အပိုင်း (၃)

4.7K 78 5
                                    

"ကို ချစ်တို့ အပြင်ထွက်လည်ကြရအောင်"
"အင်... အင်း တရက်သွားလည်မယ်လေ"

မတင်မကျ သူ့အဖြေကြောင့် မေလေး မျက်မှောင်ကြုံ့မိသွားသည်။  မြတ်သူ တခုခုတော့ ဖြစ်နေသလိုပင်။ မေလေးဆီက အဖြေရပီးကတည်းက သူ့ပုံစံက မေလေးအပေါ် တမျိုးဖြစ်နေသည်။ အေးစက်သလိုလို တခါတခါကျတော့လည်း ချစ်သလိုလို ခံစားရသည်။ အဲ့မတင်မကျ စိတ်ကြီးက သူနဲ့မေလေး ချစ်သူ စဖြစ်ကတည်းက ဖြစ်နေသည်။

"ကို ဘာဖြစ်နေတာလဲဟင်"

နှစ်ယောက်သား ဖုန်းပြောနေသော်လည်း ကိုက စိတ်မပါသလိုလိုကြီး ပြောနေတော့ မေလေး တကယ်ဝမ်းနည်းလာမိသည်။

"အင်.. ဘာမှမဖြစ်ပါဘူး ချစ်ရဲ့ ကို ကျောင်းစာတွေ ခက်လို့ ခေါင်းရှုပ်နေလို့ပါ"

"အင်းပါ.....ဘာမှမဖြစ်လည်း ပီးတာပါပဲ ကိုရယ်"

"အင်းပါ...ကို ချစ်ကိုအရမ်းချစ်တယ်နော်....ဖုန်းချလိုက်တော့မယ် ဒါပဲနော် တာ့တာ"

"တာ့တာ... အာဘွား မွမွ"

သူစိတ်ချမ်းသာအောင် မေလေး ချစ်တယ်ဘာညာ ပြောနေရပေမဲ့ စိတ်ထဲတွင်တော့ ခဲလုံးတခု ရှိနေသလို လေးလံနေသည်။

"ယောကျာ်းတွေက မရခင် ဖျာလိုလိပ် ထိပ်ပေါ်တင်၊ ရပီးရင်တော့ ဖျာလိုခင်းပီး ခြေနဲ့ နင်းချင်ကြတယ်" တဲ့။ ကို ရော မေလေးအပေါ်မှာ အဲ့လိုဖြစ်နေတာလားဟင်။ အတွေးနဲ့တင် မေလေး ဝမ်းနည်းလာမိသည်။ "မဟုတ်နိုင်ပါဘူး ကိုက ငါ့ကို တကယ်မချစ်ဘဲ အဖြေမတောင်းလောက်ပါဘူး မဟုတ်ရင် သူငယ်ချင်းသံယောဇဉ် ပျက်ကုန်မှာပေါ့လေ" ဆိုတဲ့ ဖြေသိမ့်တွေးလေးနဲ့ပဲ မေလေး ရှေ့ရေးကို တွေးပီး  သက်ပြင်းချမိပြန်သည်။
............................................
....................

ဒီနေ့တော့ မေလေး အရမ်းပျော်ပါသည်။ ကိုနဲ့ မေလေး အတူလျှောက်လည်ရမယ့် နေ့လေး မို့လို့ပေါ့။ မေလေး မြန်မာဝတ်စုံ လှ‌လှလေး တစုံကို ရွေးဝတ်လိုက်သည်။ အစိမ်းရောင် ချည်သားဝမ်းဆက်လေးက ခန္ဓာကိုယ် ပြည့်ပြည့်လေးဖြစ်တဲ့ မေလေးနဲ့တော့ တကယ်လိုက်ဖက်ပါသည်။ မိတ်ကပ်ပါးပါးလေးလူးကာ နှုတ်ခမ်းနီလေး ဆိုပီး ပြုံးကြည့်လိုက်တော့ ရှေ့က ကိုယ်လုံးပေါ် မှန်ထဲမှာ ‌‌ပါး‌မို့မို့လေးနဲ့ မေးနှစ်ခွလေး ထင်းပီး ပြုံးကြည့်နေတဲ့ မိန်းမပျိုလေး တယောက်ကို တွေ့လိုက်ရသည်။

အချစ်ဦး (သို့) တိတ်တခိုးချစ်ရပါသော မောင်Where stories live. Discover now