{5}

1.9K 103 4
                                    

"မသိဘူး အန်တီလေးရာ ဆောင်းသိတာတော့ ဆောင်း တိမ်ငွေ့မြူကို သဘောမကျဘူးပဲ"

ဘောက်ဆက်ဆက်ပြောကာ လှည့်ထွက်သွားတဲ့ ဆောင်းကိုကြည့်ကာ အန်တီလေး ခေါင်းသာခါမိသည်။ရှေ့လျောက် မြူနဲ့ ဆောင်း ဘယ်လိုတွေများ ခရီးဆက်ပါ့မလဲ။

သက်ပြင်းဖွဖွချရင်းသာ ကျန်ခဲ့တဲ့ အန်တီလေးကို ဆောင်း လှေကား​ပေါ်တတ်ရင်း တစ်လှည့် လည်ပြန်လေးကြည့်လိုက်ပြီး စိတ်ထဲတွင်တော့

'အဲ့ တိမ်ငွေ့မြူဆိုတဲ့ ကလေးမ အန်တီလေးတို့ကို ဘယ်လိုများ စည်းရုံးထားပါလိမ့် ။အန်တီလေးကလည်းလေ သူ့ခင်ပွန်းရဲ့ တူမမို့ ဘက်လိုက်နေတာ​နေမယ် ဟွန့်'

အတွေးတို့ဖြင့်ပင် အခုတော့ ဆောင်းအခန်းထဲက အပြာနုရောင်လေးခင်းထားတဲ့ ကုတင်ပေါ်သာ ငြိမ်ငြိမ်လေးထိုင်နေမိသည်။ဘေးကစားပွဲပေါ်က ဆောင်းရဲ့ဖုန်း မြည်လာတာမို့ ကြည့်လိုက်တော့ မေမေ ဆောင်းလည်း ဖုန်းကို အမြန်ကိုင်လိုက်ပြီး

'မေမေ ဆောင်းလည်း ဆက်မလို့လုပ်နေတာ'

'ဆောင်း အဆင်ပြေရဲ့လား သမီး'

'ဟုတ် ပြေပါတယ်မေမေရဲ့ အန်တီလေးကလည်း ဂရုစိုက်ပါတယ်'

'သမီး မေမေ စိတ်ချမယ်နော်'

'မပူပါနဲ့ မေမေရယ် စိတ်ချပါ ဆောင်းတကယ် အဆင်ပြေပါတယ်'

'အကုန်လုံးနဲ့တော့ အဆင်ပြေအောင်နေပေါ့ သမီးရယ်'

'နေပါတယ် မေမေရဲ့ မေမေပြောမှပဲ ဆောင်းက လူဆိုးကျနေတာပဲ'

ဖုန်းထဲမှာမို့ မမြင်ရပေမယ့် ဆောင်းအခုချိန်မှာ နှုတ်ခမ်းလေးဆူနေတော့မှာကို မွေးထားတဲ့ အမေဖြစ်တဲ့သူက သိနေပါသည်။

'သူများဆီမှာမို့ သတိပေးတာပါ သမီးရယ် မေမေ့ ဆောင်းလေး ဘယ်လောက် လိမ္မာလည်း မေမေသိတာပေါ့'

'ဟုတ် မေမေ ရော နေကောင်းတယ်မလား'

'မေမေ့ အတွက်မပူပါနဲ့ ဒီမှာက ကြီးမေတို့ကလည်း ရှိတော့ အရာရာ အဆင်ပြေပါတယ်'

'မေမေ့ကို ဆောင်းလေ လွမ်းနေတာ '

'မေမေကလည်း လွမ်းတာပေါ့ သမီးရယ်။
ဒါနဲ့ နေရာသစ်မှာ အချစ်သစ်ရှာခဲ့ရင်လည်း မေမေက စိတ်မဆိုးဘူးနော်'

မြူလွှမ်းတဲ့ဆောင်း  ( COMPLETE )Where stories live. Discover now