အပိုင်း (၁၆)

4.7K 60 0
                                    

မြက်ခင်းစိမ်းလေးတွေနဲ့ ရေတံခွန်သေးသေးလေးရယ် ပြီးတော့ ချစ်စရာ ဒါန်းလေး တခု ရှိနေတဲ့ ခြံဝန်းလေးက နေချင်စရာကောင်းအောင် ဆွဲဆောင်နေပေမဲ့ မေသက်လျာကတော့ မေမေ့ဆီကိုသာ ပြန်ချင်စိတ်ဖြစ်နေ၏။ မေမေ သမီးကို ဘယ်လောက်တောင် စိတ်ပူ‌ေ‌နပီလဲ မသိ။

"ကဲ လာ အိမ်ထဲ ဝင်ဦး"

"ဟင့်အင်း ငါ မဝင်ချင်ဘူး ငါ့ကို ပြန်ပို့ပေးပါ မြတ်သူရရယ်"

"လာပါဆို ငါနင့်ကို ကိုက်လည်းမစားဘူး ငါအကြောင်းစုံ ရှင်းပြချင်လို့ပါဟာ"

မေလေး မနက်စောစော ဘေးပတ်ဝန်းကျင်ကို အားနာတာက တကြောင်း၊ မြတ်သူရ ပြောမယ့်အကြောင်းအရာတွေကို သိချင်တာက‌ တကြောင်းမို့ သူခေါ်ရာနောက် လိုက်လာခဲ့လေသည်။

"လာထိုင်ပါဦး မေလေး နင် ဘာသောက်မလဲ မနက်စာလည်း မစားရသေးဘူးဆိုတော့ ဘာစားမလဲ ငါ သွားဝယ်ပေးမယ်လေ"

"နင် ပေါက်ကရတွေ ခနထားပီး ငါ့ကို ပြောမယ်ဆိုတာ မြန်မြန်ပြော ပီးရင် ငါ့ကို ပြန်ပို့ပေး"

"မေလေးရယ် ငါ့ကို အမြဲအလျှော‌့ပေးကြင်နာတတ်တဲ့နင် ဘယ်ရောက်သွားတာလဲ ငါ့ကို အဲ့လို အကြည့်စိမ်းနဲ့ မကြည့်ပါနဲ့ကွာ နော်"

"......."

"ကဲ နင် ဘာမှမစားချင်လည်း ကွေကာအုပ်တော့ သောက်နော် ငါဖျော်ပေးမယ်"

မေသက်လျာ စကားပြန်မပြောဘဲ အံကြိတ်ပီးတော့ သူ့ကို စိုက်ကြည့်နေမိသည်။ ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာပဲ သိချင်စိတ်များနေတော့သည်။ သူ မီးဖိုချောင်ဘက်ကို ဝင်သွားတော့ မေလေး လိုက်ဝင်သွားသည်။ သူက ရေနွေးတည်ကာ ကွေကာအုပ်ဖျော်ပေးပီး မေလေးရှေ့က်ု ပို့ပေးသည်။

"ကဲ ပြော နင် ဘယ်က စပီး သိချင်လဲ"

".နင်...."

"နေဦး တခါမေးရင် တခွန်းပဲနော် မေးခွန်း အများကြီးဆို ငါ မဖြေတတ်ဘူး"

မေလေး မပြောခင် ဖြတ်ပြောလိုက်သောကြောင့် မေလေး ပြောမယ့်စကားတို့ တန့်သွားရသည်။

"နင်ဘာလို့ ငါ့ကို ဒီကို ခေါ်လာတာလဲ"

"ဪ ပြောပီးပီလေ ငါ နင့်ကို ခိုးပြေးလာတာပါဆို"

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now