နေမင်းကြီးဟာတော့ သူ့ရဲ့ တာဝန်အတိုင်း ထွက်ပေါ်လာကာ သူ့ရဲ့ရောင်ခြည်တွေဟာတော့ နေရာအနှံဖြန်ကျက်ရင်း မှန်ပြတင်းတစ်ခုကို ဖြတ်ကာ ကုတင်ပေါ်က လှပတဲ့ မျက်နှာလေးပေါ်သို့ ခစားနေလေသည်။နေရောင်ကြောင့် မျက်ဝန်းတို့ ဖွင့်လိုက်တဲ့အခါ ရင်ခွင်ထဲမှာ တိုးဝင်ကာ အိပ်ပျော်နေတဲ့ မိန်းကလေးဟာ အခုတော့ မြူ့ရဲ့ ပိုင်ဆိုင်မှုလေးဖြစ်ခဲ့ပြီလေ။
အိပ်ပျော်နေတဲ့ ဆောင်းရဲ့ မျက်တောင်ကော့လေးတွေကို လက်ဖျားလေးနဲ့ ထိမိတော့ လှုပ်ခတ်သွားတဲ့ မျက်စံလေး။နှာတံတစ်လျှောက် ဖြည်းဖြည်းလေးပွတ်ဆွဲတော့ ခေါင်းလေးတွန့်ကာ ရင်ခွင်ထဲ ဇွတ်တိုးဝင်လာတဲ့ ကလေးလေး။နှုတ်ခမ်းဖူးဖူးလေးတွေကို ထိတွေ့မိတော့ နှုတ်ခမ်းထောင့်တို့ ကော့ညွတ်သွားတဲ့ အစသန်လေး။နှုတ်ခမ်းဖျားထက် အနမ်းပေးကာ မျက်လုံးလေးရော နှာတံလေးရော ပါးပြင်မို့မို့လေးရော နှာဖျားနစ်ဝင်အောင် နမ်းမိတော့ ရင်ဖက်ကို တွန်းကာ နှုတ်ခမ်းလေး ဆူပြီး
"မဆိုးနဲ့ကွာ မြူ တိုဘအိပ်ချင်သေးလျု့ပါဆိုကွာ"
ဆောင်းဟာ တဖြည်းဖြည်းနဲ့ မြူ့အပေါ် ပိုပိုပြီး ကလေးဆန်လာခဲ့သည်လေ။အခုဆို ဆောင်းရဲ့ ဗိုက်ကလေးက ေတာ်တော်တောင် ထွက်နေပြီလေ။
နဖူးလေးကို အသာနမ်းရင်း ဗိုက်ကလေးကိုလည်း အသာကိုင်ကြည့်ပြီး
"ဒီနေ့ ဆေးခန်းသွားရမယ်လေ ဆောင်းရဲ့ လိမ္မာတယ်နော် ထတော့ နော်"
"ခနပဲလေကွာနော် ခနပဲစောင့်ပေးနော်...နော်လို့မြူ...နော်"
"အဲ့လိုဆက်ဆိုးနေရင် ရေခဲမှန့်မကျွေးတော့ဘူးနော် ဆောင်း"
သူ့အကြိုက် ရေခဲမုန့်နဲ့ ခြောက်မှ မျက်နှာလေး ဆူပုတ်ပြီး ထလာတဲ့ ဆောင်း။ပြင်ဆင်ပြီးလို့ အောက်ထပ်ဆင်းလာတော့ အန်တီလေးက
"မြူရေ ဆောင်းကို သိပ်အလိုမလိုက်နဲ့ကွယ် လူကဖြင့် ကလေးအမေဖြစ်တော့မယ် အခုထိ ကလေးလို ဆိုးတုန်း"
"အန်တီလေးကလည်း.."
"ဘာအန်တီလေးကလည်း လည်း ဆောင်း မပြောချင်ဘူးနော်"
YOU ARE READING
မြူလွှမ်းတဲ့ဆောင်း ( COMPLETE )
Non-Fictionအတိတ်က အရိပ်ကို မလွန်ဆန်နိုင်ဘဲ နာမည်နဲ့လိုက်အောင် အေးဆက်ခဲ့ရတဲ့ ကျွန်မနှလုံးသားလေး ဟာ ဆောင်းရာသီမှာဖြစ်ပေါ်လာတဲ့ မြူလေးတွေကြောင့် တဖန် နွေးထွေးစွာ လှုပ်ရှားကခုန်လာခဲ့ပြီ။မြူတွေဟာ ဆောင်းရဲ့အသက်၊ဆောင်းကြောင့် မြူဖြစ်ရသလို မြူရဲ့ လွှမ်းခြုံခံရတာကလည်း...