{8}

1.8K 79 0
                                    

ဒီနေ့က မြူ ဆောင်းနဲ့ ဒိတ်မယ့်နေ့မို့ အစောကြီးနိုးနေခဲ့သည်။ရေချိုးပြီးထဲက ရွေးလိုက်တဲ့ အဝတ်အစားဟာ နှစ်နှာရီနီးပါးကြာမှ ရှပ်လက်ရှည် ပိတောက်ရောင်နဲ့ စတိုင်ပင် ကာဘီရောင် တွဲဝတ်ရင်း အဆုံးသတ်ခဲ့သည်။အခန်းတွင်းမှာတော့ ကုတင်ပေါ်ရော ကြမ်းပြင်မှာပါ အဝတ်စားတွေဟာ ပြန့်ကြဲလျက်။မြန်မြန် ပြင်ဆင်ကာ ဆောင်းရဲ့ အခန်းရှေ့ ရောက်တော့ 7 ခွဲနေပြီမို့ တံခါးခေါက်လိုက်တော့

"ဒေါက်...ဒေါက်....ဒေါက်.."

တံခါးဖွင့်လာတဲ့ ဖြူသွယ်သွယ် လက်တစ်စုံနဲ့အတူ ထွက်ပေါ်လာတဲ့ ပိတောက်ခြောက်ရောင် မြန်မာဝမ်းဆက်လေး နဲ့ ဆောင်းဟာ သူ့ဆံနွယ်လေးတွေကို ကျစ်ဆံမြီးတစ်ဖက်တည်း ကျစ်ထားပြီး ရှေ့သို ချထားသည်။နီညိုရောင်ဆေးဆိုးထားတဲ့ နှုတ်ခမ်းဖူးဖူးလေးဟာလေ မြင်ရသူအဖို့ ရင်ဖိုစရာ။ရှည်လျားကော့ညွတ်တဲ့ မျက်တောင်လေးတွေနဲ့ ဝန်းရံထားတဲ့ မျက်ဝန်းနက်နက်လေးတွေ အနည်းငယ် ပန်းရောင်သန်းနေတဲ့ ပါးမို့မိုလေးတွေ..

"အို.....ဆောင်းရယ် ရူးရချည်ရဲ့ရှင်.."

တိုးတိုးလေးရေရွတ်မိတော့ လက်ကလေးတစ်ဖက်က မြူ့ရင်ဖက်ကို အသာထုလို့ မျက်စောင်းလေးလည်း ထိုးသေးပါရဲ့။ရင်ဖက်ကို လာထုတဲ့ လက်ကလေးကို အသာ ဆုတ်ကိုင်တော့လည်း မငြင်း ။

"မြူ "

"ရှင်"

"တို့ ပြောစရာရှိတယ်"

ခေါင်းလေးငုံ့လို့ မဝံ့မရဲလေး ပြောလာတဲ့ဆောင်းဟာလေ တကယ့်ကလေးလေးနှယ် ။

"တို့...."

"နောက်မှ ပြောတော့ဆောင်း နောက်ကျလိမ့်မယ် သွားရအောင်နော်"

ဆောင်းစကားကို နားမထောင်ပဲ အခုတော့ ဆောင်းလက်ကိုဆွဲပြီး ကားနားကို ​ေလျှာက်လာခဲ့သည်။ဆောင်းကတော့ ခေါ်လာတဲ့အတိုင်းပဲ ပါလာခဲ့သည်။

ကားပေါ်ရောက်တော့လည်း ဖွင့်ထားတဲ့ သီချင်းဟာ ချယ်ရီကိုသာပန်ပါကွယ်ဆိုတဲ့ သီးချင်းပင်။သီးချင်းသံနဲ့အတူ ကားထဲမှာလည်း ကားမောင်းရင်းပင် မြူက

"ဆောင်း..မြူတို့ ဘုရားသွားမယ် ဘုရားကအပြန် မုန့်သွားစားမယ် နေ့လည်ကျ ရုပ်ရှင်သွားကြည့်မယ် အပြန်ကျရင် တောလမ်းလေးက ရေကန်ဘေးမှာ ပျော်ပွဲစားထွက်ရအောင်နော်။ဒီနေ့တစ်နေ့လုံး မြူ့အပိုင်နော် ဆောင်း ငြင်းလို့မရဘူးနော်။ညကျရင် ညစျေးကို အတူတူလျှောက်လည်ရအောင်နော်။"

မြူလွှမ်းတဲ့ဆောင်း  ( COMPLETE )Where stories live. Discover now