Part. 17
ခြူးရတီ ကစားလို့ အားရသွားတော့
ချစ်သဲပို ရင်ခွင်ထဲ ပြေးလာခဲ့တယ်
ချစ်သဲပိုကလည်း မီးမီးလေးကို
အလိုက်သင့် ပြန်ဖက်ထားလိုက်ရင်း..." မီးမီးလေး ညစ်ပတ်တယ်နော် ချွေးတွေ
တီတီ့ကို လာဖက်နေတယ်.... ခဏလေး
တီတီသဲ ချွေးသုတ်ပေးမယ်...ချစ်သဲပို အသင့်ပါလာတဲ့ ပဝါလေးနဲ့
မီးမီးလေးကို ညင်သာစွာ ချွေးသုတ်ပေးတော့
မီးမီးလေးက ဇိမ်ခံပြီး ငြိမ်နေလေရဲ့
ချစ်သဲပို အသဲယားလာတာနဲ့ မီးမီးလေးရဲ့
ချွေးသုတ်ထားလို့ ပန်းရောင်သမ်းနေတဲ့
ပါးဖောင်းဖောင်းလေးကို နမ်းလိုက်ရင်း...
နှာခေါင်းလေးရှုံ့လို့" ကဲ ပြီးပြီ နံတူးလေး အိမ်ပြန်ကြစို့
မီးမီးလေးကလည် ချစ်သဲပိုကို ပြန်နမ်းလိုက်ရင်း...
" ဟုတ်ကဲ့ တီတီသဲ...
ဟိုစုံတွဲကတော့ ဘာတွေပြောရင်း
သဘောကျနေကြတယ်မသိ
ပြုံးလို့ရွှင်လို့" တီတီလဝန်း ပြန်ရအောင်လေ...
မီးမီးလေးက လဝန်းအက္ခရာရဲ့
လက်ကလေးကို သွားဆွဲပြီး ချစ်စရာကောင်း
အောင် ချွဲနေပြန်၏..." အွန်း... ဟုတ်ပြီ မီးမီးလေး ပြန်မယ်လေ
ကိုကိုရေ ပြန်ကြစို့...
.......................အိမ်သို့ရောက်သော်...
" ကိုကို ပြန်တော့မယ်နော် လဝန်းလေး..." အင်း အိမ်ထဲမဝင်တော့ဘူးလား ကိုကို
" မဝင်တော့ဘူး လဝန်းလေးရဲ့
အိမ်မှာ ဖွားဖွားစောင့်နေလို့ ပြန်တော့မယ်
နော် ရောက်ရင် ဖုန်း ဆက်လိုက်မယ်.." ဟုတ်ကဲ့ပါ ကိုကို... အိမ်ရောက်ရင်
ဖုန်းဆက်လိုက်ဦးနော် ပြီးတော့
အိမ်ရောက်ရောက်ခြင်း ရေမချိုးနဲ့ဦး
ခဏနားပြီးမှချိုးနော်..." ကောင်းပါပြီဗျာ...
ကိုကို သွားပြီနော်....
သဲနဲ့မီးမီးလေးရေ... သွားပြီနော်
တာ့တာ...." ဟုတ်ကဲ့ဦးဦး တာ့တာ....
.......................
ည....
ထမင်းစားခန်းထဲတွင် ဖြစ်သည်
ချစ်သဲပိုတို့သုံးယောက်ရယ်
ဝင်းဝင်းတို့နှစ်ယောက်ရင်
ငါးယောက်သား ထမင်းဝိုင်းဖွဲ့ စားကြသည်
YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#