့ထိ ချော့ကျွေးလိုက် ဆူလိုက်နဲ့ အခုလိုကျလည်း လူကြီးနဲ့တူပြန်ရော။

"ဘာတွေပြုံးနေတာလဲ ဆောင်းဟင်"

ပန်းကန်ထားပြီး အခန်းထဲ​ပြန်ဝင်လာတဲ့မြူက ပြတင်းပေါက်ဘက် ငေးကာ ပြုံးနေတဲ့ ဆောင်းနား ထိုင်ကာ မေးလိုက်တော့ ဆောင်းက မြူ့ကို ပြုံးကြည့်ကာ

"တို့တော့ သိပ်ကံကောင်းတာပဲလို့ တွေးနေတာပါ"

"ဟင်...ဘာကြောင့်"

နားမလည်သလို မေးကာ ဘေးက ဆေးတွေကို ယူပေးနေတဲ့မြူ။မြူယူပေးတဲ့ ဆေး*တွေကို သောက်ကာ မြူ့လက်ကလေးကို ကိုင်ပြီး

"မြူက တို့ကို ဂရုစိုက်ပေးလို့ပေါ့ကွယ်"

ဆောင်းအပြောကြောင့် မြူက ပြုံးတယ် ။ထို့နောက် ေဆာင်းလက်ကို အုပ်ကိုင်ကာ

"ဆောင်းက မြူ့ရဲ့ အရာရာမို့ ဆောင်းကို ဆံခြည်တစ်မျှင်တောင် ထိခိုက်မခံနိုင်လို့ပေါ့ ဆောင်းရယ်"

မြူလွှမ်းတဲ့ဆောင်း  ( COMPLETE )Where stories live. Discover now