{ 13 }

1.9K 84 1
                                    

"ဟေမာန်ရဲ့ ရွေးချယ်မှုကြောင့် တိမ်ငွေ့မြူကိုတော့ အန္တာရာယ်မဖြစ်စေနဲ့ပေါ့ ဆောင်းဟေမာန်"

ကန်ရေပြင်ကို ဖြတ်သန်းလာတဲ့ လေပြေတွေဟာ အေးသလောက် ရင်ထဲမှာတော့ ပူလောင်နေရတဲ့ ဆောင်းနဲ့ ရုတ်တရက် ပေါ်ထွက်လာကာ အန္တရာယ်ရှိတော့မဲ့ သဏ္ဍန်နဲ့ ရောက်လာတဲ့ အကို။အကြည့်ချင်းဆုံနေမိပေမဲ့ ထိုအကြည့်တွေမှာ နှစ်ယောက်စလုံးအတွက် အချစ်တွေမပါတာတော့ သူတို့ကိုယ်တိုင်သာ သိမည်။

"မြူက ဘယ်လိုကြောင့် ဒုက္ခရောက်ရမှာလည်း အကို"

မမျှော်လင့်ထားတဲ့ လေသံနဲ့ ထွက်လာသော စကားများကြောင့်ထင်ပါရဲ့ အကို့ရဲ့ မျက်နှာမှာ အံ့သြမှုများက အထင်းသားပင်။ထို့နောက်

"မခြောက်နဲ့အကို ကျွန်မက အကိုအရင်ကတွေ့ဖူးတဲ့ ပျော့ညံ့ညံ့ မိန်းကလေးတစ်ယောက်မဟုတ်တော့ဘူး။မြူ့ကိုရော သမီးလေးကိုရော စောင့်ရှောက်နိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်နေပြီအကို"

"အများကြီးပြောင်းလဲသွားတာပဲ ဟေမာန်"

အကိုက ခပ်ရေးရေးပြုံးကာ ဆောင်းကို ပြောသည်။ထို့နောက် ဆောင်းကို လေးနက်သောအသံဖြင့်

"ကိုယ့်ကို ချစ်သေးလားဟေမာန်"

"........"

အကိုက ခတ်ပါသည်။အရမ်းမုန်းမိသွားတဲ့ အချိန်မှ ချစ်လားတဲ့လေ။အရင်ကသာ အကိုမေးခဲ့ရင် အကိုလိုချင်တဲ့ အဖြေကို သေချာပေါက် ဖြေမိမှာပေမဲ့ အခုချိန်မှာတော့ အဖြေက ပြောင်းလဲသွားပြီမို့ အကို မကြားတာပဲ ကောင်းပါတယ်လေ။

"ဟုသားပဲ.....ဟေမာန်ရဲ့ နှလုံးသားထဲမှာ နေရာယူထားတဲ့သူရှိနေပြီပဲ...အင်း......"

လေရှည်ဆွဲလို့အကိုက ကန်ရေပြင်ဘက်လှည့်ကာ ဆံပင်ထဲ လက်ထိုးဖွလို့ ရီလိုက်ပြီး

"တကယ်ချစ်ရင် လက်မလွတ်စေနဲ့တော့ ဟေမာန် ကိုယ့်အပိုင်လို့မသတ်မှတ်ရသေးရင် ဘယ်အရာမှ မတည်မြဲနိုင်ဘူးဟေမာန်"

ဒီတစ်ခါတော့ အကို့ကို ကျွန်မ အံ့သြစွာပင် ကြည့်နေမိသည်။အကိုက ကျွန်မကို လာနှောက်ယှက်တာလို့ ထင်ခဲ့ပေမဲ့...

မြူလွှမ်းတဲ့ဆောင်း  ( COMPLETE )Where stories live. Discover now