Part 13

1.4K 38 0
                                    

ချစ်သဲပို မောင်ရှိနေတဲ့အခန်းထဲ
​ပြေးဝင်သွားတယ်
သီဟကိုကိုရဲ့ဘေးမှာ...
ဦးသူရကိုကို ဒေါ်လမင်းအက္ခရာ
လဝန်းအက္ခရာ အကုန်ရှိနေကြပါပြီ
မိသားတစ်စုလုံး ငိုကြွေးနေကြရပါသည်

" မောင်... သဲရောက်ပြီနော်..

သဲ... မောင့်ရဲ့လက်ကလေးကို ဆုပ်ကိုင်ထား
လိုက်တော့ မောင်က ပြုံးပြီး
သဲ လက်ကလေးကို အားလေးထည့်ပြီး
ပြန်ဆုပ်ကိုင်လာတယ်...

" သဲ... သဲ... သဲ...ကို.... မောင်... ချစ်တယ်နော်
က...လေး.... က လေ... မောင်...တို့
ကလေးလေးကို ဖြစ်... ဖြစ်အောင်
မွေးပေးပါနော်... သဲ... သဲအပေါ်မှာ
မောင် တာဝန်မကျေနိုင်တော့တာ
မောင်.. တောင်းပန်ပါတယ်နော်... သဲ...
ဖြစ်... ဖြစ် နိုင်ရင်လေ....
မောင်... မောင်... မ....ရှိ.... မရှိတော့ရင်....
သဲ.... ကျေး... ကျေး... ဇူး ပြုပြီး...
မ... မ....

" မောင်... ဖြေး..ဖြေး ​ပြောပါ မောင်..ရယ်
သဲ နားထောင်နေတယ်နော်...
မောင်... အားတင်းထားပါနော်...
မေမေ... မောင့်ကို.. ကြည့်ပေးပါဦး
မေမေရဲ့ မေမေက အထူးကုဆရာဝန်ကြီးလေ
မမ... မောင့်ကို ကြည့်ပေးပါဦး....

ဒေါ်လမင်းအက္ခရာ သူ့ရင်ဘတ်သူထုပြီး
ရှိုက်ငိုနေတော့ ဦးသူရကိုကို မိန်းမဖြစ်သူကို
ပခုံးလေးကိုင်လို့ အားပေးရင်း
သူကိုယ်တိုင်ကလည်း မျက်ရည်တွေ
တစ်လိမ့်လိမ့် ကျနေပါတယ်....
လဝန်းအက္ခရာ ကတော့ မောင်ဖြစ်သူနဲ့
သဲ... ကို ကြည့်ပြီး...
အသံမထွက်နိုင်ပဲ ကြိတ်ငိုနေရရှာပါတယ်..

" မ... မမ.... သား....ပြောထားသလို
သား.....ကို ကတိပေးပါတယ်နော်

" သဲ... သဲ.. မောင့်ကို ကတိပေးပါလားဟင်
..... မောင်.,... မောင်... မရှိတော့ရင်....
မ.... မ..... မ....နဲ့... နေ......

သီဟကိုကို စကားပြောနေရင်းတန်းလန်းကို
အသက်ထွက်သွားရှာပါပြီ...

" မောင်.... မောင်.... လို့..... သဲ ဘယ်မှ
မသွားပါဘူး.... မောင်..... သဲပြောတာ
ကြားလား... ကြားလားလို့.....မောင်.... မောင်
မေမေ.. မမ... လုပ်ပါဦး.....
မောင့်ကို ခေါ်လို့မရတော့ဘူး....
မောင့်ကို ခေါ်လို့မရတော့ဘူးလို့...
မမ... မမ... မောင့်ကို ပြန်ခေါ်ပေးပါ
မောင်... က မမကို ချစ်တယ်လေ...
မမခေါ်ရင် ပြန်နိုးလာမှာ မမရဲ့...
မမ.... မောင့်ကို ပြန်ခေါ်ပေးပါ
မမ... နှိုး ပေးပါလို့....
ဟီး....😢.. ဟီ😢.....ဟီး.. 😧

လဝန်းအက္ခရာ... ချစ်သဲပိုကို
ဖက်ထားလိုက်ရင်း သူကိုယ်တိုင်လည်း
ဖြေမဆည်နိုင်တာမို့....
အဲဒီအချိန်မှာပဲ သဲခန္ဓာကိုယ်လေး
ပျော့ခွေလာပြီး မမရင်ခွင်ထဲမှာ
အရုပ်ကြိုးပြတ်.....

" သဲ.... အဲလို ဖြစ်လို့ မရဘူးလေ...
သတိထား.... သတိထာဦးလို့....
သဲ.... သဲ... တို့ ပြောနေတာ ကြားလား.....
မေမေ.... ဖေဖေ လုပ်ပါဦး....
သဲ... ခေါ်လို့မရတော့ဘူး....
ခေါ်လို့ မရတော့ဘူးလို့....

ဒေါ်လမင်းအက္ခရာ ချွေးမဖြစ်သူကို
တွဲခေါ်ရင်..... ဆရာမတစ်ယောက်ကို
လှမ်းခေါ်လိုက်တယ်...
အရေးပေါ်အခန်း ပြင်ပါ
ဒီမှာ မူးလဲသွားလို့...

အခန်းထဲရောက်တော့
အောက်စီဂျင် တန်းပေးရတယ်
သွေးပေါင်ချိန်တယ်....
သဲ.... သတိလည်လာတော့
ပုလင်းကြီး တစ်လုံး ချိတ်ပေးထားရင်း...

"သမီး သမီးပဲ ညီမလေးကို
စောင့်ထားလိုက်နော်

မေမေတို စီစဥ်စရာရှိတာ
စီစဥ်လိုက်ဦးမယ်

" ဟုတ်ကဲ့ပါ မေမေ....

ဒေါ်လမင်းအက္ခရာ သမီးဖြစ်သူကို
မျက်ရည်များနှင့်အတူ
ဖက်ထားလိုက်ရင်း....
အခန်းအပြင် ပြန်ထွက်သွားခဲ့ပါသည်....
..........
..,.......

သံယောဇဉ် ( Gl&Bl&Normal)(Completed)                        Where stories live. Discover now