{1}

3.4K 116 2
                                    

"တကယ်သွားမှာလား ဆောင်းဟေမာန် "

ဆောင်းဟေမာန် တစ်ယောက် ပစ္စည်းတွေကို မေမေကကူသိမ်းရင်း ဆောင်းဟေမန်ကိုကြည့်ကာ မေးနေသည်။ဆောင်းလည်း မေမေ့ကို တစ်ချက်ကြည့်လိုက်ပြီး ထည့်စရာရှိတဲ့ အဝတ်တွေနဲ့ လိုအပ်တာတွေထည့်ရင်း

"ဆောင်း သွားမယ်မေမေ "

"ဘယ်ချိန်ထိလဲသမီး"

သနားဂရုနာသံပါတဲ့ မေမေ့ရဲ့ စကားသံကြောင့် ပြင်ဆင်နေတဲ့ ဆောင်းရဲ့လက်တို့ လေထဲမှာရပ်တန့်လျက် သက်ပြင်းခပ်ဖွဖွချကာ

"​ဆောင်းသွားပါရစေမေမေ ဒီမှာကြာကြာနေရင် ဆောင်းလေ ရူးလိမ့်မယ် မေမေရယ် သွားပါရစေနော်"

"အင်းပါ ကလေးရယ် အဆက်အသွယ်တော့ မပျက်စေနဲ့နော်၊ကျန်းမာရေးလည်း ဂရုစိုက်၊အန်တီလေးကိုလည်း မေမေ ဖုန်းဆက်ထားတယ်၊အချိန်ယူပါ........ ပြန်လာရင်တော့ စိတ်သစ်လူသစ်နဲ့ပဲ မြင်ချင်တယ် မေမေ့ရဲ့ ကလေးငယ်ရယ်"

"ဟုတ်မေမေ ဆောင်း ကြိုးစားပါ့မယ်"

"အေးပါ ကလေးရယ်....မေမေစိတ်ချမယ်နော်"

ကုတင်ပေါ်မှာ ဘေးစောင်းထိုင်နေတဲ့ မေမေ့ရဲ့ ပေါင်ပေါ်ကို ကြမ်းပြင်မှာထိုင်ရင်း ပါးလေးအပ်ကာ ချွဲနေတဲ့ ဆောင်းရဲ့ ဆံပင်လေးတွေကို မေမေက ဖွဖွလေး ပွတ်ပေးရင်းပြောသည်။ဆောင်းမကြည့်ပေမယ့် မေမေ မျက်ရည်တွေ ဝဲနေမယ်ဆိုတာ ဆောင်းသိပါသည်။

ပြေးကြည့်မှ ဒီသားမိနှစ်ယောက်ပဲ ရှိတာမို့ မေမေဟာ ဆောင်းကို အလိုလိုက်သလို အရမ်းလည်းချစ်ပေးပါသည်။တစ်ခါမှ မခွဲဖူးပေမယ့် ဒီတစ်ခါတော့ ဆောင်းကြောင့် မေမေ ခွင့်ပြုပေးခဲ့ပြီး အန်တီလေးရှိတဲ့ တောင်ပေါ်ဒေသလေးသို့ ဆောင်းသွားရမည်။မေမေ့ကို ချစ်ပေမဲ့ ဆောင်းဒီနေရာက ထွက်သွားမှ ဖြစ်မှာမို့ တောင်းပန်ပါတယ်မေမေရယ်။

..............

အခုတော့ မေမေ့ကို ကြီးမေတို့နဲ့ စိတ်ချကာ ကားလေးပေါ်တတ်၍ အန်တီလေးရှိတဲ့ဆီသို့ ဆောင်းထွက်လာခဲ့ပါပြီ။ဆောင်းက မှန်ဘက်မှာနေကာ အပြင်ကို ငေးကြည့်ရတာကို ကြိုက်နှစ်သက်သူပါ။ကားပေါ်မှာလည်း အိပ်တဲ့သူကအိပ်၊စကားပြောတဲ့သူကပြော၊မုန့်စားတဲ့သူကစား၊ဖုန်းကြည့်တဲ့သူကကြည့်နဲ့ အားလုံးဟာ သူ့ဟာနဲ့သူတော့ သာယာနေကြတာပါပဲလေ။

မြူလွှမ်းတဲ့ဆောင်း  ( COMPLETE )Where stories live. Discover now