{14} final

3.7K 102 4
                                    

အဖြူရောင်ခြယ်တဲ့ ခန်းမကြီးရဲ့ အလယ်မှာ အဖြူရောင် သတို့သမီးဝတ်စုံလေးတွေနဲ့ လှပနေတဲ့ သူတို့နှစ်ယောက်။လျှောက်လမ်းကနေ လျှောက်လှမ်းလာတဲ့ ဆောင်းဟာ အဖြူရောင်ဂါဝန်နဲ့ လိုက်ဖတ်စွာ နတ်သမီးလေးနှယ် လှပလှသည်။ပန်းခင်းထားတဲ့ လမ်းလေးအတိုင်း လက်ထဲမှာလည်း အဖြူရောင် ချယ်ရီပန်းကိုင်လေးကိုင်ကာ ချစ်ရသူဆီ လျှောက်လှမ်းရတဲ့ ခြေလှမ်းတွေဟာ ရဲရင့်မှုတွေ ပြတ်သားမှုတွေ၊ချစ်ခြင်းတရားတွေနဲ့ အကြင်နာတရားတွေ ဖြင့် သမီးလေးကျဲပေးတဲ့ ပန်းခင်းလမ်းလေးကို လျှောက်ရင်း အဆုံးမှာတော့ ကျွန်မရဲ့ ပျော်ရွှင်မှုလေး ကမ်းပေးတဲ့ လက်တဖက် ကို နွေးထွေးစွာ ဆုတ်ကိုင်လို့ ကျွန်မရဲ့ ပျော်ရွှင်စရာ အနာဂတ်ဆီ နောင်တကင်းစွာနဲ့ တည့်တည့်ကို တိုးဝင်ခဲ့ပါသည်။

လျှောက်လှမ်းကနေ တရွေ့ရွေ့ လျှောက်လှမ်းလာတဲ့ ကျွန်မချစ်ရသူ ဆောင်းဟာလေ လှရက်နိုင်လွန်းတယ်။အခုချိန်ကစပြီး ဆောင်းကို ဝမ်းနည်းစရာရော ပူပန်စရာရော မရှိစေပဲ ပျော်ရွှင်မှု နွေးထွေးမှု ကြင်နာမှုနဲ့ ချစ်ခြင်းတရားအပြည့်ဖြင့် အနာဂတ်ဆီ တွဲခေါ်သွားဖို့ လက်ကမ်းကြိုဆိုမှုကို မြူ့ရဲ့ သက်လျာလေးက နွေးထွေးစွာ ဆုတ်ကိုင်လို့ ကျွန်မဘဝထဲကို နောက်ဆုံးတော့ တိုးဝင်လာခဲ့ပါပြီ။ဒီလက်ကို ယခုမှစ ဘယ်သောအခါမှ မလွှတ်တော့​ကြောင်းကိုတော့ နောက်မှ သေချာပြောပြပါဦးမည်။

အဖြူရောင် ခန်းမထဲမှာ အဖြူရောင်ခြယ် သတို့သမီးနှစ်ဦးရယ်၊သူတို့ကို ပျော်ရွှင်စွာ ကြည့်နေတဲ့ သူအချို့ရယ်နဲ့ သူတို့ရဲ့ မဂ်လာပွဲလေးဟာ အကျဥ်းချုံးစွာ ပျော်ပျော်ရွှင်ရွှင် ပင်အဆုံးသတ်ခဲ့ပါပြီ။

"သတို့သမီးနဲ့ သတို့သမီး နမ်းလို့ရပါပြီ"

စကားအဆုံး ပဝါလှန်ကာ ဆောင်းရဲ့ ပဝါထဲကို ဇွတ်ဝင်လာတဲ့ မြူ။ရဲတင်းလွန်းတဲ့ သူ့ပုံစံလေးကိုလည်း ချစ်မိပြန်ပါပြီလေ။ဆောင်းလည်း မြူ့ရဲ့ လည်တိုင်ကို ပြန်ဖတ်လို့ မျက်လုံးလေးမှိတ်ပေးတော့ နှုတ်ခမ်းတစ်စုံကို ထွေးငုံသိမ်းပိုက်လိုက်တဲ့ စတော်ဘယ်ရီရနံ့သင်းတဲ့ နူးညံ့လွန်းတဲ့ နှုတ်ခမ်းပါးတစ်စုံ အလိုက်သင့်လေး ပြန်တုံ့ပြန်တော့လည်း ဇွတ်အတင်း နမ်းရှိုက်နေသော မြူ ရင်ဘက်လေးကို ထုကာမှ အပြီးသတ် တစ်ချက်နမ်းလို့ လွှတ်ပေးတဲ့မြူ။မြူဟာလေ တကယ်ပဲ ဘယ်လိုလေးမှန်းကိုမသိပါလေ။အခုတော့ ခမ်းမလေးထဲမှာ ပျော်ရွှင်မှုရဲ့ ရယ်သံလွင်လွင်လေးတွေ ပျံ့နှံ့လို့နေလေပြီ။

မြူလွှမ်းတဲ့ဆောင်း  ( COMPLETE )Where stories live. Discover now