"အို......အပြောအဆိုရဲတင်းလှချည်လား"
"အဲ့သလိုဖြစ်သွားသလား"
အဲ့လိုမေးတော့ ဒီအမျိုးသမီးငယ်လေးက မြူ့ကို မျက်စောင်းလေးဝင့်ကာ တစ်ဖက်ကိုလှည့်သွားလေသည်။စားသောက်ဆိုင်မှာ နားတော့ ဒီအမျိုးသမီးလေးက မဆင်းလို့ မေးကြည့်တော့
"ထမင်းမစားဘူးလား အမျိုးသမီးငယ်လေး"
"အို...တို့မှာ နာမည်ရှိပါတယ် အဲ့လို ပေါက်ကရတွေမခေါ်ပါနဲ့ တို့မကြိုက်ဘူး"
အခုလည်း တစ်ခွန်းဆို တစ်ခွန်း ပြန်ပြန်ပြောနေတဲ့ ဒီအမျိုးသမီးလေးဟာ မြူ့ကိုတော့ ကြည်ပုံမပေါ်။ဒါပေမယ့် ဒီလိုလေးတွေကိုပဲ ဟောဒီ့က မြူကလည်း အသည်းယားနေတော့ ခတ်သားနော်။ပြုံးကာ ခေါင်းကို အသာခါလိုက်ပြီး
"ဒါဆိုလည်း နာမည်လေး သိခွင့်ရှိမလား"
မြူက မတ်တပ်ရပ်နေတာမို့ ဒီအမျိုးသမီးလေးက မော့ကြည့်လာကာ
"တို့နဲ့က အမြဲတွေ့ရမှာမှ မဟုတ်တာပဲ မင်းမသိလည်း ရပါတယ်။"
"ဒါဆိုရင်တော့ နာမ်စားလေးတွေ ခေါ်ရမှာပေါ့နော်"
"မင်းထမင်းသွားမစားဘူးလား"
"အင်း....သွားစားမလို့လေ မြန်မြန်ပြန်ခဲ့မယ်နော် အမျိုးသမီးငယ်"
ပြောကာ ကားပေါ်က ဆင်းသွားတဲ့ သူမကိုကြည့်ကာ ဆောင်းတစ်ယောက် သက်ပြင်းချမိသည်။ခေါင်းလေးကို အသာခါကာ ပါးစပ်ကလည်း
"တကယ်ပါပဲ မိန်းကလေးဖြစ်နေပြီး ပြောရဲဆိုရဲနဲ့ ဘယ်လိုဟာလေးပါလိမ့်"
ဆောင်းလည်း မြူကို သတိတော့ထားမိပါသည်။ဆောင်းကားပေါ်တတ်လာတော့ ဆောင်းရဲ့နောက် နှစ်ခုံမြောက်မှာထိုင်နေတဲ့ ဂုတ်ဝဲဆံပင်လေးကို မျက်မှန်လေးနဲ့ ပင့်တင်ထားပြီး နှုတ်ခမ်းဖူးဖူးလေးဟာ ပန်းဆီရောင်လေးသန်းလျက် ရှပ်လက်ရှည် မိုးပြာကို စတိုင်ပင် အနက်နဲ့ တွဲဝတ်ထားပြီး ရှည်လျားကော့နေတဲ့ မျက်တောင်လေးတွေ ဝန်းရံထားတဲ့ မျက်ဝန်းဝိုင်းလေးတွေ ဟာလည်း မဟူရာချောက်နက်လို အကြည့်ချင်းဆုံမိတဲ့ခန ဆောင်းလည်း တစ်မျိုးတစ်ဖုံ ခံစားမိလိုက်သည်ကတော့ အမှန်ပင်။ဒါက ဘာလဲဆိုတာတော့ ဆောင်းအဖြေမရှာချင်ပါ။မသိလည်း မသိချင်ပေ ထပ်တူအဖြစ်မျိုးသာ ဖြစ်ခဲ့ရင် ဟင့်အင် ဆောင်းမတွေးချင်ပေ ။ဆောင်း ဆုတောင်းမိတာကတော့ အတိတ်ကနေ လွတ်မြောက်ပါရစေ ဆိုတဲ့ ဆန္ဒလေးပါပဲ။
YOU ARE READING
မြူလွှမ်းတဲ့ဆောင်း ( COMPLETE )
Nonfiksiအတိတ်က အရိပ်ကို မလွန်ဆန်နိုင်ဘဲ နာမည်နဲ့လိုက်အောင် အေးဆက်ခဲ့ရတဲ့ ကျွန်မနှလုံးသားလေး ဟာ ဆောင်းရာသီမှာဖြစ်ပေါ်လာတဲ့ မြူလေးတွေကြောင့် တဖန် နွေးထွေးစွာ လှုပ်ရှားကခုန်လာခဲ့ပြီ။မြူတွေဟာ ဆောင်းရဲ့အသက်၊ဆောင်းကြောင့် မြူဖြစ်ရသလို မြူရဲ့ လွှမ်းခြုံခံရတာကလည်း...