အပိုင်း (၁)

15.4K 146 2
                                    

2014, Dec 14 (Sunday)

ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့ မင်္ဂလာဆောင်အခမ်းအနားတခုတွင် ဖြစ်သည်။
မင်္ဂလာလက်ဖွဲ့များကို နာမည်စာရင်းစာအုပ်‌တွင် ရေးရင်း အလုပ်ရှုပ်နေသော (18)နှစ်အရွယ် မိန်းမပျိုလေး မေသက်လျာ နဲ့ ခင်ခင်ခ တို့ သူငယ်ချင်းနှစ်ယောက် ပွဲမှာ ကျွေးထားတဲ့ ဒံပေါက်နဲ့ ရေခဲမုန့်ခွက်ကို ဘေးချရင်း စကားပြောလိုက် နာမည်စာရင်း မှတ်လိုက် လုပ်နေရသည်။

"ဟင်! သူ..."
မေသက်လျာဆီမှ အာမေဋိတ်သံကြောင့် ခင်ခင်ခ ပါ အလန့်တကြား ကြည့်မိသွားသည်။

"ဪ ဘယ်သူများလဲလို့ မြတ်သူရ ပဲ " ခင့်ဆီမှ ပြုံးစစ မျက်လုံးများဖြင့် မေ့ကို ကြည့်ကာ စကားဆိုလာသည်။

ပြုံးတုံ့တုံ့ မျက်နှာဘေးနဲ့ အဖြူရောင်ရှပ်အကျီလက်ရှည်၊ အစိမ်းရင့်ရောင် ပုဆိုးကွက်စိပ်၊ ကတ္တီပါဖိနပ် စီးကာ လက်တဖက်က လက်ဆောင်ထုပ်ကိုင်၍ တဖက်က walletအပါးလေး ကိုင်ကာ မေ နဲ့ ခင်တို့ရှိရာဆီ ခြေတလှမ်းချင်း တည်ငြိမ်စွာ လမ်းလျှောက်လာသူကတော့ မြတ်သူရ ဟုခေါ်သော မေ့ရဲ့ အချစ်ဦး ပင်တည်း။

"ဟဲ့ မြတ်သူ နင်ဘယ်လိုဖြစ်ပီး ဒီပွဲကို ရောက်လာတာလဲ"  ခင်လေးက မြတ်သူကို မေးလိုက်သည်။

"အေး ငါ ဖိတ်စာရလို့ လာတာဟ" ဆိုပီး ခင်လေးရဲ့ မေးခွန်းကို ဖြေလိုက်ပေမဲ့ မြတ်သူရဲ့ မျက်ဝန်းတို့ကတော့ အပြာရင့်ရောင်ချိတ်လုံချည် ဝမ်းဆက်လေး ဝတ်ကာ ကျောလယ်ခန့်ရှည်သော ဆံပင်တို့ကို တဝက်စည်းနှောင်ထားပီး ပုံ့ပုံ့လေး ထိုင်နေသော မေ‌သက်လျာ ခေါ် မေလေး ဆီမှာသာ အကြည့်တွေက ရောက်နေခဲ့သည်။

"မတွေ့တာကြာပီနော် မေလေး"
"အင်း ဟုတ်တယ် မြတ်သူရ မတွေ့တာကြာပီနော်" ဟု ရှက်ဝဲဝဲ မျက်နှာလေးနဲ့ မေလေး နှုတ်ဆက်လိုက်မိသည်။ မေလေး ရင်တွေခုန်နေတာ မေလေးပဲသိသည်။ "သူကလည်း ဘာလို့ အရမ်းစိုက်ကြည့်နေရတာလဲကွယ်.. သူများအနေရခက်အောင်လို့.. ဟွန့်" မေလေး ကိုယ့်အတွေးနဲ့ကို မျက်လွှာချပီး နာမည်စာရင်း ဆက်ရေးနေလိုက်သည်။ လက်ကလေးတွေ မသိမသာ တုန်နေတာကိုတော့ ဘေးနားက ခင်လေး သိမည်မထင် ။

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now