"ဆောင်း အန်တီလေး မနက်ဖြန် ခရီးသွားရမယ် "
နေ့လယ်စာစားရင်း အန်တီလေးက ပြောတော့ ဆောင်းက ငါးဟင်းပန်းကန်ထဲက ငါးဖက်ကို ဆယ်ရင်းနဲ့မှ
"သွားလေ အန်တီလေးရဲ့"
"ဒီတစ်ခေါက်က နည်းနည်းကြာမယ် အဲ့ဒါ..."
ဆောင်းက အန်တီလေးကို ကြည့်ကာ ပြုံးပြီး မြူ့ကို တစ်ချက်ကြည့်ကာ
"စိတ်ချပါ အန်တီလေးရဲ့ မြူ့ကိုလည်း ဆောင်းက သေချာကြည့်ထားပေးပါ့မယ်နော်"
ဆောင်းရဲ့အပြောကြောင့် အန်တီလေးက မယုံနိုင်သလို မြူ့ကို ကြည့်လာတယ် ။မြူခေါင်းငြိမ့်ပြလိုက်တော့ အန်တီလေးက
"ဟုပါပြီ သမီးတို့နှစ်ယောက် အဆင်ပြေရင်ပဲ ရပါပြီ။"
အန်တီလေးလည်း မှာစရာရှိတာမှာရင်း နဲ့ပဲ ထမင်းဝိုင်းလေးမှာ ရယ်သံတို့ ဆူညံ့နေခဲ့သည်။
💭💭💭💭💭
"ဆောင်း.....ဒီနေ့ စက်ဘီးစီးမလို့ဆို"
ဆောင်းက ဧည့်ခန်းက ခုံမှာ ထိုင်နေပြီး မြူက လှေကားက ဆင်းရင်းနဲ့မေးတော့ လှည့်ကြည့်ကာ
"ဟုတယ်မြူ တို့နဲ့ လိုက်စီးပေးနော်"
"ဟုတ်...ဒါဆို သွားရအောင်လေ ဆောင်း"
ဆောင်းနဲ့အတူ စက်ဘီးကိုယ်စီနဲ့ တောလမ်းလေးအတိုင်း စီးလာခဲ့ကြသည်။အဲ့နေ့...အဲ့နေ့ဆောင်း မြူ့ရင်ခွင်ထဲမှာ ငိုပြီးတဲ့နေ့ကတည်းကတိုင် ဆောင်းနဲ့ မြူဟာ သိသိသာသာ ရင်နှီးလာခဲ့သည်။ဒီနေ့ ဆောင်းက ဆံပင်ကို မြှင့်စီးထားတာမို့ ပုံမှန်ထက် လူငယ်ပိုဆန်ကာ ကြည့်ကောင်းနေသည်။မနက်စောစောမို့ အပင်ကြားကနေ ထိုးဝင်လာတဲ့ နေပြောက်လေးတွေရယ် ရွက်ဝါကြွေလေးတွေရယ် တိုးတိုက်နေတဲ့ လေပြေလေးရယ် မြူ့ဘေးက မိန်းမလှလေးရယ် ဒီနေ့ကတော့ မြူ့အတွက် အရာရာဟာ လှပပြီး ပြည့်စုံလွန်းနေပြီလေ။ပိုသေချာတာကတော့ မြူ ဆောင်းကို ချစ်မိနေပြီ ဆိုတာ အဲ့နေ့ကတည်းက မြူသိလိုက်ပြီ။
"ရပြီ မြူ ဒီနားမှာ နားရအောင်နော်"
ရေကန်ဘေးမှာ ရပ်လိုက်ကြပြီး ကန်စပ်မှာ ဆောင်းနဲ့ မြူ ဘေးကပ်ရပ် ထိုင်နေခဲ့သည်။အချိန်အတော်ကြာထိ တစ်ယောက်မှ ဘာမှမပြောကြပါ။တိတ်ဆိတ်နေတဲ့ ကန်ရေပြင်ရယ်။ရေပြင်ထက်က ကြာရွက်တွေပေါ်မှာ ပျံဝဲနေတဲ့ ပုစဥ်းသံလေးတွေရယ်၊လေတိုးသံလေးတွေရယ်သာကြားရပြီး တိတ်ဆိတ်နေပေမဲ့ ဘေးနားမှာ ကိုယ်ချစ်ရတဲ့သူ ရှိတယ်ဆိုတဲ့ စိတ်ကြောင့် ရင်ထဲမှာ နွေးထွေးရပြန်ပါသည်။
YOU ARE READING
မြူလွှမ်းတဲ့ဆောင်း ( COMPLETE )
Non-ficțiuneအတိတ်က အရိပ်ကို မလွန်ဆန်နိုင်ဘဲ နာမည်နဲ့လိုက်အောင် အေးဆက်ခဲ့ရတဲ့ ကျွန်မနှလုံးသားလေး ဟာ ဆောင်းရာသီမှာဖြစ်ပေါ်လာတဲ့ မြူလေးတွေကြောင့် တဖန် နွေးထွေးစွာ လှုပ်ရှားကခုန်လာခဲ့ပြီ။မြူတွေဟာ ဆောင်းရဲ့အသက်၊ဆောင်းကြောင့် မြူဖြစ်ရသလို မြူရဲ့ လွှမ်းခြုံခံရတာကလည်း...