အပိုင်း (၁၂)

3.9K 61 1
                                    

မြတ်သူရ တယောက် ဖေဖေ့ကိုနှုတ်ဆက်ပီး ကိုယ့်အခန်းထဲကို လေးကန်သော ခြေလှမ်းများဖြင့် ဝင်လာခဲ့သည်။ ခရီးဆောင်အိတ်ကို ကုတင်ခြေရင်းမှာ ချထားလိုက်ပီး မွေ့ရာပေါ် ပစ်လှဲလိုက်တော့သည်။

"ဟူးးးး"
လေပူများသာ ထွက်သော သက်ပြင်းမောကြီးကို ချပီး ဘာကိုဆုံးဖြတ်ရမလဲဆိုတာကို သေချာတွေးနေမိတော့သည်။ မေသက်လျာကို သဘောကျမိသည် ဆိုပေမဲ့ ချက်ချင်းကြီး လက်ထပ်ဖို့အထိတော့ သူအဆင်သင့်မဖြစ်သေးပေ။ မေသက်လျာ သူ့ကို သဘောကျနေတာကိုလည်း ရိပ်မိပါသည်။ ဒါပေမဲ့ ဖေဖေ့ဆန္ဒကိုလည်း မငြင်းဆန်ချင်ပေ။

မေမေဆုံးပီးနောက်ပိုင်း ဖေဖေက သူ့ဘဝအတွက်အရာရာ ဖြစ်ခဲ့သည် မဟုတ်ပါလား။ အခုလို ဖေဖေ နေမကောင်းဖြစ်နေချိန်မှာ မြတ်သူရ ဖေဖေ့ကို စိတ်မဆင်းရဲစေချင်ပါ။ မတတ်နိုင်ဘူး မေသက်လျာရယ် နင်နဲ့ငါက ရေစက်မပါဘူး ထင်ပါရဲ့ဟာ.....

တပတ်ခန့်ကြာသော်.....

"ခင်လေး မြတ်သူရ အကြောင်း မကြားမိဘူးလားဟင်"
မေလေးက စိတ်ပူသော လေသံဖြင့် ‌ခင်ခင်ခကို မေးလိုက်သည်။

"ဘာလို့လဲ မေလေး သူနဲ့ငါ စကားတော့ သိပ်မပြောဖြစ်ဘူး နင်နဲ့က ‌ပိုပြောဖြစ်တာ မလား"

"ဟုတ်တော့ ဟုတ်ပါတယ် သူနဲ့က Facebook messenger မှာ နေ့တိုင်းနီးပါး စကားပြောဖြစ်ပေမဲ့ အခု ရုတ်တရက်ကြီး online မတက်တာ 3ရက်လောက်ရှိပီ"

"ဟုတ်လား ငါ သတိတောင်မထားမိဘူး နင် စိတ်ပူနေရင် သူ့ကို ဖုန်းဆက်လိုက်လေ"

"ဖုန်းတော့ မဆက်ချင်ပါဘူးဟာ တော်ကြာ သူ့ကောင်မလေးတွေနဲ့စကားပြောနေရလို့ ဖုန်းမအားရင် ငါပဲ စိတ်မကောင်းဖြစ်ရဦးမှာဟ"

"ဪ တော်တော်အရူးရင့်နေတာပါလားနော်"

"နင်အားရင်လေ သူ့ကို ဆက်သွယ်ပီး မေးကြည့်ပေးပါလားနော်"

"အေးပါ ငါ မေးထားပေးမယ်"
ဟု ပြောကာ ခင်ခင်ခက မေသက်လျာကို မျက်စောင်းထိုးကြည့်လေသည်။ မေသက်လျာကလည်း အကူအညီတောင်းသည့်အကြည့်လေးနဲ့ ပြန်ကြည့်ပေးလိုက်သည်။ အပူကပ်စရာ ဒီသူငယ်ချင်းတယောက်ပဲ ရှိသည်မဟုတ်ပါလား။

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now