"အ...ကို...."
ဆောင်းရဲ့ တိုးဖျော့ဖျော့ခေါ်သံကို အကိုတစ်ယောက်ကတော့ အနွေးထွေးဆုံး ပြုံးပြကာသာ သူ့ရဲ့ ဆောင်းသဘောကျရတဲ့ အသံခပ်ရှရှဖြင့်ပင် အနူးညံ့ဆုံးလေသံဖြင့်
"မတွေ့တာ ကြာပြီနော် ဟေမာန်"
မြူကတော့ သမီးလေးကို ချီထားကာ ဆောင်းနဲ့ အကို့ကို တစ်လှည့်ဆီကြည့်နေခဲ့သည်။ဘာမှ ဝင်မပြောသလို ဘာမှလည်း မမေးခဲ့ပါ။ထျု့နောက် အကိုက မြူ့လက်ထဲက သမီးလေးကိုကြည့်ကာ
"သမီးလေးက....."
"မြူ သမီးနဲ့ မုန့်သွားဝယ်မှာမလား သွားတော့လေ"
အကို့စကားမဆုံးခင် ဇွတ်ဖြတ်ပြောတဲ့ဆောင်းကို မြူက ခေါင်းညိမ့်ပြကာ
"ဒါဆို မြူတို့ မုန့်သွားဝယ်လိုက်မှာမို့ စကားပြောနှင့်ကြပါ"
မြူက အကို့ကို ပြောပြီး ဆောင်းကို နားနားကပ်ကာ
"အဆင်ပြေပါတယ် ဆောင်း"
ဆိုကာ တိုးတိုးလေး ပြောပြီး သမီးကိုချီကာ ထွက်သွားသည်။မြူက ဆောင်းကို အပြည့်အဝနားလည်ပေးတဲ့ တစ်ဦးတည်းသော အမျိုးသမီးပါပဲ။ဆောင်းပြောတာကိုသာ နားထောင်ပေးပြီး ဘာမေးခွန်းမှ မထုတ်တဲ့ မြူဟာလေ တစ်ခါတစ်လေတော့ သိပ်သနားစရာကောင်းပါသည်။
..................
ကန်ရေပြင်ကို ငေးကြည့်နေတဲ့ ဆောင်းကို ငေးကြည့်နေပြန်တဲ့ တစ်ယောက်လည်း ရှိနေသေးသည်။ညနေနေဝင်ချိန်မှာ ကောင်းကင်ဟာ လိမ္မော်နီဘက်သန်းနေကာ တိမ်များလည်း အရောင်တောက်နေသည်။တိုက်ခတ်လာတဲ့ လေဖြူးဖြူးလေးတွေ အဝှေ့မှာ ဆောင်းရဲ့ ဆံနွယ်လေးတွေဟာ လိုက်လံ ကခုန်နေလေသည်။ဘေးတစ်ဇောင်းမြင်နေရတဲ့ ဆောင်းရဲ့ ပုံရိပ်ဟာ နေဝင်ချိန်ကြောင့်ပဲ လှနေတာလား ဒါမှမဟုတ် ဆောင်းဿို လှနေတာများလားဆိုတာတော့ ဝေခွဲရခတ်လှပါသည်။
"ဒီနှစ်တွေအတွင်း ဘယ်များရောက်နေတာလဲလို့ ရှာလိုက်ရတာ... နောက်ပြီး ကိုအကုန်လုံးကို အမှန်အတိုင်းသိပြီမို့......."
"အကို...."
အကို့ဘက်ကို မျက်နှာမူပြီး ခပ်ပြတ်ပြတ် ခေါ်လိုက်တဲ့ ဆောင်းရဲ့ မျက်ဝန်းတွေဟာ အေးစက်နေသည်။
YOU ARE READING
မြူလွှမ်းတဲ့ဆောင်း ( COMPLETE )
No Ficciónအတိတ်က အရိပ်ကို မလွန်ဆန်နိုင်ဘဲ နာမည်နဲ့လိုက်အောင် အေးဆက်ခဲ့ရတဲ့ ကျွန်မနှလုံးသားလေး ဟာ ဆောင်းရာသီမှာဖြစ်ပေါ်လာတဲ့ မြူလေးတွေကြောင့် တဖန် နွေးထွေးစွာ လှုပ်ရှားကခုန်လာခဲ့ပြီ။မြူတွေဟာ ဆောင်းရဲ့အသက်၊ဆောင်းကြောင့် မြူဖြစ်ရသလို မြူရဲ့ လွှမ်းခြုံခံရတာကလည်း...