အပိုင်း (၉)

3.8K 65 1
                                    

မေသက်လျာတို့ လေးယောက်သား ဘုရားဈေးတန်းထဲက ဆိုင်တဆိုင်တွင် ထမင်းဟင်း ဝယ်စားလိုက်ကြပီး ကျီးကန်းပါးစပ်ဂူကို ခရီးဆက်ကြ‌လေသည်။ ကျိုက်ထီးရိုးဘုရားကနေ ကျီးပါးစပ်ဂူကို တောက်လျှောက်ဆင်းရတာဖြစ်သောကြောင့် သွားရတာ မမောပန်းဘဲ အဆင်ပြေလှသည်။
ကျီးပါးစပ်ဂူကို ရောက်တော့ လူအများအပြားက အကြွေစေ့များ ဝယ်ကာ ကျီးပါးစပ် ပုံသဏ္ဍာန် ပေါ်နေသော ကျောက်တုံးကြီး နှစ်တုံးဆင့် ကြားထဲသို့ ဆုတောင်းကာ အကြွေစေ့များကို ပစ်ထည့်နေကြသည်။ ဝင်တာလည်း ရှိသလို မဝင်တာလည်း ရှိလေ၏။

"မေလေး ငါတို့ အကြွေစေ့ ပစ်ကြရအောင်"
"အင်း သူငယ်ချင်း" ဟုဆိုကာ မေလေးတို့ သူငယ်ချင်းနှစ်ယောက် အကြွေစေ့ရောင်းတဲ့နေရာလေးဆီမှာ အကြွေစေ့ ဝယ်ကြလေသည်။ ဝယ်လာသော အကြွေစေ့များကို မြတ်သူရနဲ့ ကိုကောင်းစည်သူကိုပါ ခွဲဝေပေးလိုက်လေသည်။
မေလေး အကြွေစေ့လေး ကိုင်ကာ ဆုတောင်းပီး ပစ်ထည့်လိုက်လေသည်။
ပထမဆုတောင်းက "ဖေဖေနဲ့မေမေ ကျန်းမာရေးကောင်းပါစေ" လို့ ဆုတောင်းပီး ပစ်ထည့်လိုက်တော့ အကြွေစေ့လေးက တန်းဝင်သွားသည်။ အကြွေစေ့လေးက ကျီးပါးစပ်ထဲ ဝင်သွားရင် ဆုတောင်းပြည့်တယ်လို့ အဆိုစမှတ် ရှိသည်လေ။
ဒုတိယဆုတောင်းက အလုပ်မှာ ရာထူးမြန်မြန်တိုးပီး လစာတွေလည်း အများကြီး ရလာပါစေ လို့ ဆုတောင်းပီး အကြွေစေ့လေးကို ပစ်လိုက်တော့ အကြွေစေ့လေးက မဝင်ဘဲ ဘေးကို ချော်ထွက်သွားလေသည်။ မေလေး နောက်ဆုံး ဆုတောင်းကိုတော့ မြတ်သူရတယောက် မေလေးရဲ့ အချစ်တွေကို မြင်နိုင်ပါစေ လို့ ဆုတောင်းကာ အကြွေစေ့ကို ပစ်လိုက်တော့ လုံးဝကို တန်းတန်းမတ်မတ်ကြီး ဝင်သွားလေသည်။ ဆုတောင်းတကယ်ပြည့်တာ မပြည့်တာက နောက်ကိစ္စ။ အရင်ဆုံးတော့ ဆုတောင်းပြည့်နိုင်သည်ဆိုတဲ့အတွေးနဲ့ပင် မေသက်လျာ ပျော်မိပါသည်။

"မေသက်လျာ နင်ဘာတွေ ဆုတောင်းလဲ"
"ဆုတောင်းက မပြောပြရဘူးတဲ့ ပြောပြရင် မပြည့်ဘူးလို့ ကြားဖူးတယ် နင်ရော ဘာဆုတောင်းလဲ မြတ်သူရ"
"နင်ပြောသလိုပဲပေါ့ ဆုတောင်းက မပြောပြရဘူးဆို ငါလည်း မပြောတော့ဘူး"
"အေးပါ အေးပါ" ဟုဆိုပီး နှစ်ယောက်သား တယောက်မျက်နှာ တယောက် ကြည့်ကာ ရီမိကြတော့သည်။

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now